Lotayamm

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ရခိုင်စစ်ဘေးရှောင်များအားနေရာပြောင်းရွှေ့ထားရ
fifthwavenews.com
|
2019-01-08

ဇန်နဝါရီ ၈
ညိုမှိုင်း

ရခိုင်ပြည်နယ်အတွင်း အချိန်အခါမဟုတ်လေပြင်းတိုက်ခတ်ပြီး မိုးကြီးနေသည့်အတွက် စစ်ဘေးရှာင်ဒုက္ခသည်များအား ယာယီနေရာများ ပြောင်းရွှေထားရကြောင်း စခန်းတာဝန်ခံများကပြောသည်။

အဆိုပါမိုးရွာသွန်းမှုများမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့ညနေပိုင်းကစတင်ကာ ရခိုင်ပြည်နယ်အတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများဖြစ်ပွားခဲ့ကာ မြို့နယ် ၄ ခုအတွင်းရောက်ရှိနေကြသည့် စစ်ဘေးရှောင်မိသားစုများမှာ နီးစပ်ရာဘုန်းတော်ကြီးကျောင်းနှင့် တခြားမိုးခိုနိုင်သည့်အဆောက်အဦးများသို့ ယာယီပြောင်းရွှေ့နေကြရကြောင်းသိရသည်။

“မနေ့ကညနေပိုင်းကနေ လေပြင်းတွေစပြီးတိုက်ခတ်တယ်။ ညမိုးရွာလာတယ်။ တစ်ညလုံးမိုးကြီးနေတဲ့အတွက် မိသားစုတချို့ကို ဘုန်းတော်ကြီးကျောင်းမှာပြောင်းရွှေ့ထားရပါတယ်။ ကျန်တဲ့သူတွေကတော့ ဖြစ်သလိုနေကြရတာပေါ့။ နေစရာနေရာလည်းမရှိတော့ တော်တော်လေးကိုဒုက္ခရောက်ကြပါတယ်။”ဟု ဝါးတောင်ကယ်ဆယ်ရေးစခန်းတာဝန်ခံ ဦးအောင်ကျော်ညွှန့်ကပြောသည်။

ယင်းအပြင် တခြားကယ်ဆယ်ရေးစခန်းများတွင် နေထိုင်လျက်ရှိသည့် စစ်ဘေးရှောင်မိသားစုများအားလည်း ယခုကဲ့သို့ နေရာချထားမှုများပြုလုပ်ထားရှိခဲ့သော်လည်း မိုးသည်းထန်သည့်အတွက် စိုစွတ်မှုများရှိခဲ့ကြာ အဆင်မပြေဖြစ်နေကြ ကြောင်း စစ်ဘေးရှောင်များကပြောသည်။

“ကျွန်တော်တို့အခုနေတာက ယာယီတဲ့တွေနဲ့ပဲနေတာပါ။ ပြီးတော့ အိပ်တာကလည်း မြေကြီးပေါ်မှာမိုးကာတွေ ခင်းပြီးတော့ အိပ်နေရတာဆိုတော့ မိုးရွာတာနဲ့ရေတွေပြည့်လာတယ်။ နေစရာမရှိဖြစ်တယ်။ နီးစပ်ရာဘုန်းကြီးကျောင်းကို တချို့သွားကြတယ်။ ကလေးတွေနဲ့အမျိုးသမီးတွေ၊ အသက်ကြီးပိုင်းတွေ။ ကျန်တဲ့သူတွေကတော့ တစ်ညလုံးမိုးရေထဲမှာ နေရတာပေါ့။”ဟု စစ်ဘေးရှောင်ဦးမောင်လှကပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း မြို့နယ်လေးခုအတွင်း ထွက်ပြေးခိုလှုံနေကြသည့် စစ်ဘေးရှောင်ဦးရေ ၅၃၀၀ ကျော်ရှိနေပြီး ၎င်းတို့အား လယ်ကွင်းပြင်များနှင့် တခြားမြေကွက်လပ်များတွင် ယာယီတဲများဖြင့်နေရာချထား ပေးခြင်းဖြစ်သည်။

ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..