
တစ်ကိုယ်ကောင်းဆန်တတ်တဲ့သူအများစုဟာ သူတစ်ပါးပြောတာကိုနားမထောင်တတ်ကြပါဘူး။ ဒါကြောင့် ဒီလိုစိတ်ဓာတ်ကိုဖျောက်ချင်တယ်ဆိုရင် အရင်ဆုံးသူများတွေပြောတာကိုနားထောင်တတ်ဖို့လိုအပ်ပါတယ်။ ကိုယ်ချင်းစာတတ်တဲ့စိတ်ကို အတတ်နိုင်ဆုံးမွေးပြီးတော့ သူတစ်ပါးရဲ့အခြေအနေတွေကိုငဲ့ညှာတတ်အောင်လုပ်ရပါမယ်။

တစ်ကိုယ်ကောင်းဆန်တဲ့သူတွေဟာ သူတို့နည်းလမ်းကိုပြောင်းဖို့ဝန်လေးတတ်ကြတာကြောင့် လက်လျှော့သင့်တဲ့အချိန် လက်လျှော့ဖို့သိခြင်းကလည်း မှန်ကန်တဲ့အချက်အလက်ဖြစ်ပါတယ်။ အလျှော့ပေးတတ်ပြီးတော့ ပတ်ဝန်းကျင်ကသူတွေကို မကြာခဏချီးကျုးပေးခြင်းကလည်း ကောင်းမွန်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် မိသားစုဝင် သူငယ်ချင်းတွေနှင့်အချိန်ကုန်ပေးပြီးတော့ သူတို့အတွက်တွေးပေးတတ်တဲ့သူဖြစ်လာအောင်ကြိုးစားနိုင်ပါတယ်။

အိမ်မွေးတိရိစ္ဆာန်မွေးထားခြင်းကလည်း တစ်ကိုယ်ကောင်းဆန်တတ်တဲ့အကျင့်တွေကို လျော့နည်းစေပါတယ်။ အခြေအနေကပိုဆိုးလာတယ်ဆိုရင်တော့ ကျွမ်းကျင်ဆရာဝန်တွေနှင့်တိုင်ပင်ဆွေးနွေးတာကအကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။