ကျေးလက်ဒေသတွေမှာနေထိုင်ခြင်းရဲ့အကျိုးကျေးဇူးများ
mmload.com
|
2024-02-04

မြို့ပြဒေသတွေနှင့်ကျေးလက်တွေမှာနေထိုင်ရခြင်းဟာ ကွာခြားချက်တွေအများကြီးရှိပါတယ်။ ယေဘုယျအားဖြင့် ကျေးလက်ဒေသတွေမှာနေထိုင်တဲ့သူတွေဟာ စိတ်ရောကိုယ်ပါပိုကျန်းမာကြပြီးတော့ မြို့ပြမှာနေထိုင်တဲ့သူတွေကတော့ ကျန်းမာရေးကိုတောင်သိပ်အလေးမထားနိုင်ကြပါဘူး။


ကျေးလက်ဒေသမှာနေထိုင်ရခြင်းရဲ့အကျိုးကျေးဇူးအနေနှင့်ဆို သဘာဝနှင့်အနီးစပ်ဆုံးထိတွေ့ခွင့်ရတာပါ။ ကျေးလက်ဒေသဟာကားတွေနည်းပါးသလို အိမ်တွေလူတွေလည်းနည်းပါးတာကြောင့် ကြည့်လေရာရာမှာသဘာဝတရားကြီးနှင့်အနီးစပ်ဆုံးထိတွေ့နိုင်မှာဖြစ်ပါတယ်။ ကျေးလက်နေပြည်သူအများစုဟာလည်း ဖော်ရွေမှုရှိပြီး ရိုးသားကြတာကြောင့် ကောင်းမွန်တဲ့အိမ်နီးနားချင်းတွေကိုပိုင်ဆိုင်နိုင်မှာပါ။


ကျေးလက်ရဲ့အကြီးမားဆုံးအကျိုးကျေးဇူးနောက်တစ်ခုကတော့ လတ်ဆတ်တဲ့အစားအစာတွေပဲဖြစ်ပါတယ်။ မြို့ပြဒေသတွေမှာလို ရေခဲရိုက်အစားအစာတွေမရှိဘဲ လတ်လတ်ဆတ်ဆတ်အသီးအနှံတွေကို စားသုံးနိုင်မှာပါ။ ကျေးလက်ဒေသတွေမှာ ညမီးရောင်တွေမရှိတာကြောင့် အလွယ်တကူညဖက်တွေမှာအိပ်စက်နိုင်ပြီးတော့ ဖိအားတွေကင်းဝေးပြီး စိတ်ရောကိုယ်ပါကျန်းမာအောင်နေထိုင်နိုင်မှာဖြစ်ပါတယ်။ 





Some text some message..