ကိုယ့်အဝတ်အစားကို ဈေးကြီးတယ်လို့ထင်ရအောင် ဝတ်လို့ရတဲ့အချက် ( ၆ ) ချက်
mystylemyanmar.com
|
2024-04-10

Fashion နဲ့ပက်သတ်ရင် ကိုယ်ဝတ်ထားတဲ့အဝတ်အစားက ဈေးသက်သာပေမယ့် ဈေးကြီးတယ်လို့ထင်ရအောင် လုပ်လို့ရတဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။

ရိုးရှင်းတာက ချမ်းသာတာနဲ့ ဆက်စပ်နေတာမလို့ ရိုးရိုးရှင်းရှင်းလေးနဲ့ စတိုင်ကျအောင် ဝတ်ပါ။


တကယ်တော့ အဝတ်အစားထက် ဝတ်စားဆင်ယင်မှုက ပိုအရေးကြီးတာမလို့ ကိုယ်နဲ့လိုက်ဖက်တဲ့ အဝတ်အစားနဲ့ စတိုင်လ်တွေကို ရွေးချယ်ပြီး အံဝင်ခွင်ကျဖြစ်အောင် ဝတ်ပါ။


ဈေးကြီးတယ်လို့ထင်ရစေတဲ့ ကာကီ၊ အဖြူရောင်၊ ခရင်မ်၊ အဝါနုရောင်တို့လို သဘာဝအရောင်တွေကို ရွေးဝတ်ပါ။ ဒီအရောင်တွေက လူကိုကျော့ရှင်းစေပြီး ခေတ်မီစေတဲ့ပုံစံ ပေါ်စေပါတယ်။


အရည်အသွေးကောင်းပြီး အဆင့်အတန်းမီတဲ့ အိတ်၊ ဖိနပ်၊ ဦးထုပ် ၊ နေကာမျက်မှန် ၊ Accessories တွေ တွဲဝတ်ပေးပါ။


တချို့အရောင်တွေက တွဲဆက်ဝတ်လိုက်ရင် ဝတ်စုံအတွက် ငွေအများကြီးသုံးစရာမလိုဘဲ ဈေးကြီးတဲ့ပုံစံပေါ်စေပါတယ်။


Pinterest၊ Instagram နဲ့ ဘလော့ဂ်တွေမှာ ဖက်ရှင်နဲ့ပက်သတ်ပြီး သူတို့ရဲ့အတွဲအစပ်တွေကို Inspire ယူပြီး လိုက်ဝတ်ကြည့်ပါ။





Some text some message..