အသည်းကွဲတဲ့အခါမှာ မလုပ်သင့်တဲ့အချက် ၅ ချက်
mystylemyanmar.com
|
2024-04-10

အသည်းကွဲတဲ့အခါမှာ စိတ်ရှိတိုင်းလုပ်ပစ်တာက ကိုယ်ပဲထိခိုက်ပါတယ်။ ကိုယ့်ကိုယ်ကိုအထိခိုက်မခံပဲ မြန်မြန် move on လုပ်နိုင်ဖို့အတွက် အသည်းကွဲတဲ့အခါမှာ မလုပ်သင့်တဲ့အချက် ၅ ချက်ကို ပြောပြပေးလိုက်ပါတယ်။

ကိုယ့်ကိုယ်ကိုမဝေဖန်ပါနဲ့


ငါ့ကြောင့်ဖြစ်တာ၊ ငါမကောင်းလို့ထားခဲ့တာ၊ ငါမလှလို့ ပြတ်တာ စသဖြင့် ကိုယ့်ကိုယ်ကို ဝေဖန်အပြစ်တင်တာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။ ကိုယ့်ကိုယ်ကို ဝေဖန်အပြစ်တင်ရင် ပိုခံစားရပြီး ပိုဝမ်းနည်းလာမယ်၊ အားငယ်စိတ်တွေဝင်လာပါလိမ့်မယ်။

Relationship အသစ်ကို အမြန်မစတင်ပါနဲ့


အသည်းကွဲတာကိုကုစားဖို့ ချက်ချင်း နောက်တစ်ယောက်ထားလိုက်တာမျိုးက အဆင်မပြေပါဘူး။ တစ်ဖက်လူအတွက်လည်း မကောင်းသလို ကိုယ်တိုင်လည်း အပြည့်အဝ move on လုပ်နိုင်သေးမှာ မဟုတ်ပါဘူး။ နောက်တစ်ယောက်အပေါ်မှာပါ စိတ်နှစ်လိုက်မိလို့ ထပ်ခံစားရရင် ဒဏ်ရာတွေထပ်တိုးသွားတာပဲ အဖတ်တင်ပါလိမ့်မယ်။ ဒါကြောင့် relationship အသစ်ကို အမြန်မစတင်ပါနဲ့။

ရည်းစားဟောင်းအကြောင်း သိပ်ပြီးမပြောပါနဲ့


အသည်းကွဲတဲ့အခါမှာ တော်တော်များများက ပြတ်သွားတဲ့အကြောင်းတွေ၊ သူနဲ့တွဲခဲ့တုန်းကအကြောင်းတွေ စသဖြင့် ရည်းစားဟောင်းနဲ့အကြောင်းတွေကိုပဲ တွေ့တဲ့သူတိုင်းနဲ့ ပြောဖြစ်ကြပါတယ်။ ဒီလိုတွေပြောနေရင် ပိုမမေ့နိုင်ဖြစ်ပြီး ပိုခံစားရမှာပါ။ ဒါကြောင့် ရည်းစားဟောင်းအကြောင်း သိပ်ပြီးမပြောဖြစ်အောင် ရှောင်ရပါမယ်။

ခံစားချက်တွေကိုမထိန်းချုပ်ထားပါနဲ့


ခံစားချက်တွေကို ထိန်းချုပ်ထားရင် ပိုပြီးတော့ နာကျင်ရပါတယ်။ ဒီတော့ ငိုစရာရှိရင် ငိုလိုက်ပါ။ ခံစားလိုက်ပါ။ အချိန်တစ်ခုပေးပြီး ခံစားချက်တွေ ပေါက်ထွက်လိုက်ပါ။ ဒါဆိုရင် ရင်ထဲပေါ့သွားပြီး နောက်ပိုင်းမှာလည်း မြန်မြန်လေး move on လုပ်နိုင်လာပါလိမ့်မယ်။

အတိတ်မှာနစ်မွန်းမနေပါနဲ့


အတိတ်ထဲက ရုန်းထွက်နိုင်မှသာ အသည်းကွဲတာပျောက်ပြီး ပျော်ရွှင်နိုင်မှာပါ။ အချိန်တွေကြာလာလည်း အတိတ်တွေထဲမှာပဲ နစ်မွန်းနေရင်တော့ တိုက်ဆိုင်မှုရှိတိုင်း နာကျင်ခံစားနေရမှာပါ။ Move on လုပ်ဖို့လည်း ပိုပြီးခက်ခဲသွားပါလိမ့်မယ်။ မေ့စရာရှိတာတွေကိုမေ့ပြီး အသစ်ပြန်လည်စတင်ပြီး ကိုယ့်ကိုယ်ကို ပျော်အောင်ထားပါ။




Some text some message..