ချစ်သူအချင်းချင်းကြား စိတ်ပျက်စရာကောင်းတဲ့အပြုအမူများ
mmload.com
|
2024-04-21

မကောင်းတဲ့အပြုအမူတွေဟာ ကိုယ့်ဘေးနားကလူတွေကို စိတ်ပျက်စေမယ့်အပြင် တစ်ချို့အပြုအမူတွေဟာဆိုရင် လူတွေကိုယ့်ဘေးနားကထွက်သွားချင်တဲ့အထိလုပ်ဆောင်ပေးနိုင်ပါတယ်။ ချစ်သူတွေကြားက ဒီလိုအပြုအမူတွေဟာ တစ်ဖက်လူကို လုံးဝစိတ်ပျက်သွားစေနိုင်ပါတယ်။ ရိုးသားမှုမရှိတဲ့ အပြုအမူတွေနှင့်လိမ်ညာမှုတွေဟာ ဘယ်ဆက်ဆံရေးကိုမဆို လုံးဝပျက်စီးသွားအောင်လုပ်နိုင်တဲ့အရာတွေဖြစ်ပါတယ်။ 


လေးစားမှုကင်းမဲ့ခြင်းကလည်း အတော်လေးကို စိတ်ပျက်စရာဖြစ်စေမယ့်အပြုအမူပါ။ ပုံမှန်အားဖြင့် ချစ်သူတွေကြားမှာတင်မကဘဲ လူအချင်းချင်းကြားမှာပါ လေးစားမှုကိုလိုအပ်တဲ့အရာဖြစ်ပါတယ်။ ဒီလိုအခြေခံအပြုအမူမရှိဘူးဆိုရင် ချစ်သူဆက်ဆံရေးမှာလည်း အဆင်ပြေမှာမဟုတ်ပါဘူး။ တစ်ဖက်လူကို အချစ်အကြောင်းပြပြီး ထိန်းချုပ်လွန်းတာ အနိုင်ကျင့်တာမျိုုးကလည်း ကောင်းမွန်တဲ့အပြုအမူမဟုတ်ပါဘူး။


တစ်ယောက်ကိုတစ်ယောက်ဆက်သွယ်တဲ့အချိန် နားလည်မှုနှင့်မလုပ်ဘဲ ကောင်းမွန်တဲ့ဆက်သွယ်မှုမရှိတာကလည်းစိတ်ပျက်စရာကောင်းတဲ့အပြုအမူတစ်ခုပါ။ ပါတနာဖြစ်သူကို အားမပေးတာ စာနာစိတ်ကင်းမဲ့တာမျိုးကလည်း အတော်လေးကိုပြဿနာတက်စေပြီး ဆက်ဆံရေးအဆုံးသတ်ဖြစ်သွားစေနိုင်တဲ့ အပြုအမူဖြစ်ပါတယ်။ 





Some text some message..