
(၁) တစ်ကယ်ချစ်မိနေတဲ့အမျိုးသားတွေဟာ တစ်ဖက်ပါတနာရဲ့ရုပ်ရည်သွင်ပြင်တွေကိုဂရုမစိုက်ကြပါဘူး။ ပါတနာဖြစ်သူရဲ့ပုံစံအမှန်နှင့်ဖြစ်တည်မှုအစစ်ကိုပဲ သဘောကျပေးကြတာပါ။ ဒါ့အပြင် တစ်ဖက်လူရဲ့မပြည့်စုံမှုတွေကိုအပြစ်တစ်ခုလိုမမြင်ဘဲ သဘောကျပေးတတ်တဲ့သူတွေဖြစ်ပါတယ်။

(၂) ပါတနာဖြစ်သူက သန်မာနေရင်တောင်မှ ကာကွယ်ပေးချင်စိတ်တွေရှိတတ်ကြပါတယ်။ အတူတူရှိနေတဲ့အချိန်မှာတင်မကဘဲ ကျန်တဲ့အချိန်တွေမှာပါ ကိုယ့်ရဲ့ပါတနာကိုဘယ်လိုကာကွယ်ပေးရမလဲတွေးနေတတ်တဲ့သူတွေပါ။
(၃) တစ်ဖက်လူရဲ့ကိုယ်ပိုင်အထင်အမြင်နှင့် အတွေးအခေါ်တွေကိုလည်း လေးစားပေးတတ်ကြပါတယ်။ ဆက်ဆံရေးပြဿနာတစ်ခုခုကိုဖြေရှင်းတဲ့အချိန် ကိုယ့်အမြင်ကိုပဲအဓိကမထားဘဲ တစ်ဖက်လူကိုလေးလေးစားစားပါဝင်ဖို့ခေါ်ပေးတတ်တဲ့သူတွေပါ။

(၄) ပါတနာကိုအချိန်ပေးဖို့ကိုလည်း မမေ့တတ်ကြတဲ့သူတွေပါ။ သူတို့ဆီမှာအရေးကြီးကိစ္စတွေရှိနေရင်တောင် တစ်ဖက်လူတစ်ခုခုဖြစ်ရင် မရောက်ရောက်အောင်လာပေးတတ်တဲ့သူတွေဖြစ်ပါတယ်။
(၅) ဆက်ဆံရေးတစ်ခုမှာအရေးကြီးဆုံးဖြစ်တဲ့ ယုံကြည်မှုကိုလည်း သေချာပေးတတ်တဲ့သူတွေပါ။ တစ်ကယ်ချစ်မိနေတာကြောင့် တစ်ဖက်လူကိုထိန်းချုပ်ဖို့ထက် အတူတူယုံကြည်မှုတည်ဆောက်ကြမယ်ဆိုတဲ့ စိတ်သဘောထားရှိတဲ့သူတွေဖြစ်ပါတယ်။