နွေရာသီမှာ ချွေးနံ့ဆိုးထွက်တဲ့ပြဿနာကိုဖြေရှင်းနိုင်မယ့် နည်းလမ်းများ
mystylemyanmar.com
|
2024-04-07

နွေရာသီမှာက အပူချိန်မြင့်လေ ချွေးထွက်များလေပါပဲ။ အစထဲက ချွေးထွက်သန်တဲ့သူတွေဆို ပိုဆိုးပါတယ်။ ချွေးထွက်များရင် ချွေးနံ့နံတဲ့အတွက် လူကြားထဲသွားလာရတဲ့အခါ အဆင်မပြေတာမျိုးတွေ မဖြစ်ရအောင် နွေရာသီမှာ ချွေးနံ့ဆိုးထွက်တဲ့ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

လေဝင်လေထွက်ကောင်းတဲ့အဝတ်အစား


ရာသီဥတုအရမ်းပူတဲ့အချိန်မှာ အဝတ်အစားကို သေချာရွေးဝတ်သင့်ပါတယ်။ ကိုယ်ဝတ်ထားတဲ့အဝတ်အစားက သက်တောင့်သက်သာမရှိရင် ချွေးထွက်ပိုသန်ပြီး နေရတာအဆင်မပြေ ဖြစ်ပါလိမ့်မယ်။ စိတ်ရှုပ်လာပါလိမ့်မယ်။ ဒီတော့ လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေ၊ အေးတဲ့အသားတွေကို ရွေးဝတ်ပါ။ ဒါမှအေးပြီးတော့ ပေါ့ပါးလွတ်လပ်မှုရှိစေမှာ ဖြစ်တဲ့အတွက် ချွေးထွက်တာလည်း လျော့ကျသွားပါမယ်။

ရေပုံမှန်ချိုးပါ


ရာသီဥတုပူလာလေ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ဖို့ ပိုလိုအပ်လေပါပဲ။ ချွေးထွက်ပြီးပူရတဲ့အထဲ တစ်ကိုယ်ရည်သန့်ရှင်းမှုပါမရှိရင်တော့ အနံ့အသက်ဆိုးတွေထွက်ပြီး နေရတာလည်း ထိုင်းမှိုင်းနေပါလိမ့်မယ်။ ဒါကြောင့် ရေကိုပုံမှန်ချိုးပါ။ တစ်နေ့ ၂ ကြိမ်ချိုးရင်တော့ အကောင်းဆုံးပါပဲ။

ဝတ်ပြီးသားအဝတ်အစားပြန်မဝတ်ပါနဲ့


အပြင်ခဏသွားပြီးပြန်လာတာမို့ ခဏပဲဝတ်ထားတာမို့လို့ နောက်တစ်ကြိမ်ပြန်ဝတ်တာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ အဝတ်အစားမှာ ချွေးတွေက ကပ်နေပြီးသားပါ။ ဝတ်ပြီးသားအဝတ်အစားကို မလျှော်ရသေးပဲ ပြန်ဝတ်တာမျိုး လုံးဝမလုပ်ပါနဲ့။

Shaving or Waxing လုပ်ပါ


အထူးသဖြင့် ဂျိုင်းမွှေးကို Shaving or Waxing လုပ်ပေးပါ။ ရာသီဥတုပူပြီး ချွေးထွက်တဲ့အခါ အမွှေးအမျှင်တွေ ရှိနေရင်လည်း အနံ့အသက်ဆိုးတွေ ပိုထွက်စေပါတယ်။

Deodorant သုံးပါ


ဂျိုင်းချွေးနံ့ထွက်တဲ့သူဆိုရင် အချိန်တိုင်းမှာ Deodorant သုံးရပါမယ်။ ဂျိုင်းချွေးနံ့မနံတဲ့သူတောင်မှ ရာသီဥတုအရမ်းပူလာရင် ဂျိုင်းချွေးထွက်လေ့ရှိတဲ့အတွက် Deodorant သုံးပေးသင့်ပါတယ်။ နွေရာသီမှာတော့ အနံ့သေချာထိန်းပေးနိုင်တာမျိုးကို ရွေးသုံးသင့်ပါတယ်။

ရေမွှေးသုံးပါ


ချွေးနံ့မထွက်အောင် အနံ့အသက်ကောင်းနေအောင် ရေမွှေးလည်း သုံးပေးသင့်ပါတယ်။ နွေရာသီမှာတော့ ရာသီဥတုပူရတဲ့အထဲ ရေမွှေးနံ့ကပါ အရမ်းပြင်းပြီးဆူးနေတာမျိုးဆို ခေါင်းကိုက်တာ၊ စိတ်အနှောင့်အယှက်ဖြစ်တာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် အနံ့သင်းသင်းလေးနဲ့ မွှေးတာမျိုးကို ရွေးသုံးပေးပါ။ ပန်းအနံ့၊ သစ်သီးအနံ့လေးတွေကတော့ အကောင်းဆုံးပါပဲ။

Stress တွေလျှော့ချပါ


စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေက သင့်ကို မောပန်းနွမ်းနယ်စေပြီး ချွေးထွက်နှုန်းပိုများလာစေပါတယ်။ ဒါကြောင့် Stress တွေကို လျှော့ချဖို့ကလည်း လိုအပ်တဲ့အချက်တစ်ချက် ဖြစ်ပါတယ်။




Some text some message..