Lotayamm

ဇနီးပရီယန်ကာ ချိုပရာကို မြင်မြင်ချင်း ချစ်ခဲ့တာလို့ နစ်ဂျိုးနက်စ်ပြော
yangonmedia.com
|
2019-01-05




လန်ဒန်၊ ဇန်နဝါရီ ၎


အဆိုတော် နစ်ဂျိုးနက်စ်က ဇနီးဖြစ်သူမင်းသမီး ပရီယန်ကာချိုပရာသည် တစ်ဘဝစာ လက်တွဲဖော်အဖြစ် သိရှိခဲသည့်အတွက် ဇနီးအပေါ်ချစ်သည့်အချစ်မှာ ခိုင်မာကြောင်း ပြောဆိုခဲ့သည်။ ထို့ပြင် ဇနီးပရီယန်ကာကို မြင်မြင်ချင်း ချစ်မြတ်နိုးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အသက်(၂၆)နှစ်အရွယ် အဆို တော်နစ်သည် အသက်(၃၆)နှစ်အရွယ် ဘောလိဝုဒ်မင်းသမီး ပရီယန်ကာနှင့် ပြီးခဲသည့်လတွင် အိန္ဒိယနိုင်ငံ၌ လက်ထပ်ခဲ့ပြီး အားကျဖွယ် ၎င်းတို့၏အချစ်ရေးကို ဖွင့်ဟပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။


ပထမဆုံးအကြိမ်ချိန်းဆိုတွေ့ ဆုံချိန်၌ပင် ဇနီးသည် ၎င်းအတွက် တစ်ဦးတည်းသောသူဖြစ်ကြောင်းသိရှိခဲ့သည်ဟု ဆိုသည်။ ၎င်းက ''တည်တံ့ခိုင်မြဲမည့်အရာလို့ထင်ပါတယ်။ ဘဝအတွက်နဲ့ ကောင်းတဲ့အချိန်မှာရောဆိုးတဲ့ အချိန်မှာရော အတူတူလမ်းလျှောက်နိုင်မယ့်တစ်ယောက်ယောက်၊ အဖွဲ့ သားလိုမျိုးလက်တွဲဖော်အနေနဲ့ အတူတူခြေချုပ်မိခဲ့ပြီဆိုတာကို သိခဲ့ပါတယ်။ ဒါဟာအဓိကအချက်ပါ။ ကျွန်တော့်ဘဝက အခုတော်တော် လေးသာယာအဆင်ပြောနေပါပြီ။ တော်တော်လေး စိတ်လှုပ်ရှားမိပါတယ်။ တော်တော်လေးကောင်းတဲ့ အရာတွေလည်း လာတော့မှာပါ။ မင်္ဂလာရှိတဲ့နှစ်တစ်ခုပါ''ဟု 'Ent-ertainment Tonight' မီဒီယာကို ပြောကြားခဲ့သည်။



အဆိုတော်နစ်က နှစ်သစ်တစ်ခုစတင်ချိန်တွင် အိမ်ထောင်သည် အမျိုးသားတစ်ဦးအနေနဲ့ ဘဝ၏ အခန်းအသစ်တစ်ခုကို စတင်ရန်မျှော် လင့်နေပြီဟုလည်း ဆိုသည်။ ပြီးခဲ့သည့် ၂ဝ၁၈ခုနှစ်တွင် GQ မဂ္ဂဇင်း၏ စတိုင်လ်အကျဆုံး အမျိုးသားအဖြစ်သတ်မှတ်ခံခဲ့ရပြီး နောက် ခင်ပွန်းကို ဂုဏ်ယူစွာဖြင့် အနမ်းပေးကြောင်း ပရီယန်ကာက ပြောကြားခဲ့ပြီးနောက် ယင်းမှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

Ref:asiaone

#democracytoday





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..