ဆက်ဆံရေးအဆုံးသတ်တော့မယ်ဆိုတာကိုပြနေတဲ့ အပြုအမူများ
mmload.com
|
2023-10-19
ဆက်ဆံရေးတစ်ခုအဆုံးသတ်ရတော့မယ့်အချိန်မှာဆိုရင် နှစ်ဖက်လုံးကဒီဆက်ဆံရေးကိုအလိုမရှိတော့ကြောင်း ပါးစပ်ကနေထုတ်မပြောပေမဲ့ အပြုအမူတွေကနေတစ်ဆင့်ပြသလေ့ရှိပါတယ်။ ပုံမှန်လည်းလူတွေရဲ့အမူအကျင့်ဟာပြောင်းလဲတတ်ပေမဲ့ ဆက်ဆံရေးကိုအဆုံးသတ်ချင်တဲ့သူတွေကတော့ ပုံမှန်ထက်ပိုပြီးတော့ထင်ရှားတဲ့အပြုအမူတွေပြတတ်ကြပါတယ်။
အရင်ကထက်ကိုယ့်အပေါ်ကိုပိုရန်လိုတတ်လာတာနှင့် လုပ်နေကျအလုပ်တွေကိုတောင်အပိုအလုပ်တွေဆိုပြီးမြင်လာတာမျိုးပါ။ ပြီးတော့ ဖောက်ပြန်တဲ့အပြုအမူတွေ အထူးသဖြင့် သူ့ရဲ့ကိုယ်ပိုင်ဖုန်းနှင့် စာတွေကိုလုံးဝအထိမခံဖြစ်လာပြီးတော့ ကိုယ်ရေးကိုယ်တာချိုးဖောက်တဲ့သူအဖြစ်စွပ်စွဲတာမျိုးတွေကလည်း ဆက်ဆံရေးအဆုံးသတ်ချင်နေပြီဖြစ်ကြောင်းဖော်ပြနေတာပါ။
ကိုယ်မကြိုက်ဘူးလို့ပြောထားတဲ့အပြုအမူတွေကို အရင်ကသတိထားပေးသလောက် သတိမထားတော့ဘဲပေါ်တင်လုပ်နေပြီး သူ့ရဲ့လွတ်လပ်ပိုင်ခွင့်ကိုချိုးဖောက်နေတဲ့သူလိုမျိုး ကိုယ့်ကိုပြောဆိုနေပြီဆိုရင်တော့ ဆက်ဆံရေးကိုအမြန်အဆုံးသတ်လိုက်ပါ။ သူ့ဆီမှာ တစ်ခြားကောင်မလေးရှိနေတာဖြစ်နိုင်သလို ကိုယ့်ကိုစိတ်ပျက်သွားတာကိုအပြုအမူတွေကနေဖော်ပြနေတာဖြစ်တာကြောင့် အဲ့လိုလူဆီမှာတွယ်ကပ်မနေဘဲ လွတ်လွတ်လပ်လပ်ဖြစ်သွားအောင်ရုန်းထွက်ခဲ့ရပါမယ်။
#ကောင်မလေး
#အမူအကျင့်
#အပြုအမူ
#ဖောက်ပြန်
#ဆက်ဆံရေး
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်