အတွေးလွန်ပြီး Overthinking ဖြစ်တဲ့သူတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့အရာများ
mystylemyanmar.com
|
2024-07-25

အမြဲတမ်း အတွေးတွေလွန်ပြီး Overthinking ဖြစ်တဲ့သူတွေက သူများထက်တစ်ပန်းရှုံးပါတယ်။ အမြဲတမ်း စိတ်ညစ်၊ စိတ်ပင်ပန်းပြီး အတွေးတွေလွန်နေတာနဲ့ပဲ ဘာမှမဖြစ်မြောက်တော့ပါဘူး။ များသောအားဖြင့် အတွေးလွန်ပြီး Overthinking ဖြစ်တဲ့သူတွေမှာ ဒီလိုအရာတွေ ကြုံတွေ့ရလေ့ရှိပါတယ်။

ခဏခဏခေါင်းကိုက်ခြင်း


အမြဲတွေးနေပြီး အတွေးတွေလွန်နေတာနဲ့ စိတ်ပင်ပန်းပြီး ခေါင်းတွေကိုက်လာပါလိမ့်မယ်။ ဒီလိုကြောင့် ခေါင်းကိုက်တာမျိုးဆိုရင် ဆေးသောက်လည်း တော်ရုံနဲ့မပျောက်ပါဘူး။

ကိုယ့်ကိုယ်ကိုယုံကြည်မှုလျော့နည်းလာခြင်း


Overthinking ဖြစ်တဲ့သူအများစုက ကောင်းတာထက် ဆိုးတဲ့ဘက်ကိုပဲ ဦးတည်ပြီး တွေးကြတာများပါတယ်။ ဒါကြောင့် တစ်ခုခုလုပ်တော့မယ်ဆိုလည်း ငါလုပ်နိုင်မှာမဟုတ်ဘူး၊ ဖြစ်မှာမဟုတ်ဘူးဆိုတာက စတွေးကြပြီး အရာရာကို စိုးရိမ်စိတ်များနေတာနဲ့ပဲ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေက လျော့နည်းလာပါတယ်။

ပျော်ရွှင်မှုတွေပျောက်ဆုံးလာခြင်း


Overthinking ဖြစ်နေရင် ပျော်စရာရှိရင်တောင် အပြည့်အဝမပျော်ရွှင်ရပါဘူး။ ပျော်နေရင်းနဲ့ပဲ စိတ်ကအလိုလိုတွေးမိပြီး မဖြစ်သေးတာတွေကို ကြိုစိတ်ပူနေတာ၊ စိုးရိမ်နေတာမျိုးတွေ ဖြစ်လာပြီး အပျော်တွေပျက်ကုန်တော့တာပါပဲ။ Overthinking ကြောင့်ပဲ ဝမ်းနည်းနေရင်လည်း ပိုဝမ်းနည်းရတယ်။ မကောင်းတဲ့အတွေးတွေ မျိုးစုံဝင်လာပြီး ပိုစိတ်ဆင်းရဲရပါတယ်။

စိတ်ဖိစီးမှုတွေပိုများလာခြင်း


ကိုယ့်အတွေးကြောင့်ပဲ ကိုယ့်ကိုယ်ကို စိတ်ဒုက္ခရောက်အောင် လုပ်နေမိတဲ့အတွက် စိတ်ဖိစီးမှုတွေ ပိုများလာစေပါတယ်။ မကောင်းတဲ့အတွေးတွေပိုဝင်လာပြီး စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ဖိစီးမှုတွေက ပိုပိုတိုးလာပြီး စိတ်ပင်ပန်းရတယ်၊ မပျော်ရွှင်ရပါဘူး။

ဆုံးဖြတ်ချက်မချနိုင်ခြင်း


တွေးသင့်သလောက်ပဲမတွေးပဲ အကုန်လျှောက်တွေးနေတော့ တစ်ခုခုဆို မလုပ်ရဲတော့ဘူး။ ကိုယ့်ကိုယ်ကိုယုံကြည်မှုကလည်း လျော့ကျလာတဲ့အတွက် ကိုယ့်စိတ်နဲ့ကိုယ် ဆုံးဖြတ်ချက်မချနိုင်တော့ပဲ သူများကိုပဲ လိုက်မေးနေရတာ၊ သူများကိုပဲ အားကိုးနေရတာမျိုးတွေ ဖြစ်လာတော့တာပါပဲ။ အတွေးလွန်ပြီး Overthinking ဖြစ်တာက လုံးဝမကောင်းတဲ့အရာပါ။




Some text some message..