ဘယ်ဘက်ရင်အုံအောက်မှဲ့ပါရှိသူများ၏ ဘဝကံကြမ္မာ
lotaya.mpt.com.mm
|
2024-03-04

(က)      အမျိုးသားများမှာဘယ်ဘက်ရင်အုံအောက်၌ မှဲ့ပါရှိခဲ့ပါက၊ ထိုအမျိုးသားများမှာ လူရွယ်ဘူလတ် ပိုင်း၌ မိမိကိုမိမိသေကြောင်းကြံစည်တတ်သည်။ အထမြောက်အောင်မြင်မှုမရှိဘဲ ထောင်နန်းစံရတတ်သည်။ တစ်ပါး သူ၏ချောက်ထွန်းမှုကို လက်ခံဆောင်ရွက်ခြင်းများအတွက် စိတ်သောကရောက်ရတတ်သည်။ အထက်လူကြီး များကိုမလေးမစားပြုမိခြင်းကြောင့် ဒုက္ခရောက်ရတတ်သည်။ တစောက်ကန်းတဇွတ်ထိုး စိတ်များကြောင့် ဘေးကံကြမ္မာဆိုးများနှင့် ရင်ဆိုင်ရတတ်ပါသည်။

(ခ)       အမျိုးသမီးများမှာ ဘယ်ဘက်ရင်အုံအောက် တစ်ဝိုက်၌မှဲ့ရှိခဲ့ပါက၊ ထိုအမျိုးသမီးများမှာ ရွှေလင်းဗန်း နှင့် အချင်းဆေးခံရသူဖြစ်သော်လည်း လူမသိသူမသိနေရာမျိုး၌ အသေဆိုးနှင့် သေရတတ်သည်၊ အသုံးအဖြုန်းကြီး တတ်သည်။ အပျော်အပါးလွန်ကဲတတ်သည်။ ကု၍မရသောရောဂါကြောင့် စိတ်ကျရောဂါ ခံစားနေတတ်သည်။ မိသားစုထဲမှ ရောဂါအမွေရတတ်သည်။ စောစောအိမ်ထောင်ကျပြီး၊ ဒုက္ခရောက်နေ တတ်သည်။

မှတ်ချက်။         ။ မှဲ့နှင့်ပတ်သက်၍ သတိပြုရမည့်အချက်များရှိပါသည်။ မှဲ့ပါတိုင်း ကောင်းခြင်း

  ဆိုးခြင်းကို ကျိန်းသေ ပြော၍မရပါ။ ဘယ်လိုမှဲ့လည်းဆိုတာ ကြည့်ရပါမည်။


၀ယ်ယူရန် နှိပ်ပါ ၁။        မှဲ့အဖြူ

                မှဲ့ဖြူဖြစ်ပါက အလယ်အလတ်သာ ကောင်းကျိုးဆိုးကျိုးပေးတတ်သည်ဟုမှတ်ယူရပါမည်။

၂။         မှဲ့အနီ

                မှဲ့နီသည် ကောင်းသည့်နေရာမှာဆိုလျှင် ထူးထူးကဲကဲ ကောင်းကျိုးပေးတတ်ပါသည်။ မကောင်း ကျိုးပေးသည့်နေရာဆိုပါက အနည်းငယ်မျှသာ မကောင်းကျိုးပေးတတ်ပါသည်။

၃။        မှဲ့အညို

                မှဲ့အညို၏ သဘောတရားမှာတော့ သစ္စာသမာဓိရှိခြင်း၊ သနားကြင်နာတတ်ခြင်း၊ ကူညီတတ်ခြင်း သဘောရှိပါသည်။

၄။        မှဲ့အနက်

                မှဲ့အနက်ကတော့ မကောင်းကျိုးကို များစွာ ပေးတတ်ပါသည်။ ကောင်းကျိုးပေးသောနေရာ၌ ဖြစ်က နည်းနည်းပဲပေးတတ်ပါသည်။

၅။        မှဲ့အဝါ

မှဲ့အဝါကတော့ စိတ်ကူးယဉ်အဆင့်မျှသာဖြစ်တတ်သည်။ ထိုမှဲ့ရှိသူများ အနုပညာအလုပ်လုပ်သူ ဖြစ်က အောင်မြင်တတ်ပါသည်။ အနုပညာကို ဝါသနာပါတတ်ပါသည်။

၆။        မှဲ့အစိမ်း

                မှဲ့အစိမ်းကတော့ မွန်မြတ်သော မှဲ့တစ်မျိုးပဲဖြစ်ပါသည်။ ထိုမှဲ့စိမ်းသည် ပုဂ္ဂိုလ်ထူးများ၌သာ တွေ့ရတတ်ပါသည်။ ပါရမီထူးသော ပုဂိ္ဂုလ်များ၌သာ ပါလေ့ရှိတတ်ပါသည်။

၇။        မှဲ့ရှင်

                မှဲ့အရှင်ကတော့ အရောင်အသွေးအဓိကမဟုတ်ပါ။ မှဲ့ရှင်ပါပါက ဘာအရောင်ပဲပါပါ ကောင်းကျိုး ကို ထူးကဲ့စွာ ပေးတတ်ပါသည်။ အနည်းငယ်နေရာလည်း ရွှေ့တတ်ပါသည်။ ဘုန်းတန်ခိုးကြီးကဲသူများ၌ သာ တွေ့ရတတ်ပါသည်။ ပျောက်ကွယ်သွားခြင်းမျိုးလည်း ရှိတတ်ပါသည်။

                ထို့ကြောင့် မိမိမှာ အထက်ပါအတိုင်း ဘယ်လိုမှဲ့ပါရင် ဘာဖြစ်မယ်ဆိုတာကို မှဲ့အရောင်အလိုက် ဖြည့်စွက်မှတ်ယူပါမှ ပို၍ မှန်ကန်ပါမည်။ တိကျသော အဖြေလည်း ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ဘယ် နေရာမှာ ပါသည့်မှဲ့ကို တင်ပြသည်ဖြစ်စေ၊ မှဲ့အမျိုးအစားအရ ထပ်မံချိန်ဆယူပါမှ ပို၍ အဟောမှန် မည်သာ ဖြစ်ပါသည်။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)




Some text some message..