လူငယ်တိုင်းသတိထားသင့်တဲ့ ငွေကြေးသုံးစွဲမှု နည်းလမ်းအမှားတွေ
mystylemyanmar.com
|
2024-05-14

ယနေ့ခေတ်လူငယ်အများစုရဲ့ အသုံးစရိတ်တော်တော်များများဟာ မှားယွင်းတဲ့ ငွေကြေးသုံးစွဲမှုတွေအတွက် ကုန်ဆုံးနေရတာများပါတယ်။

ငွေကြေးသုံးစွဲမှုဆိုင်ရာ နည်းလမ်းအမှားတွေကို ပြုလုပ်နေမိမယ်ဆိုရင် လစဉ်ပုံမှန်ဝင်ငွေရှိတဲ့ လူတစ်ယောက်ဖြစ်နေပါစေ ဝင်ငွေနဲ့ ထွက်ငွေမလောက်ငှတဲ့ ပြဿနာက အမြဲတွေ့နေရဦးမှာပါ။

ဒါကြောင့် ဒီနေ့မှာတော့ လူငယ်တိုင်းသတိထားသင့်တဲ့ ငွေကြေးသုံးစွဲမှု နည်းလမ်းအမှားတွေ ကို ပြောပြပေးချင်ပါတယ်။

(၁) ရှိရင်ရှိသလို သုံးလိုက်မိခြင်း


အများစုက လူငယ်သဘာဝ သုံးချင်စွဲချင်ကြပါတယ်။ ဒါပေမယ့်ပိုဆိုးတာတစ်ခုက လက်ထဲငွေရှိရင်ရှိသလို သုံးနေမိခြင်းပါပဲ။ ကိုယ်လက်ထဲပိုက်ဆံမြင်နေသ၍ တစ်နည်းမဟုတ်တစ်နည်းနဲ့ သုံးစွဲဖို့ စိတ်အလိုလိုက်မိကြပါတယ်။

တကယ်တော့ ကိုယ်လစဉ်ဘယ်လောက်ငွေပမာဏကို သုံးစွဲမယ်ဆိုတဲ့ စာရင်းတစ်ခု ပြုလုပ်ထားသင့်တာဖြစ်ပါတယ်။ မဟုတ်ရင်တော့ သုံးကောင်းကောင်းနဲ့ သုံးနေမိဦးမှာပါ။

(၂) မလိုအပ်ဘဲ သင်တန်းတွေတက်ခြင်း


သင်တန်းတွေတက်တာ မကောင်းဘူးလားဆိုရင်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကိုယ့်အတွက်တကယ်အသုံးဝင်တဲ့ သင်တန်းဖြစ်ဖို့တော့လိုပါတယ်။

လူငယ်တော်တော်များများက ကိုယ့်အတွက်တကယ်တက်သင့်မတက်သင့်မစဉ်းစားဘဲ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ဟေးလားဝါးလား သင်တန်းတက်ကြတာများပါတယ်။

ဒီအချက်ဟာ ပိုက်ဆံကုန်စေတဲ့အပြင်ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေပါ ကုန်ဆုံးသွားရတာဖြစ်ပါတယ်။

(၃) အပျော်အပါးနွံထဲနစ်နေခြင်း


လူငယ်အရွယ်မှာ ပျော်စရာပါးစရာကိစ္စတွေက နေ့တိုင်းလိုလို ကုန်သွားတယ်ဆိုတာမရှိပါဘူး။ သူငယ်ချင်းတွေနဲ့သောက်မယ်စားမယ် ပျော်မယ်ပါးမယ်ဆိုတဲ့ကိစ္စတွေက လူငယ်တွေကို အဓိကဆွဲဆောင်နေတဲ့ အချက်တွေဖြစ်ပါတယ်။

အပျော်အပါးတွေရဲ့ နွံကလည်း ရုန်းထွက်ဖို့ခက်ခဲလှပါတယ်။ ဒီလိုအပျော်အပါးတွေကြောင့်ပဲ ပိုက်ဆံတွေက ကုန်ကုန်သွားရတာဖြစ်ပြီး တစ်ချို့ဆိုရင် လမ်းမှားရောက်သွားကြတဲ့အထိ ဖြစ်သွားတာမျိုးတွေရှိပါတယ်။

(၄) နောင်ဖြစ်မှ နောင်ရှင်းသုံးစွဲခြင်း


လူငယ်တွေဖြစ်တဲ့ ဆုံးဖြတ်ချက်တွေကလည်း ရင်ကျက်သင့်သလောက်မရင့်ကျက်ကြသေးပါဘူး။ ကိစ္စတစ်ခုခုလုပ်တော့မယ်ဆိုရင်လည်း သေချာစဉ်းစားဆုံးဖြတ်တာမျိုးသိပ်မလုပ်ကြပါဘူး။

နောင်ဖြစ်မှနောင်ရှင်းမယ်ဆိုတဲ့ စိတ်တွေ တော်တော်များများမှာရှိပါတယ်။ ငွေကြေးသုံးစွဲမှုနဲ့ ပတ်သတ်လာရင်လည်း နောင်ဖြစ်မှနောင်ရှင်းမယ် လောလောဆယ်တော့ သုံးလိုက်မယ်ဆိုတဲ့စိတ်တွေကြောင့်ပဲ ငွေရေးကြေးရေးအကျပ်အတည်းတွေ အမြဲရှိနေတာဖြစ်ပါတယ်။




Some text some message..