အလှအပနဲ့ပတ်သက်လို့အများဆုံးမှားယွင်းထင်မြင်ထားကြတဲ့အချက်တွေက ဘာတွေဖြစ်မလဲ?
trend.com.mm
|
2019-01-08

မိန်းကလေးအများစုကအလှအပအတွက်သူတို့ဝင်ငွေရဲ့သုံးပုံတစ်ပုံ၊သုံးပုံနှစ်ပုံလောက်ကိုသုံးကြပါတယ်။ဒီလိုအလှအပပစ္စည်းတွေသုံးကြတဲ့အခါမှာလည်း သတိထားစရာ၊ရှောင်စရာရှားစရာလေးတွေရှိနေပါတယ်။အလှအပကျွမ်းကျင်ပညာရှင်တွေကတော့ သူတို့ရဲ့လေ့လာချက်တွေအရ ဒီအလှအပဆိုင်ရာအချက်တွေက မှားနေကြောင်း ဖွင့်ဟပြောဆိုခဲ့ပါပြီ။မိန်းကလေးတိုင်း ဖတ်ထားသိထားသင့်တယ်နော်


*Foundation တွေကအရေးအကြောင်းပိုဖြစ်စေတယ်လို့ထင်နေခြင်း







တကယ်တော့ Foundation make up တွေကအသားအရည်အရေးအကြောင်းမဖြစ်စေပါဘူး။လေ့လာချက်တွေအရ ဒီ foundation နဲ့ပေါင်ဒါမှုန့်တွေဟာ မျက်နှာမှာလာကပ်နိုင်တဲ့အမှုန်အမွှားတွေကနေ ကာကွယ်ပေးပြီး လေထုညစ်ညမ်းမှုကြောင့်အသားအရည်ပျက်စီးမှုမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။ဒါ့အပြင် တစ်ချို့သော foundation တွေမှာအရေးအကြောင်းဖြစ်ခြင်းကိုကာကွယ်ပေးတဲ့ ဗီတာမင်ဓာတ်တွေပါ ပါဝင်နေပါပြီ။သင့်အနေနဲ့အမြဲတမ်းသုံးမနေဖို့သာလိုတာပါ။အားလပ်ရက်တွေ၊ပိတ်ရက်တွေမှာအရေပြားပေါ် မိတ်ကပ်မတင်ပဲအနားပေးသင့်ပါတယ်။ညဘက်မှာလည်းမိတ်ကပ်ဖျက်ဖို့မမေ့ပါနဲ့။


*Cellulite တွေက ရေများများသောက်ရင် တင်းရင်းလာမယ်လို့ထင်နေခြင်း







တကယ်တော့ ရေများများသောက်တာ၊ရေနည်းနည်းသောက်တာက ခန္ဓာကိုယ်အရေပြားဆဲလ်တွန့်တာတွေနဲ့ ဆက်နွယ်မနေပါဘူး။Cellullite တွေတင်းတင်းရင်းရင်းဖြစ်ချင်တယ်ဆိုရင် ရေလည်းပုံမှန်သောက်ပေးသင့်ပြီး လေ့ကျင့်ခန်းလေးပါ တွဲဖက်လုပ်ပေးသင့်ပါတယ်။ကျန်းမာရေးလိုက်စားတာက ကောင်းမွန်တဲ့ရလဒ်ကိုပဲဖြစ်လာစေမှာပါ။


*တူညီတဲ့တံဆိပ်တစ်ခုတည်းကိုပဲအမြဲသုံးတာက မကောင်းဘူးလို့ထင်မိခြင်း
တစ်ချို့တွေကတော့ Cosmetic တွေပြောင်းလဲသုံးစွဲသင့်တယ်လို့ထင်ထားကြပါတယ်။ဒါပေမဲ့ တံဆိပ်တစ်ခုတည်းကို စွဲမြဲသုံးတာက ဘာထိခိုက်မှုမှမရှိစေဘူးလို့ လေ့လာတွေ့ရှိရပါတယ်။ဆံပင်နဲ့ပတ်သက်တာဖြစ်စေ၊အသားအရည်နဲ့ပတ်သက်တာဖြစ်စေ တစ်ခုခုကို စွဲသုံးလို့ ထိရောက်မှုမရှိဘူးလို့ခံစားနေရရင် ဒါက သင့်ရဲ့အသားအရည်အမျိုးအစားနဲ့သက်ဆိုင်နေတာပါ။သင့်အနေနဲ့ တစ်ခြား Cosmeticအမျိုးအစားကိုပြောင်းလဲသုံးစွဲကြည့်သင့်ပါတယ်။


