အိမ်မှာ ယောဂဖျာတစ်ချပ် ရှိရုံနဲ့ အလွယ်တကူ လုပ်နိုင်မယ့် အားကစားများ
mystylemyanmar.com
|
2024-03-28

တချို့အားကစားတွေက ကရိကထ သိပ်နည်းပါတယ်။ Gym သွားဖို့ အချိန်မရှိသူတွေ ၊ ပိုက်ဆံမတတ်နိုင်သူတွေအတွက်ဆို Yoga Mat တစ်ချပ် ရှိရုံနဲ့တင် လုပ်နိုင်တဲ့ အားကစားတွေ အများကြီး ရှိပါတယ်။ ဒီထဲကမှ ယောဂဖျာတစ်ချပ် ရှိရုံနဲ့ လုပ်နိုင်မယ့် အားကစား တချို့အကြောင်း ဖော်ပြလိုက်ပါတယ်။

(၁) ယောဂ


Yoga Mat ဆိုတဲ့အတိုင်း ယောဂဖျာတစ်ချပ်ရှိရင် ယောဂကို စပရှယ်လုပ်လို့ ရပါတယ်။ ယောဂကစားနည်းကို သေချာမသိသူတွေအတွက် YouTube ပေါ်က Tutorials တွေ ကြည့်ပြီး လုပ်နိုင်ပါတယ်။

(၂) ဒိုက်ထိုး


ဒိုက်ထိုးတယ်ဆိုတာ တစ်ကိုယ်လုံး လှုပ်ရှားရတဲ့ Total Body Workout မျိုးဖြစ်ပြီး ပခုံး ၊ နောက်ကျော နဲ့ ရင်ဘတ်ကြွက်သားတွေကို အလုပ်ပေးပါတယ်။

Bodyweight လေ့ကျင့်ခန်း ကောင်းကောင်းလုပ်ချင်ရင် ယောဂဖျာနဲ့ ဒိုက်ထိုးလေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။

(၃) Mountain Climbers


ဒိုက်ထိုးတာနဲ့ ဆင်ပြီး ခြေထောက်တွေကို အဓိကထား ကစားတာ ဖြစ်ပါတယ်။ ဒိုက်ထိုးတဲ့ပုံစံမျိုးနဲ့ လက်ထောက်ရင်း ခြေထောက်တွေ ရင်ဘတ်ဆီ စက်ဘီးစီးသလို လှုပ်ရှားတာ ဖြစ်ပါတယ်။

(၄) Planks


တစ်မိနစ် နှစ်မိနစ်လောက် Planks ထောက်ခြင်းအားဖြင့် လက်မောင်း ၊ တံတောင်နဲ့ ဗိုက်ခေါက်ကြွက်သားတွေအတွက် အကျိုးများပါတယ်။ Planks ထောက်ဖို့အတွက် တံတောင်အောက်မှာ လက်မနာအောင် ခုဖို့ ယောဂဖျာ သုံးနိုင်ပါတယ်။




Some text some message..