တွေ့ဖို့ချိန်းထားတဲ့အချိန်ကို Professional ကျကျ ဘယ်လိုဖျက်သိမ်းမလဲ
mmload.com
|
2024-02-08

တစ်စုံတစ်ယောက်နှင့်အလုပ်ကိစ္စတွေ့ဆုံဖို့ ချိန်းဆိုထားမှုကိုဖျက်သိမ်းမယ်ဆိုရင် နည်းလမ်းတကျလုပ်ဖို့လိုအပ်ပါတယ်။ သူငယ်ချင်းမိတ်တွေတွေကြားမှာတော့ ချိန်းဆိုမှုတွေကိုဖျက်တာဟာ သိပ်ပြီးကိစ္စမရှိပေမဲ့ ခဏခဏလုပ်မိရင်စိတ်ကုန်လာတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြော်င့ ချိန်းဆိုမှုတစ်ခုကိုဖျက်မယ်ဆိုရင် အတတ်နိုင်ဆုံးတစ်ဖက်လူစိတ်မကွက်အောင်လုပ်ဆောင်နိုင်မယ့်နည်းလမ်းတွေကိုဖော်ပြပေးသွားပါမယ်။ 


ချိန်းဆိုမှုပျက်ကွက်ကြောင်း အချိန်မရောက်အောင်ကြိုပြီးအသိပေးသင့်ပါတယ်။ အနည်းဆုံးတစ်နာရီလောက်ကြိုတင်ပြီးတော့ အသိပေးမှပဲ တစ်ဖက်လူအတွက်အဆင်ပြေမှာပါ။ အသိပေးတဲ့အချိန်မှာလည်း သူသေချာပေါက်သိမယ့်နည်းလမ်းကနေတစ်ဆင့်အသိပေးဖို့လိုအပ်ပါတယ်။ ရှုပ်ထွေးနေတဲ့စကားလုံးတွေမသုံးဘဲ အကြောင်းရင်းရှိတာကြောင့် မတွေ့နိုင်ကြောင်း ရိုးရိုးရှင်းရှင်းပဲဖော်ပြပေးပါ။


တောင်းပန်ကြောင်းကိုလည်းသေချာဖော်ပြပေးပြီးတော့ တစ်ဖက်လူအဆင်ပြေတဲ့အချိန်မှာ ပြန်လည်ချိန်းဆိုနိုင်ကြောင်းကိုပါထည့်ပြောပေးဖို့လိုအပ်ပါတယ်။ နောက်ဆုံးအနေနှင့် တစ်ဖက်လူကကိုယ့်ရဲ့ပျက်ကွက်မှုကိုနားလည်ပေးနိုင်ပြီး ချိန်းဆိုမှုဖျက်လိုက်တာကို သေချာပေါက်နားလည်ကြောင်းအတည်ပြုထားဖို့လိုပါတယ်။ 





Some text some message..