
(၁) ယုံကြည်မှုရှိခြင်း
ယုံကြည်မှုအပြည့်ရှိနေတဲ့အမျိုးသမီးတွေဟာ အမျိုးသားတွေအတွက်ဆွဲဆောင်မှုပြည့်နေတဲ့အမျိုးသမီးလိုပါပဲ။
(၂) ဖော်ရွေခြင်း
ဖော်ရွေတတ်ပြီးတော့ လူတွေနှင့်ဆက်ဆံရေးအဆင်ပြေတဲ့ကိုယ်ရည်ကိုယ်သွေးရှိတာကလည်းပဲ သဘောကျစရာကောင်းတဲ့အချက်ဖြစ်ပါတယ်။

(၃) ရင့်ကျက်မှု
အမှီအခိုကင်းပြီးတော့ ရင့်ကျက်တဲ့အမျိုးသမီးတွေဟာ အမျိုးသားတွေသဘောကျတတ်တဲ့ကိုယ်ရည်ကိုယ်သွေးကိုပိုင်ဆိုင်ထားကြသူတွေပါ။
(၄) ကြင်နာမှု
ကြင်နာတတ်ပြီးတော့ ချစ်ခြင်းမေတ္တာတွေပြည့်ဝနေတဲ့အမျိုးသမီးတွေဟာ အမျိုးသားတွေအတွက်စံပြပုံစံတွေပဲဖြစ်ပါတယ်။

(၅) ချီးကျူးအားပေးစကားပြောတတ်ခြင်း
အမျိုးသားရဲ့အခြေအနေတွေကိုနားလည်ပေးပြီး ချီးကျုးစကားပြောပေးတတ်တဲ့အမျိုးသမီးတွေကလည်းပဲ ဆွဲဆောင်မှုရှိပြီး သဘောကျစရာကောင်းပါတယ်။

(၆) ဉာဏ်ရည်ထက်မြက်ခြင်း
ဉာဏ်ရည်ထက်မြက်ပြီးတော့ အမျိုးသားတွေနှင့်ရင်ဘောင်တန်းပြောဆိုနိုင်တဲ့အမျိုးသမီးတွေဟာ အမျိုးသားတိုင်းသဘောကျတဲ့ကိုယ်ရည်ကိုယ်သွေးကိုပိုင်ဆိုင်ထားကြတာပါ။
(၇) သပ်ရပ်မှု
ရုပ်ရည်ပိုင်းသပ်ရပ်ပြီး ပြင်ပြင်ဆင်ဆင်ရှိခြင်းကလည်း အမျိုးသားတွေရဲ့အာရုံကိုဆွဲဆောင်နိုင်စွမ်းရှိပါတယ်။