အိမ်မှာ ပန်းတွေထိုးတဲ့အခါ ကြာရှည်အထားခံအောင် ထိန်းသိမ်းနည်းများ
mystylemyanmar.com
|
2023-11-28

အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဘုရားပန်းတင်တဲ့အခါမှာပဲဖြစ်ဖြစ် ၊ စားပွဲပေါ်မှာ ပန်းထိုးထားတဲ့အခါမှာပဲဖြစ်ဖြစ် ပန်းလေးတွေကို ပုံမှန်ထက် ကြာရှည်ခံအောင် ဘယ်လိုထားရမလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်နော်။

၁။ ရေခဲရေ



အရင်ဆုံး ပန်းကိုရေထည့်ထားတဲ့ ခွက်ထဲထည့်လိုက်ပါ။ ပြီးရင် ရေခဲသေတ္တာထဲ ခဏထားပြီးရေအေးတဲ့အထိ ထားပါ။

၂။ Aspirin ဆေး ရေ


ရေ ၂ ခွက် Aspirin ဆေး ၁ လုံးထည့်ပြီး ရောလိုက်ပါ။ ပြီးရင် ပန်းထိုးထားပေးလိုက်ရုံပါပဲ။


၃။ ငွေပြား



ရေထဲကို ငွေပြားကိုထည့်လိုက်ပြီး ပန်းထိုးထားပေးလိုက်ပါ။

၄။ သံပယိုရည်


ရေ ၂ ခွက်၊ သံပယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းရောလိုက်ပြီး မွေလိုက်ပါ။ ပြီးရင် ပန်းထိုးထားပေးလိုက်ပါ။

၅။ သကြားနဲ့ ဆားရေ


ရေထဲကို သကြား အနည်းငယ်၊ ဆားအနည်းငယ် ရောလိုက်ပြီး မွေပေးလိုက်ပါ။ ပြီးရင် ပန်းထိုးထားပေးလိုက်ပါ။


Source: www.fabhow.com

By: MyStyle Myanmar




Some text some message..