သင့်ဘဝကိုလုံးဝပျက်စီးသွားစေမယ့်အရာများ
mmload.com
|
2024-06-10

ဘဝကိုပျက်စီးသွားစေဖို့အလွယ်ကူဆုံးနှင့်အနီးစပ်ဆုံးအရာကတော့ အတ္တဖြစ်ပါတယ်။ အတ္တကြီးတဲ့သူတွေဟာ ဘယ်လိုနည်းလမ်းနှင့်မဆို ပျက်စီးခြင်းကိုအလွယ်တကူရောက်သွားကြလေ့ရှိတဲ့သူတွေဖြစ်ပါတယ်။ သူတို့အနေနှင့် တစ်ကိုယ်ကောင်းဆန်လွန်းတဲ့အကျင့်ကြောင့် အလုပ်အကိုင်မှာသာမကနေ့စဥ်ဘဝမှာပါ ဆုံးရှုံးပျက်စီးမှုတွေကြုံလာရမှာဖြစ်ပါတယ်။ 


မကောင်းတဲ့သူငယ်ချင်းတွေကလည်း ပျက်စီးမှုကိုဖြစ်လာစေနိုင်တဲ့အဓိကအကြောင်းရင်းတွေဖြစ်ပါတယ်။ သူတို့အနေနှင့် သူငယ်ချင်းဆိုးတွေကိုရွေးပြီးပေါင်းမိသူဟာ ဆုံးရှုံးမှုလမ်းကိုသူကိုယ်တိုင်ရွေးချယ်လိုက်သလိုမျိုးပဲဖြစ်နေမှာဖြစ်ပါတယ်။ မကောင်းတဲ့အတွေးတွေကိုပဲတစ်ချိန်လုံးတွေးနေခြင်းကလည်း ဘဝလမ်းကြောင်းမှာသေချာပေါက်ကောင်းမွန်တာတွေကိုဆုံးရှုံးသွားစေနိုင်ပါတယ်။ 


လူတွေရဲ့အမြင်ကိုအလေးထားလွန်းပြီး ဂရုစိုက်လွန်းတဲ့အကျင့်ကလည်းဘဝကိုဟန်ချက်ပျက်သွားစေနိုင်ပါတယ်။ ပတ်ဝန်းကျင်ကိုဂရုစိုက်တာဟာကောင်းမွန်တဲ့အလေ့အကျင့်ဖြစ်ပေမဲ့ လိုတာထက်ပိုပြီးအာရုံစိုက်မိရင်မကောင်းတဲ့ရလာဒ်တွေရလာနိုင်ပါတယ်။  ပစ္စည်းဥစ္စာတွေကိုမက်မောလွန်းပြီးတော့ ရုပ်ဝတ္ထုတွေကိုအလွန်အကျွံစွဲလမ်းနေခြင်းကလည်း ဘဝကိုလမ်းမှားရောက်သွားအောင်လုပ်နိုင်တဲ့အဓိကအရာတွေဖြစ်ပါတယ်။ 




Some text some message..