
(၁) မျိုးဆက်ကွာဟမှုဟာ ပြဿနာတွေကိုလွယ်လွယ်ဖြစ်စေတတ်တဲ့အရာပါ။ ဥပမာ မိဘတွေလက်ထက်မှာ ညထွက်ပြီးလည်တာမျိုးဟာလုံးဝမလုပ်သင့်တဲ့အရာတစ်ခုဖြစ်ပေမဲ့ ကလေးတွေအတွက် ဒီလိုမျိုးကပုံမှန်အကျင့်တစ်ခုလိုမျိုးဖြစ်နေတာပါ။ ဒီလိုကွာဟမှုတွေဟာ ပြဿနာအများစုရဲ့အကြောင်းရင်းဖြစ်ပါတယ်။

(၂) ကလေးတွေဟာ အရွယ်ရောက်လာတာနှင့်အမျှမိဘတွေကို မှီခိုချင်စိတ်ကင်းမဲ့လာကြပါတယ်။ မိဘတွေဖက်ကတော့ ကလေးတွေကို အမြဲတမ်းရင်အုပ်မကွာထိန်းသိမ်းလိုတာကြောင့် အငြင်းပွားမှုတွေဖြစ်လာတာဖြစ်ပါတယ်။

(၃) တစ်ယောက်ကိုတစ်ယောက်နားလည်မှုမပေးနိုင်ခြင်းကလည်း ပြဿနာတွေကိုပိုဖြစ်လာစေနိုင်ပါတယ်။ မိဘတွေဖက်က သားသမီးရဲ့စိတ်ထားတွေကိုနားလည်ပေးဖို့ ခက်ခဲသလို သားသမီးတွေဖက်ကလည်း မိဘတွေကိုနားလည်ပေးဖို့ခက်ခဲတတ်ပါတယ်။ ဒါကြောင့်ဆက်ဆံရေးမှာအဖုအထစ်တွေဖြစ်လာပြီး ပြဿနာတွေပေါ်ပေါက်လာတာပါ။
(၄) မိဘရဲ့မျှော်လင့်ချက်တွေကလည်း ကလေးတွေအပေါ်မှာဖိအားတွေဖြစ်စေပါတယ်။ ကိုယ့်ကလေးရဲ့အခြေအနေမှန်ကိုမသိဘဲ ဖိအားပေးနေခြင်းက ကလေးတွေအနေနှင့် မိဘကိုနားလည်မှုလွဲပြီး စိတ်အခန့်မသင့်ဖြစ်စေနိုင်ပါတယ်။