
တစ်ကယ်လို့ သင်ဟာသူငယ်ချင်းဒါမှမဟုတ် ချစ်သူကောင်မလေးကို လက်ဆောင်ပေးဖို့အတွက် ဘာပေးရမလဲမသိဘဲခေါင်းခြောက်နေတယ်ဆိုရင်တော့ ဒီစာရင်းထဲကပစ္စည်းလေးတွေကိုလက်ဆောင်ပေးနိုင်ပါတယ်။

ပန်းမကြိုက်တဲ့မိန်းကလေးမရှိတာကြောင့် ပန်းစည်းလက်ဆောင်ဟာမိန်းကလေးတွေအလိုချင်ဆုံးလက်ဆောင်တစ်ခုပါ။ သေချာစနစ်တကျထုတ်ပိုးထားတဲ့ပန်းစည်းမဟုတ်ရင်တောင်မှ ပန်းလက်ဆောင်ဟာ မိန်းကလေးတိုင်းကိုပျော်ရွှင်သွားစေနိုင်တဲ့လက်ဆောင်တစ်ခုပါ။

နေ့စဥ်ဘဝမှာမရှိမဖြစ်လိုအပ်တဲ့ အိတ်တွေကလည်းလက်ဆောင်ပေးဖို့အသင့်တော်ဆုံးအရာတွေဖြစ်ပါတယ်။ အထူးသဖြင့်လုပ်ငန်းခွင်ဝင်နေရတဲ့အမျိုးသမီးတွေအတွက်ဆိုရင် အိတ်လက်ဆောင်ဟာအတော်လေးအသုံးဝင်တဲ့လက်ဆောင်ဖြစ်မှာပါ။

ရေမွှေးဟာလည်းပဲ မိန်းကလေးအများစုသဘောကျတဲ့အရာဖြစ်တာကြောင့် လက်ဆောင်ပစ္စည်းအနေနှင့်ရွေးချယ်ဖို့သင့်တော်ပါတယ်။

မိန်းကလေးတိုင်းမှာတစ်ရံလောက်တော့ရှိသင့်တဲ့ ဒီဒေါက်ဖိနပ်လေးတွေကလည်း လက်ဆောင်အနေနှင့်ပေးမယ်ဆိုရင် အတော်လေးထည်ဝါတဲ့အရာပါ။ သတိထားဖို့က ခြေထောက်ဆိုဒ်ကိုသေချာသိဖို့နှင့် စီးမယ့်သူအဆင်ပြေတဲ့ဖိနပ်ဖြစ်စေဖို့ပါ။

မိန်းကလေးတိုင်းအမြဲသုံးလေ့ရှိတဲ့ နှုတ်ခမ်းနီဟာလည်းလက်ဆောင်ပေးမယ်ဆိုရင် တစ်ကယ်အသုံးဝင်ပြီးလိုအပ်တဲ့လက်ဆောင်ပစ္စည်းတစ်ခုပါ။

ဒီလိုမျိုး မှတ်စုစာအုပ်လေးတွေကလည်း နေ့စဥ်ဘဝမှာလိုအပ်ပြီးတော့ အထူးသဖြင့် ကျောင်းတက်နေရတဲ့မိန်းကလေးတွေအတွက်ဆို အတော်လေးအသုံးဝင်ပြီးအကျိုးရှိမယ့်လက်ဆောင်ဖြစ်ပါတယ်။