Toxic ဖြစ်နေတဲ့မိသားစုနှင့်ဆက်ဆံနည်း
mmload.com
|
2023-11-19

မိသားစုဆိုတာ ကမ္ဘာပေါ်မှာအကောင်းဆုံးလို့သတ်မှတ်ကြပေမဲ့ တစ်ချို့မိသားစုတွေကတော့ Toxic ဆန်လွန်းပြီးဒုက္ခပေးတတ်ကြတာရှိပါတယ်။ ဒီလို Toxic ဖြစ်နေတဲ့မိသားစုကြားမှာ ကိုယ်ရောက်နေတယ်ဆိုရင် အတတ်နိုင်ဆုံးဘယ်လိုဆက်ဆံရမယ်ဆိုတာကိုဖော်ပြပါမယ်။


(၁) သူတို့ရဲ့အနိုင်ကျင့်မှုတွေကိုသည်းခံမနေပါနဲ့။ Toxic ဖြစ်တဲ့သူတွေဟာတစ်ခြားသူတွေကို ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာနှစ်ခုလုံးမှာအနိုင်ကျင့်ကြလေ့ရှိပါတယ်။ ဒီလိုအနိုင်ကျင့်မှုကိုသည်းခံပေးလိုက်ရင် နောက်ထပ်လုပ်ဖို့ဝန်မလေးတတ်တာကြောင့် သည်းခံနေဖို့မလိုအပ်ပါဘူး။


(၂) ကိုယ်အဆင်မပြေတဲ့အရာတစ်ခုခုကိုသူတို့လုပ်ခဲ့ရင် တိုက်ရိုက်ဖွင့်ပြောပြီးမကြိုက်ကြောင်းကိုပြောလိုက်ပါ။ ဒီလိုပြောခြင်းအားဖြင့် အနည်းအကျဥ်းဆင်ခြင်သွားနိုင်ကြပါလိမ့်မယ်။

(၃) သူတို့လုပ်တဲ့ပြဿနာနှင့်အခြေအနေတွေရဲ့ နောက်ဆက်တွဲရလာဒ်တွေကို သူတို့ကိုယ်တိုင်သိအောင်ပြောပြပေးသင့်ပါတယ်။


(၄) မိသားစုက Toxic ဆန်နေတဲ့အချိန်ဆိုရင် အပြင်ဖက်ဘဝကကောင်းမွန်တဲ့မိတ်ဆွေတွေနှင့်တွေ့ပြီးတော့ သူတို့ဆီကနေ အကောင်းမြင်စိတ်တွေကိုလက်ခံပြီး ကိုယ်တိုင်လည်းအကောင်းမြင်စိတ်တွေရှိနေအောင်ကြိုးစားပါ။


(၅) ဒါ့အပြင် မိသားစုဆိုတဲ့အကြောင်းပြချက်နှင့် သူတို့လုပ်ခဲ့တဲ့မကောင်းတဲ့အရာတွေကိုခွင့်လွှတ်နိုင်ပေမဲ့  မမေ့ပစ်သင့်ပါဘူး။ အမြဲသတိရနေပြီး သူတို့လုပ်တဲ့ပြဿနာတွေထဲ ထပ်ပြီးမပါဝင်မိအောင်သတိထားတတ်ဖို့လိုအပ်ပါတယ်။






Some text some message..