တစ်ဦးကိုတစ်ဦး တကယ်ချစ်ကြတဲ့ ချစ်သူစုံတွဲတွေမှာ သေချာပေါက်တွေ့ရတဲ့ အချက်များ
mystylemyanmar.com
|
2023-11-19

လူတစ်ယောက်နဲ့ တစ်ယောက် တကယ်ချစ်တယ်ဆိုတာကို ဘယ်လိုပေတံမျိုးနဲ့ တိုင်းတာလဲဆိုတာတော့ အတိအကျ မသိနိုင်ပါဘူး။ ဒါပေမယ့် တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်ကြတဲ့ ချစ်သူ စုံတွဲတွေမှာတော့ အခုပြောပြမယ့် အချက်လေးတွေ သေချာပေါက် တွေ့ရတတ်ပါတယ်။

(၁) ဦးစားပေးတယ်


အချစ်ရေးတစ်ခု ရေရှည်တည်တံ့စေတဲ့ အရေးကြီးဆုံး အရာတွေထဲကတစ်ခုကတော့ တစ်ယောက်ကိုတစ်ယောက် အလေးထား ဆက်ဆံမှုပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုအပြည့်ရှိတဲ့ အချစ်ဖြစ်ဖို့ဆိုတာ အချိန် ၊ ဒုက္ခဆင်းရဲတွေနဲ့အခြေအနေအမျိုးမျိုး ဖြတ်ကျော်ပြီးမှ ရလာတဲ့ အရာပါ။ တကယ်ချစ်တယ်ဆိုရင် ဘယ်သူကပိုပြီး အနစ်နာခံပေးဆပ်ရမယ် ဆိုတာထက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ဦးစားပေးဆက်ဆံကြတာ ဖြစ်ပါတယ်။

(၂) ဂရုစိုက်ကြတယ်


လေးလေးနက်နက် ချစ်ကြတဲ့ ချစ်သူစုံတွဲတွေဟာ တစ်ယောက်အပေါ် တစ်ယောက် တကယ် အလေးထားဂရုစိုက်ကြပါတယ်။ မျက်နှာအမူအယာလေး ပြောင်းတာကနေစလို့ အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ကြတာမျိုး ဖြစ်ပါတယ်။ ကိုယ့်ချစ်သူရဲ့ ခံစားချက်ကို သိရဖို့အမြဲ လမ်းဖွင့်ပေးထားသလို နှစ်ဦးအကြားက ဆက်ဆံရေးမှာ အဖုအထစ်ဖြစ်မယ့်အရာတွေကိုလည်း ချက်ချင်း ရှင်းပါတယ်။

(၃) ပျော်ရွှင်ကြတယ်


အချစ်ကြောင့် သက်သက်တော့ အမြဲတမ်း ပျော်နိုင်ဖို့ မလွယ်ပါဘူး။ တစ်ယောက်ပေါ် တစ်ယောက် လေးစားမြတ်နိုးပြီး သစ္စာနဲ့သံယောဇဉ်မြဲတဲ့ စုံတွဲတွေကတော့ သူတို့ရတဲ့ ဘဝအတွက် ကျေနပ်ပျော်ရွှင်ကြပါတယ်။ သူတို့အတွက် ဒီလိုအချစ်မျိုး ရတာကို ဂုဏ်ယူနေသလို ကံကောင်းတယ်လို့လည်း အမြဲခံယူထားကြသူတွေ ဖြစ်ပါတယ်။

(၄) ရင်ဆိုင်ရဲတယ်


လူတစ်ယောက်ကို တကယ်ချစ်လာပြီဆိုရင် သူနဲ့ပတ်သက်တဲ့ အဆိုးအကောင်းတွေအပြင် ကြုံလာတဲ့ အခက်အခဲအားလုံးကိုပါ ရင်ဆိုင်ဖြေရှင်းပေးဖို့သတ္တိတွေ ၊ ခွန်အားတွေရှိလာပါတယ်။ အဆိုးဆုံး အချိန်တွေမှာလည်း အနားက မခွာဘဲ အမြဲ အားပေးတတ်ကြပါတယ်။




Some text some message..