
တရားထိုင်ခြင်းဟာ လူတွေရဲ့စိတ်ဒဏ်ရာတွေနှင့် နေ့စဥ်ဘဝမှာကြုံတွေ့နေရတဲ့ ဖိအားတွေကိုဖြေလျှော့ တဲ့နေရာမှာအများကြီးအကူအညီပေးပါတယ်။ အခုခေတ်မှာဆိုရင် တရားထိုင်ခြင်းကို ကျန်းမာရေးအတွက်ပါ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပြီဖြစ်ပါတယ်။စိတ်ကျရောဂါဖြစ်နေတဲ့သူတွေအတွက် တရားထိုင်ခြင်းက တစ်ခါတစ်ရံမှာဆေးဝါးတွေထက်တောင် ပိုကောင်းပြီးထိရောက်မှုရှိတတ်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးဆေးရုံတွေမှာတရားထိုင်ချိန်လိုမျိုးသီးသန့်ထားပြီးလေ့ကျင့်ပေးကြပါတယ်။

ခန္ဓာကိုယ်ကျန်းမာရေးဖက်မှာဆိုရင် တရားထိုင်ခြင်းက သွေးလည်ပတ်မှုစနစ်ကိုသန့်စင်စေပြီး သွေးဖိအားကိုလျော့ ကျစေပါတယ်။ စိတ်ကြည်လင်တာကြောင့် ကိုယ်ကိုပါအားကောင်းစေပြီးတော့ ကိုယ်ခံအားစနစ်ကိုလည်းကူညီပေးနိုင်ပါတယ်။ နှစ်ရှည်တရားထိုင်တဲ့သူတွေဟာ ရုတ်တရက်ဖြစ်တတ်တဲ့ ရောဂါတွေကြောင့်ကွယ်လွန်တာမျိုးမရှိသလောက်ရှားပါးပါတယ်။

တရားထိုင်တာကို အယ်လဇိုင်းမားလို ရောဂါသည်လူနာတွေကို ကုသတဲ့နေရာမှာလည်းအသုံးပြုပါတယ်။အိပ်ပျော်တဲ့နေရာမှာလည်းသေချာအထောက်အကူပေးတာကြောင့် Insomia ဖြစ်နေတဲ့လူနာတွေအတွက် ကောင်းမွန်တဲ့ကုသမှုနည်းလမ်းတစ်ခုအဖြစ်ပါအသုံးပြုနေကြတာဖြစ်ပါတယ်။