ချစ်သူကို တောင်းပန်ခြင်း
byohls.com
|
2024-04-22

လူအမျိုးမျိုးမှာ တောင်းပန်ခြင်းနဲ့ပတ်သက်ပြီး မတူညီတဲ့ အတွေးမျိုးစုံ ရှိတတ်ကြပါတယ်။ တချို့က တောင်းပန်တာကို အောက်ကျတယ်လို့ မြင်တတ်ကြပြီး တချို့ကတော့ တောင်းပန်ရမှာ ရှက်တတ်ကြပါတယ်။ အမှန်က တောင်းပန်တယ်ဆိုတာမှာ ကိုယ့်အမှားကိုယ်တာဝန်ယူတတ်ခြင်း၊ ချစ်သူရဲ့ခံစားချက်ကို အလေးအနက်ထားပြီး စာနာပေးခြင်း စတဲ့ သဘောတရားတွေ ပါဝင်နေတာပါ။ ဒါ့အပြင် အလေးအနက် တောင်းပန်ခြင်းကြောင့် ချစ်သူတွေကြားမှာ အမူအကျင့်ကောင်းတွေပါ တိုးပွားလာစေနိုင်ပါတယ်။ 

တောင်းပန်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းဟာ စိတ်ထဲ နာကျင်ခံစားနေသူတွေကို စိတ်သက်သာရာရစေတယ်။ ကိုယ်အမှားပြုလုပ်မိခဲ့သူတွေကို တောင်းပန်လိုက်ရင် သူတို့နေရာမျှဝေခံစားပြီး စာနာနားလည်ပေးရာ သက်ရောက်တာမို့ ခွင့်လွှတ်ခံရမှာပါ။

တောင်းပန်ခြင်းဟာ ချစ်သူတွေရဲ့ဆက်ဆံရေးကို နားလည်မှုနဲ့ ယုံကြည်မှု ပိုရှိစေပါတယ်။ တောင်းပန်ခံရသူရဲ့စိတ်ထဲမှာလည်း အလေးအနက်ထားခံရတာကြောင့် စိတ်ချမ်းသာစေမှာပါ။ စိတ်ပညာရှင်တွေရဲ့အဆိုအရ တောင်းပန်တာဟာ ပြဿနာတွေကို ပြေလည်စေပြီး စိတ်ဒဏ်ရာတွေကို ပြေလျော့စေပါတယ်။ ဒါ့အပြင် အပြစ်ရှိသလို ခံစားမှု၊ လိပ်ပြာမလုံတဲ့ခံစားမှုတွေကိုပါ လျော့ကျစေတယ်လို့ ဆိုပါတယ်။

အမှားကို တောင်းပန်ခြင်းဟာ အမူအကျင့်ကောင်းတစ်ခုပါ။ ချစ်သူချင်း တောင်းပန်လိုက်ရင် ပိုချစ်တယ်လို့တောင် ခံစားရစေတာမို့ အချစ်တွေ တိုးလာမှာလည်း အသေအချာပါ။

အထက်မှာ ဖော်ပြခဲ့တဲ့အချက်တွေအရ ကိုယ့်အမှားကို တောင်းပန်လိုက်တာဟာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို အကောင်းဘက် လမ်းပြပေးနိုင်ပြီး အချစ်ရေးကိုလည်း သာယာပျော်ရွှင်စေတာကြောင့် တောင်းပန်ဖို့ ဝန်မလေးကြပါနဲ့လို့ တိုက်တွန်းလိုက်ပါရစေ။




Some text some message..