ဆွီဒင်နိုင်ငံရဲ့ လူသိနည်းသေးတဲ့ ထူးထူးခြားခြားအချက် (၆) ချက်
shwemom.com
|
2019-01-08

ဆွီဒင်နိုင်ငံဟာအခြားနိုင်ငံများနဲ့မတူဘဲ ထူးထူးခြားခြားဖြစ်နေတဲ့အချက်လေးတွေရှိပါတယ်။ ဖတ်ကြည့်လိုက်ရအောင်နော်။

(၁) သဘာဝတရားကိုအလေးထားတဲ့ Eco country ဖြစ်တယ်။



@scatalogger/Instagram

Eco-friendly lifestyle နဲ့ နေထိုင်တတ်ကြပါတယ်။ ဓာတ်ဆီ၊ ဒီဇယ်ဆီအစား biofuel ကိုအသုံးပြုကာ waste productionအနေနဲ့ တစ်ဇိုးတစ်စိမှမရှိဘဲ recycle ကို လိုအပ်တာထက်ပိုပြီး ပြုလုပ်နိုင်ကြပါတယ်။ စံပြနိုင်ငံတစ်ခုလို့ဆိုလို့ရမှာပါ။

(၂) နှစ်တိုင်း ပြန်လည်တည်ဆောက်ရတဲ့ဟိုတယ်



@icehotels/Instagram

ကမ္ဘာ့အထမဦးဆုံး ရေခဲဟိုတယ်ဟာ ဆွီဒင်မှာတည်ရှိတာပဲဖြစ်ပါတယ်။ နှစ်တိုင်းရဲ့ ဒီဇင်ဘာလမှ ဧပြီလအထိ ဆောက်လုပ်ရေးကာလအဖြစ်သတ်မှတ်ကာ ပြန်ပြင်ဆောက်လေ့ရှိပါတယ်။ ရေခဲဟိုတယ်ရဲ့ထူထဲလှတဲ့နံရံတွေ၊ ဘား၊ ထိုင်ခုံအပြင် တံခါးတို့ ပြူတင်းပေါက်တို့မှာတပ်ဆင်ထားတဲ့ မှန်နေရာတွေမှာပါ ရေခဲကိုအသုံးပြုထားတာပဲဖြစ်ပါတယ်။ တစ်နှစ်တစ်ခါပြန်လည်တည်ဆောက်ရတဲ့အတွက် ကမ္ဘာအနှံ့နှံ့မှ မတူညီတဲ့ ဗိသုကာလက်ရာရှင်တွေကို ခေါ်ယူကာ မတူညီတဲ့ဒီဇိုင်းတွေနဲ့ ဆန်းသစ်လေ့ရှိပါတယ်။

(၃) ဆွီဒင်ရဲ့ လက်မထပ်ဘဲအတူနေတဲ့အိမ်ထောင်ရေးအမျိုးအစား (၃) မျိုး



© depositphotos

ချစ်ရေးချစ်ရာအိမ်ထောင်ရေးအရဆက်ဆံပုံ (၃) မျိုးရှိပါတယ်။ သုံးမျိုးစလုံးဟာ စာချုပ်စာတန်းန့ လက်ထပ်ထားတာမျိုး၊ စေ့စပ်ထားတာမျိုး တစ်ခုမှမပါဝင်ကြပါဘူး။ Samboende, särbo နဲ့ iblandbo ဆိုတဲ့အမျိုးအစားသုံးမျိုးပါ။ သုံးမျိုးလုံးဟာ (၁၀) နှစ်ကြာ ရည်ရှည်လက်တွဲခဲ့ကြတဲ့ ချစ်သူစုံတွဲတွေဖြစ်ရမှာဖြစ်ပြီး တရားဝင် လက်မထပ်သေးလျှင်တောင် ကလေးလိုချင်ရင် ယူလို့ရပါတယ်။ ပထမအမျိုးအစားကတော့ တစ်အိမ်ထဲအတူတူနေတဲ့ စုံတွဲတွေပါ၊ ဒုတိယကတော့အတူတူမနေပေမယ့်အားလပ်ချိန်တွေမှာ ချိန်းတွေ့တတ်တဲ့ စုံတွဲတွေဖြစ်ပြီး နောက်ဆုံးအမျိုးအစားကတော့အချိန်အပိုင်းအခြားနဲ့အတူတူနေတဲ့ စုံတွဲတွေပဲဖြစ်ပါတယ်။

(၄) ပုံမှန်မဟုတ်တဲ့ ပီဇာတွေကို စားသုံးကြခြင်း



© quantum_quark / reddit

ဆွီဒင်မှာအီတလီဆိုင်တွေသိပ်ကိုပေါများလွန်းလှပါတယ်။အဲဒီထဲကမှအခြားနိုင်ငံတွေထက်စာလျှင် ဆွီဒင်မှာ သာမန်မဟုတ်တဲ့ပီဇာမျိုးတွေကို တေ့ွရတတ်ပါတယ်။ ဥပမာ၊အသား၊ ငှက်ပျောသီးနဲ့ဲပြုလုပ်ထားတဲ့ ပီဇာ၊အစေ့အဆံပီဇာတို့လိုမျိုးပါ။

(၅) Personal Space



© Notcruelladevil / imgur

ဆွီဒင်ပြည်သူတွေဟာ လွတ်လွတ်လပ်လပ် နေရတာကြိုက်ကြပုံပေါ်ပါတယ်။ ပုံထဲမှာအတိုင်းအချိန်အကြာကြီး ဘတ်စ်ကားစောင့်လျှင်တောင်မှအခုလိုပဲ ခပ်ခွာခွာစောင့်လေ့ရှိပါတယ်။

(၆) ပိုက်ဆံကိုင်ထားစရာ မလိုတဲ့ငွေပေးချေမှုများ



@crannberry81/Instagram

Eco-living lifestyle ပြီးလျှင်အခြားနိုင်ငံတွေမှအတုယူရမယ့်နောက်ထပ် ပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။အိမ်သာသွားတာအစ ဘတ်စကားစီးစာ၊အအေးဝယ်တာအဆုံးအကြွေစေ့တွေ၊ ပိုက်ဆံရွက်တွေကိုအသုံးမပြုဘဲ ကဒ်စနစ်ဖြင့် သွားကြတာပါ။


Source: Bright Side


Penny








Some text some message..