ဦးရေပြားယားယံတာသက်သာစေမယ့် အလွယ်ကူဆုံးနည်းလမ်း ၄ မျိုး
mystylemyanmar.com
|
2024-07-25

ဦးရေပြားယားယံတာက လူကြားထဲဆိုလည်း အရမ်းကုတ်ချင်နေပြီး ထိန်းလို့မရတာမျိုးပါ။ နေရခက်ပြီး တစ်ခါတစ်လေဆို ယားလွန်းလို့ စိတ်တိုကြတဲ့သူတွေတောင် ရှိမှာပါ။ ဒီနည်းလမ်း ၄ မျိုးကတော့ လုပ်ရတာ အရမ်းလွယ်ကူပြီး ဦးရေပြားယားယံတာတွေလည်း သက်သာစေမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

Apple cider vinegar


Apple cider vinegar မှာက antioxidant နဲ့ antimicrobial properties တွေပါဝင်ပါတယ်။ Apple cider vinegar ကို ရေနဲ့ ဆတူရောပြီး ဦးရေပြားကို လိမ်းပေးရမှာပါ။ ဦးရေပြားယားယံတာ သိသိသာသာ သက်သာစေတဲ့ အလွယ်ကူဆုံး နည်းလမ်းတစ်ခုပါပဲ။

အုန်းဆီ


အုန်းဆီစစ်စစ်က ဦးရေပြားယားယံခြင်းကို သက်သာစေပြီး ဘတ်တီးရီးယားနဲ့ မှိုတွေလည်း သေစေနိုင်ပါတယ်။ အိမ်မှာ ဘာမှဝယ်ထားတာမရှိလည်း အုန်းဆီစစ်စစ်ကိုသာ ဦးရေပြားကို သေချာလေးပွတ်ပြီး လိမ်းပေးပါ။ ဦးရေပြားယားယံတာတွေ သက်သာစေပါတယ်။

Peppermint oil


2016 ခုနှစ်ရဲ့ လေ့လာမှုတစ်ခုအရ peppermint oil က ယားယံခြင်းတွေကို သိသိသာသာ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ သုံးရမယ့်ပုံစံကတော့ peppermint oil ကို သံလွင်ဆီနဲ့ပဲဖြစ်ဖြစ် အုန်းဆီနဲ့ပဲဖြစ်ဖြစ် ရောပြီးတော့ ဦးရေပြားကိုလိမ်းကာ လက်ချောင်းလေးတွေနဲ့ massage လုပ် နှိပ်နယ်ပေးရမှာ ဖြစ်ပါတယ်။ Peppermint oil သာ အိမ်မှာရှိမယ်ဆိုရင် အရမ်းလွယ်ကူတဲ့ နည်းလမ်းတစ်ခုပါပဲ။

Tea tree oil


Tea tree oil က ဦးရေပြားယားယံခြင်းနဲ့ မှိုရောဂါတွေ၊ ရောင်ရမ်းမှုတွေကို သက်သာစေဖို့ဆိုရင် မရှိမဖြစ်လိုအပ်တဲ့ အဆီဖြစ်ပါတယ်။ ဘယ်လိုသုံးရမလဲဆိုရင်တော့ tea tree oil ကို အစက် ၂၀ လောက် ခေါင်းလျှော်ရည်ထဲထည့်ပြီး ခေါင်းလျှော်ပေးလို့ရသလို သံလွင်ဆီနဲ့ရောပြီး ဦးရေပြားကို တိုက်ရိုက်လိမ်းကာ massage လုပ်နှိပ်နယ်ပေးတာမျိုးလည်း ရပါတယ်။




Some text some message..