
စိတ်ပိုင်းဆိုင်ရာအရ ပိုရင့်ကျက်ပြီးပိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်လာဖို့ဆိုရင် ကိုယ်တိုင်အတွက်တင်မကဘဲ တစ်ခြားသူတွေအတွက်ပါတွေးခေါ်ပေးတတ်ဖို့လိုအပ်ပါတယ်။ သူတစ်ပါးအတွက်တွေးပေးတတ်ခြင်းဟာ ရင့်ကျက်တဲ့သူတွေပဲပြုမူတဲ့အလေ့အကျင့်ပါ။ ပြဿနာတစ်ခုနှင့်ကြုံတွေ့လာရပြီဆိုရင် အရင်ဆုံးစိတ်အေးလက်အေးဖြစ်အောင်နေတတ်တာကလည်းပဲ ရင့်ကျက်တဲ့သူဖြစ်လာဖို့လိုအပ်တဲ့အပြုအမူတစ်ခုပါပဲ။

ကိုယ်လုပ်ခဲ့တဲ့အပြုအမူနှင့်လုပ်ရပ်တွေအတွက် တာဝန်ယူတတ်ခြင်းကလည်းအသိစိတ်ရင့်ကျက်လာတဲ့လူတွေမှာပဲတွေ့နိုင်တဲ့အလေ့အကျင့်ပါ။ ငြင်းခုန်မှုတွေကို အရင်ကလိုစိတ်ဝင်တစားမလုပ်တော့ဘဲအရာရာကိုငြိမ်းချမ်းတဲ့နည်းလမ်းနှင့်ဖြေရှင်းနိုင်ဖို့ကြိုးစားလာခြင်းကလည်းပဲ ရင့်ကျက်လာတဲ့အပြုအမူပါ။

ကိုယ့်ရဲ့စကားလုံးတွေကိုပိုရွေးချယ်လာပြီး နေရာတိုင်းမှာ ယဥ်ကျေးစွာနေထိုင်တတ်လာခြင်းကလည်း ရင့်ကျက်လာတဲ့အသွင်အပြင်တွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ရင့်ကျက်လာတဲ့သူတွေဟာ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုပိုရှိလာကြပြီးတော့ နေ့စဥ်ဘဝဆက်ဆံရတဲ့သူတွေကိုပိုပြီးရွေးချယ်တတ်လာကြပါတယ်။