
တစ်ကယ်လို့ ကိုယ်ကျင်လည်နေရတဲ့ လုပ်ငန်းခွင်ဟာ ဖြစ်နေတဲ့နေရာဆိုရင် ကိုယ့်ကိုပါလာပြီးလွှမ်းမိုးတာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီလိုဆန်တဲ့လုပ်ငန်းခွင်မှာနေထိုင်တတ်ဖို့ကလည်း အရေးကြီးတဲ့အရည်အချင်းတစ်ခုဖြစ်ပါတယ်။

အရင်ဆုံးအလုပ်ခွင်တစ်ခုလုံးကိုမပြောင်းလဲနိုင်ကြောင်း လက်ခံတတ်ဖို့လိုအပ်ပါတယ်။ ဒီလိုလက်ခံလိုက်မှပဲ တစ်ခြားသူတွေရဲ့ Toxic ဆန်တာတွေကိုပိုပိုသိလာပြီးတော့ ဘာလုပ်ရမယ်ဆိုတာကိုပိုသိလာနိုင်မှာပါ။ သူတို့ပြောနေတဲ့အကောင်းတဲ့အကြောင်းအရာတွေ အလုပ်တွေအပေါ်မှာစိတ်ဝင်စားမှုမပြဘဲ ဘောင်တစ်ခုသတ်မှတ်ပြီးနေထိုင်ပါ။

ဒီလိုနေထိုင်ခြင်းက တစ်ကိုယ်တည်းဖြစ်တယ်လို့ခံစားရစေနိုင်ပေမဲ့ မကောင်းမြင်ဓာတ်တွေလွှမ်းမိုးတာကနေလည်း အကာကွယ်ပေးနိုင်ဆုံးဖြစ်တဲ့နည်းလမ်းပါ။ ဒီလိုအလုပ်ခွင်မှာ ကြုံတွေ့ရတဲ့အကြောင်းအရာတွေ အခက်အခဲတွေကို ကူညီပေးနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာအကူအညီပေးနိုင်မယ့်လူရှိဖို့လိုအပ်ပါတယ်။ ဒီလိုရှိမှသာ ကိုယ်တိုင်ပါ မဆန်သွားအောင် သတိထားနေနိုင်မှာပါ။ နောက်ဆုံးအနေနှင့် Toxic ဖြစ်တဲ့အလုပ်ခွင်ကနေရုန်းထွက်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပေမဲ့ ရုန်းထွက်ဖို့အဆင်မပြေသေးတဲ့ကာလမှာ ဒီနည်းလမ်းတွေကိုအသုံးပြုပြီး ကြိုးစားနေထိုင်လို့လည်းရပါတယ်။