အမျိုးသမီးများ ဒေါက်မြင့် ဖိနပ်ကိုအမြဲတမ်းမစီးသင့်
healthcare.com.mm
|
2019-01-05

အခုခေတ်အမျိုးသမီးတော်တော်များများဟာ ဒေါက်မြင့်ဖိနပ်တွေ စီးကြတာကို တွေ့မြင်ရမှာပါ။အပြင်သွားရင်ပဲဖြစ်ဖြစ်၊ ရုံးကိုသွားရင်ပဲဖြစ်ဖြစ် စတိုင်တစ်ခုနေနှင့်သော်လည်းအကျင့်တစ်ခုအနေနဲ့သော်လည်းကောင်း စီးကြပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာလည်းအမျိုးသမီးများ ဒေါက်ဖိနပ် စီးခြင်းက စတိုင်တစ်ခုလို ဖြစ်နေတော့ ဒါကို တားမြစ်ရင်လည်း တားမြစ်တဲ့လူကအမှား ဖြစ်ပါလိမ့်မယ်။ ဒေါက်မြင့် ဖိနပ် စီးခြင်းဟာ မိမိ ခြေထောက်ကိုအချိုးအညီမမျှခြင်း ဆိုးကျိုးကို ဖြစ်ပေါ်စေပါတယ်။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်ရဲ့အလေးချိန် တစ်ခုလုံကို ခြေဖျားက ထိန်းထားရလို့ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ ဒေါက်မြင့် ဖိနပ်တွေကို မိမိ စတိုင်ကျ လှပဖို့ တစ်ခုတည်းအတွက် စီးနေတယ်ဆိုရင်တောာ့အဆိုပါ ဒေါက်မြင့် ဖိနပ်ကို မစီးသင့်ပါဘူး။ ဒေါက်မြင့် ဖိနပ်တွေကို စီးကြတဲ့ သူတွေအနေနဲ့ မိမိကိုယ်ကို စတိုင်ကျ လှပတယ်လို့ ခံစားရပေမဲ့ဒေါက်မြင့် ဖိနပ်ကို စီးပြီး နောက်ထပ် သုံးလအကြာမှာတော့ မိမိရဲ့ ခြေကျင်းဝတ်အရိုးဟာ ငေါထွက်လာကြောင်းကို ကိုးရီးယား နိုင်ငံ၏ သုတေသန ပညာရှင် ဒေါက်တာ တစ်ဦးမှ ပြောကြားထားပါတယ်။ လေ့လာ တွေ့ရှိချက်များအရအမျိုးသမီးအများစုဟာ ၁ဝ စင်တီမီတာအမြင့်ရှိတဲ့ ဒေါက်ဖိနပ်အမြင့်ကို တစ်ပတ်မှာ သုံးကြိမ်နှုန်း စီးကြပါတယ်။ ဒါကြောင့်အဆိုပါအမျိုးသမီးတွေကို နောက် သုံးလကြာတဲ့အချိန်သူတို့ရဲ့ ခြေကျင်းဝတ်မှာ ရှိတဲ့ ကြွက်သားများကို တိုင်းတာကြည့်တဲ့အခါ ခြေကျင်းဝတ်ရှိ ကြွက်သွားများ မာကျောလာပြီး ခြေကျင်းဝတ်အရိုးများအနည်းငယ် ငေါထွက်လာတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် ကျောရိုး နာကြင်ခြင်း ဒဏ်ကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်အမျိုးသမီးများအနေဖြင့် ဒေါက်မြင့် ဖိနပ်များ စီးခြင်းကို လျှော့ချသင့်ပါတယ်။ မဖြစ်မနေ ဒေါက်မြင့် ဖိနပ် စီးရတဲ့အခါ မိမိရဲ့ ခြေကျင်းဝတ်ကို နှိပ်ပေးခြင်း၊ခြေချောင်းလေးများကို နှိပ်ပေးခြင်းများ ပြုလုပ်ပေးသင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ဒေါက်မြင့် ဖိနပ်စီးခြင်းကို လျှော့ချနိုင်သလောက် လျှော့ချသင့်ပါတယ်။ Ref: Aung Kham Kyaw  သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..