နေကာမျက်မှန်ဝယ်တော့မယ်ဆိုရင် သေချာပေါက်သိထားရမယ့်အချက်များ
mmload.com
|
2024-03-07

နေကာမျက်မှန်ဟာ နေရောင်ခြည်နှင့်ခရမ်းလွန်ရောင်ခြည်ကိုဘယ်လောက်ကာပေးနိုင်တယ်ဆိုကို သတိထားဖို့လိုပါတယ်။ ဒီလိုရောင်ခြည်တွေကို အပြည့်အဝကာကွယ်ပေးနိုင်တဲ့ မျက်မှန်တွေကိုပဲရွေးချယ်ဝယ်ယူသင့်ပါတယ်။ အထူးသဖြင့် မျက်မှန်ရဲ့နေရောင်ကာကွယ်မှု ရာခိုင်နှုန်းဘယ်လောက်ရှိတယ်ဆိုကို သတိထားပြီးရွေးချယ်ရမှာပါ။ 


အနက်ရောင်မျက်မှန်တွေတိုင်းဟာ လူတွေထင်ထားသလိုမျိုးနေရောင်ခြည်ကိုကာကွယ်နိုင်တာမဟုတ်ပါဘူး။ အထူးသဖြင့် အနက်ရောင်ကျလွန်းတဲ့မျက်မှန်တွေဟာ ပြင်ပကိုမြင်ရဖို့အားစိုက်ရတာကြောင့် မျက်လုံးကိုပိုပြီးအားကုန်စေပါတယ်။ အနက်ရောင်ထက် တစ်ခြားအဆင်ပြေတဲ့အရောင်ကိုရွေးချယ်ပြီး သေချာမြင်ကွင်းရှင်းပေးတဲ့ အရောင်ကိုပဲရွေးချယ်သင့်ပါတယ်။


မျက်မှန်ဟာ ကိုယ့်ရဲ့မျက်နှာပေါ်မှာ ကွက်တိကျဖို့ကလည်းအရေးကြီးပါတယ်။ နှာခေါင်းပေါ်မှာ နေရာတကျရှိဖို့လိုပြီးတော့ နားရွက်နှင့်မျက်လုံးတွေကို ကြပ်တင်းနေတာမျိုးမဖြစ်စေဘဲ အဆင်ပြေတဲ့ကိုင်းကိုရွေးချယ်သင့်ပါတယ်။ ဒါ့အပြင် ရေရှည်အသုံးပြုမှာဖြစ်တာကြောင့် ပေါ်ပင်ဖြစ်လွန်းတဲ့ဒီဇိုင်းတွေထက် ဘယ်ဒီဇိုင်းနှင့်မဆိုလိုက်ဖက်နိင်မယ့်ပုံစံကိုပဲရွေးချယ်သင့်ပါတယ်။





Some text some message..