*နေရောင်ခြည်က ဆံပင်ကိုမထိခိုက်စေဘူးလို့ ထင်နေခြင်း







နေရောင်ကအသားအရည်ကိုထိခိုက်ပျက်စီးစေသလို ဆံပင်ကိုလည်းထိခိုက်စေပါတယ်။အချိန်အကြာကြီးနေရောင်ထိထားတဲ့ဆံပင်ဟာ ခြောက်သွေ့လာတတ်ပါတယ်။ဒါကြောင့် နေပူထဲသွားမယ်ဆိုရင်အမိုးအကာတစ်ခုခုယူသွားမှ ဆံပင်ရော၊အသားအရည်ရော ထိခိုက်ပျက်စီးမှုမရှိမှာပါ။ခေါင်းလျှော်ရည်အကောင်းစား၊ပျော့ဆေးအကောင်းစားတွေသုံးတာထက် ကြိုတင်ကာကွယ်တာကအကောင်းဆုံးပါပဲ


*Night Cream သုံးဖို့မလိုဘူးလို့ထင်နေခြင်း







အသားအရည်ဆဲလ်တွေက ညဘက်မှာပြောင်းလဲပြုပြင်ပေးတဲ့အတွက် သင့်အနေနဲ့အသားအရည်ထိန်းသိမ်းချင်တယ်ဆိုရင် တစ်နေကုန်အရေပြားကိုဂရုစိုက်ပေးရုံမကပဲ ညဘက်မှာပါအသားအရည်ကိုဂရုစိုက်ထိန်းသိမ်းပေးရပါမယ်။မလိုအပ်ဘူးလို့မထင်ပါနဲ့။အသားအရည်ဆဲလ်ပြောင်းလဲပြုပြင်ချိန်မှာ ဒီ cream တွေကအထောက်အကူဖြစ်စေပါတယ်။


*Cosmetic Brand တစ်ခုတည်းကပဲ မျိုးစုံဝယ်ယူခြင်း





ဒီအချက်က သတိထားသင့်ပါတယ်။ကိုယ်နဲ့တည့်လို့ ဒီအမျိုးအစားကိုပဲ နှစ်ချီသုံးတာ ပြဿနာမရှိပေမဲ့ တစ်ချို့ Cosmetic တွေမှာ Moisturizer လိမ်းရတာ အဆင်ပြေပေမဲ့ တိုနာကျတော့ ကိုယ်နဲ့သိပ်အဆင်မပြေသလို ခံစားရတတ်ပါတယ်။ထိရောက်မှုမရှိဘူးပေါ့။အဲ့ဒီလိုအခါမျိုးမှာဆို တံဆိပ်အစွဲထက် ကိုယ့်အသားအရည်ခြောက်သွေ့တာ၊စိုပြည်တာနဲ့ တွက်ချက်ပြီး တစ်ခြားတံဆိပ်တွေထဲက ၀ယ်ယူသုံးစွဲသင့်ပါတယ်။

Ref:Brightside

Unicode

မိန်းကလေးအများစုက အလှအပအတွက်သူတို့ဝင်ငွေရဲ ့သုံးပုံတစ်ပုံ၊သုံးပုံနှစ်ပုံလောက်ကိုသုံးကြပါတယ်။ဒီလိုအလှအပပစ္စည်းတွေသုံးကြတဲ့အခါမှာလည်း သတိထားစရာ၊ရှောင်စရာရှားစရာလေးတွေရှိနေပါတယ်။အလှအပကျွမ်းကျင်ပညာရှင်တွေကတော့ သူတို့ရဲ ့လေ့လာချက်တွေအရ ဒီအလှအပဆိုင်ရာအချက်တွေက မှားနေကြောင်း ဖွင့်ဟပြောဆိုခဲ့ပါပြီ။မိန်းကလေးတိုင်း ဖတ်ထားသိထားသင့်တယ်နော်













Ref:Brightside




Some text some message..