ကလေးတွေကို ဘော်ဒီဂတ်လူစိမ်းတွေနဲ့ထားတာမကြိုက်ဖူးဆိုပြီး ဂျိုလီကိုပြင်းပြင်းထန်ထန် ရှုံ့ချလိုက်တဲ့ ဘရက်ပစ်
popolay.com
|
2019-01-08

ကမ္ဘာကျော် ဟောလိဝုဒ် စုံတွဲဘရက်ပစ်နဲ့ ဂျိုလီတို့ဟာ ပြီးခဲ့တဲ့လက ကယ်လီဖိုးရီးယား ပြည်နယ်ရဲ့ ဥပဒေအရ ကလေးတွေကိုခွဲယူခဲ့ကြပါတယ်။








သားအကြီးနှစ်ယောက်ဖြစ်တဲ့ Maddox နဲ့ Pax တို့ ဘရက်ပစ်ကရရှိခဲ့ပြီး ကျန်တဲ့ ကလေး (၄) ယောက်ကိုတော့ ဂျိုလီကရရှိခဲ့တာပါ။ ဂျိုလီရရှိခဲ့တဲ့ ကလေး (၄) ယောက်ကတော့ Zhahara, Shiloh, Knoxx နဲ့ Vivienne တို့ဖြစ်ပါတယ်။















ထိုအထဲမှာမှ Shiloh နဲ့ Vivienne တို့နှစ်ယောက်ကိုအပြင်မှာ ဘော်ဒီကတ်ဦးလေးကြီး တစ်ယောက်နဲ့ ထွက်လာတာတွေ့ပြီး ဘရက်ပစ်က ဂျိုလီကိုဝေဖန်ခဲ့ပါတယ်။အလုပ်အရမ်းရှုပ်တဲ့ ဂျိုလီဟာ ကလေးတွေကိုအချိန်ပြည့် မစောင့်ကြည့်နိုင်တဲ့အတွက် ဘော်ဒီဂတ်တွေ ကလေးထိန်းတွေငှားထားခဲ့ပါတယ်။








ပစ်အနေနဲ့ သူ့သားသမီးတွေကို ဒီလိုသူစိမ်းတွေလက်ထဲမှာ လက်လွှတ်စပယ် ပစ်ထားရက်တဲ့ ဂျိုလီကို ဝေဖန်ရှုံ့ချလို့ မဆုံးပါဘူး။ ပစ်က သူ့ကလေးတွေကို သူစိမ်းတွေလက်ထဲမှာ ကြီးပြင်းလာရမှာမျိုးကိုမလိုလားဘူး။ ဂျိုလီအနေနဲ့ ကလေးတွေကို သူစိမ်းလက်ထဲအပ်ပြီး ဒီလိုပစ်ထားတာမျိုးကို ဘရက်ပစ်ကအကြီးအကျယ်စိတ်ဆိုးကြောင်းပြောကြားထားပါတယ်။








ကယ်လီဖိုးနီးယားပြည်နယ် တရာရုံးက ဂျိုလီဟာအမေဖြစ်ပြီး တာဝန်ယူစိတ်ရှိတဲ့ ပုံပေါ်တဲ့အတွက် ကလေးခွဲယူတဲ့ ကိစ္စမှာအနိုင်ရရှိခဲ့တာပါ။ ဒါကြောင့် ကလေး ၆ ယောက်ရှိတဲ့အနက် ၄ ယောက်ကို ဂျိုလီကရရှိခဲ့ပြီး ပစ်က သားအကြီး ၂ယောက်သာ ရရှိခဲ့ပါတယ်။ ပစ်အနေနဲ့ ဂျိုလီတစ်ယောက် ကလေးလုတဲ့ တိုက်ပွဲဝင်ကတည်းက ကလေးတွေကို ရင်အုပ်မကွာစောင့်ရှောက်ပေးမယ်လို့ ယုံကြည်ခဲ့လို့အရှုံးခံပေးအပ်ခဲ့တာ ဖြစ်ပြီးအခုလိုဂျိုလီက ကလေးတွေကို ကိုယ်တိုင်စောင့်ရှောက်ခြင်းမျိုးမရှိတဲ့အတွက်အင်မတန်မှစိတ်ပျက်မိတယ် လို့ဆိုထားပါတယ်။




Some text some message..