စိတ်ဖိဆီးမှုကြောင့်ဖြစ်ပေါ်လာတဲ့အစားစားချင်စိတ်ကိုထိန်းချုပ်နည်း (၅) မျိုး
shwemom.com
|
2019-01-07

စိတ်ခံစားချက်အလွန်မြင့်တက်ခြင်း သို့မဟုတ် စိတ်ဓာတ်ကျတဲ့အခါ ထွက်ပေါ်လာတဲ့ ဟော်မုန်းတွေကြောင့်အစားစားချင်တဲ့အာသီသဖြစ်ပေါ်စေတာကို emotional eating လို့ခေါ်ပါတယ်။ Emotional eating ဟာ စိတ်ခံစားမှုမြင့်တာထက်စာလျှင်တော့ စိတ်ဓာတ်ကျချိန်တွေ၊ ဖိအားတွေများနေတဲ့အချိန်တွေ၊ ဝမ်းနည်းတာ၊ ဒေါသထွက်တာ စတဲ့အနိမ့်ပိုင်းဆိုင်ရာခံစားချက်တွေကြောင့် ပိုပြီးဖြစ်ပေါ်နိုင်ပါတယ်။

ငွေကြေးပြဿနာ၊အချစ်ရေးပြဿနာတွေနဲ့အလုပ်ခွင်မှာ stress တွေဖြစ်ပေါ်လာတဲ့ခါမျိုးမှာ emotional eating ကို ပိုဖြစ်စေပါတယ်။ သူ့ကြောင့်ပဲ မလိုအပ်လားအပ်တဲ့အဆီတွေဖြစ်စေပြီး ကိုယ်အလေးချိန်ထိုးတက်လာတာတွေ၊အစာအိမ်ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

မကောင်းတဲ့အလေ့အထဆိုတာ သိနေသော်လည်း emotional eating ကို တားဆီးလို့မရဖြစ်နေတဲ့ လူတွေအတွက် နည်းလမ်းလေး ၅ ခုကို မျှဝေပေးချင်ပါတယ်။


(၁)အစားကိုပုံမှန်စားပါ။


pixabay


(၂)အစားမစားမိခင် ခဏရပ်ပြီးစဉ်းစားပါ။


shutterstock

ငါဒါကိုစားဖို့က တကယ်ရောဗိုက်ဆာလို့လား၊ ပျင်းလို့လား၊ ဝမ်းနည်းနေလို့လား၊ ဘာကြောင့်လဲဆိုတာအချိန်ပေးပြီးစဉ်းစားလိုက်ပါက emotional eating ဖြစ်စေတဲ့စိတ်ကိုအနည်းငယ်လျော့ကျစေပါတယ်။


(၃)အစားစားမယ့်အစား လေ့ကျင့်ခန်းပြောင်းလုပ်ကြည့်ပါ။


pixabay

Emotional eating ဖြစ်နေတာတော့မှန်ပါတယ်။ ဒါပေမဲ့ ကိုယ်တကယ်ဗိုက်မဆာဘူးဆိုတာ သေချာတဲ့အခါ မျက်လုံးရှေ့မှာရှိနေတဲ့အစားအစာကို စားပစ်မယ့်အစား ပြင်းထန်တဲ့လေ့ကျင့်ခန်းကို ချက်ချင်းလုပ်လိုက်ပါ။ ဥပမာ ဒိုက်ထိုးတာတို့၊အိပ်ထမတင်တို့လိုမျိုးပေါ့။


(၄)အာရုံပြောင်းပါ။


shutterstock

အစားစားချင်စိတ်ဖြစ်ပေါ်လာတဲ့အခါအာရုံပြောင်းတဲ့အနေနဲ့ ကိုယ်စိတ်ဝင်စားတဲ့လူနဲ့ စကားပြောတာပဲဖြစ်ဖြစ်၊ သူငယ်ချင်းကို ဖုန်းဆက်လိုက်တာပဲဖြစ်ဖြစ်၊ မကြည့်ရသေးတဲ့ရုပ်ရှင်ကို ဖွင့်ကြည့်လိုက်တာပဲဖြစ်ဖြစ်၊ ဂိမ်းဆော့တာပဲဖြစ်ဖြစ်လုပ်ကြည့်လိုက်ပါ။


(၅)အတတ်နိုင်ဆုံးအိမ်မှာဘာမုန့်မှမထားပါနဲ့။


pixabay

Emotional eating ဟာ စားချင်စိတ်ဖြစ်ပေါ်လာလျှင်လည်း ကျန်းမာရေးနဲ့မညီညွတ်တဲ့အချိုတွေနဲ့အစပ်တွေ၊ fast food တွေ junk food တွေကို စားချင်စိတ်ပိုဖြစ်စေတဲ့အတွက်အိမ်မှာ မုန့်ဝယ်ထားလေ့ရှိတဲ့လူဆိုလျှင်တော့ ဘာမုန့်မှမဝယ်ပါနဲ့။အဲဒီအစားအသီးတွေကိုဝယ်ထားကြည့်ပါ။


Source: Shared


Penny






Some text some message..