ကလေးအိပ်ရာထဲဆီးသွားလို့ စိတ်ညစ်နေတဲ့မေမေတို့အတွက် နည်းလမ်းကောင်းများ
trend.com.mm
|
2019-01-09

အသက် ၄နှစ်ကနေ ၇နှစ်ကြား ကလေးငယ်လေးတွေဟာ မကြာခဏဆိုသလိုအိပ်ရာထဲမှာဆီးသွားတတ်ကြပါတယ်။ကလေး ၁၅ရာခိုင်နှုန်းလောက်ဟာ တစ်ပတ်ကို ၂ကြိမ်လောက်အိပ်ရာထဲမှာဆီးသွားကြတယ်လို့လည်း လေ့လာတွေ့ရှိထားရပါတယ်။ဒီလိုဆီးသွားမိတဲ့အခါအိပ်ရာခင်းတွေညစ်ပတ်သွားတတ်ပြီး မွေ့ယာအထူပေါ်ပေါက်ချမိလို့ကတော့ ပြန်လျှော်ရတာခက်သလိုအရင်ဆုံးအမေ့အဆူခံရမှာ ကျိန်းသေပါပဲ။မိဘတွေအနေနဲ့ ကလေးကိုအိပ်ရာထဲရှူးရှူးမပေါက်ချဖို့ပြောထားပေမဲ့ ပြောရုံနဲ့မရပါဘူး။မိဘတွေက ကလေးအိပ်ရာထဲမပေါက်ချအောင် ကြိုတင်ကာကွယ်နိုင်မယ့်အချက်လေးတွေလည်းပြင်ဆင်ထားသင့်ပါတယ်။ဒီနည်းလေးတွေက သင့်ကလေးအိပ်ရာထဲဆီးမသွားအောင် ကာကွယ်ပေးနိုင်မှာပါ။


*ညအိပ်ရာမဝင်ခင် ရေလျှော့သောက်ခိုင်းပါ







ညနေခင်းကစလို့ ရေအများကြီးမသောက်ခိုင်းပါနဲ့။အထူးသဖြင့်အိပ်ခါနီးအချိန်မှာ ရေများများသောက်မိရင် ညဘက်အိပ်ရာထဲပေါက်ချမိနိုင်ပါတယ်။မနက်ပိုင်းနဲ့ နေ့လည်ခင်းပိုင်းမှာသာ ရေများများသောက်ခိုင်းပြီး ညဘက်မှာတော့ သင့်ကလေးကို ရေလျှော့သောက်ခိုင်းပါ။


*ဆီးသွားချင်စိတ်ဖြစ်စေတဲ့အစားအစာတွေမစားခိုင်းပါနဲ့







ကလေးငယ်တွေဆီးအိမ်မထိန်းနိုင်ပဲ ပေါက်ချမိစေနိုင်တဲ့အစားအစာတွေရှိပါတယ်။ဘာတွေလဲဆိုတော့အချဉ်ဓာတ်ပါတဲ့ဖျော်ရည်တွေ၊လိမ္မော်ရည်၊သံပုရာရည်၊နာနတ်သီးဖျော်ရည်၊ပန်းသီးဖျော်ရည်တွေပဲဖြစ်ပါတယ်။ပြီးတော့ နွားနို့၊ဒိန်ချဉ်စတဲ့အရည်တွေကိုလည်းညအိပ်ရာဝင်ခါနီးကပ်ပြီးမတိုက်ပါနဲ့။အဲ့ဒီအရည်တွေဟာ ပိုပြီးအိပ်ချင်စေတဲ့အတွက် ဆီးသွားချင်ရင်တောင်အိပ်ချင်နေတာနဲ့ မထပဲအိပ်ရာထဲမှာသာ ပေါက်ချမိစေပါတယ်။


*ကလေးနဲ့စကားပြောပါ





တစ်နေ့တာဖြစ်ပျက်ခဲ့သမျှအကြောင်းအရာတွေကို ကလေးအိပ်ခါနီးအချိန်မှာ မေးမြန်းပါ။သူ့ရဲ့စိတ်ခံစားချက်က ဘယ်လိုဖြစ်နေလဲဆိုတာသိအောင်ကြိုးစားပါ။ကလေးမှာ စိတ်ဖိစီးမှုများနေတာ၊တစ်ခုခုကိုစိုးရိမ်ပူပန်စိတ်ဖြစ်နေတာမျိုးကလည်းအိပ်ရာပေါ်မှာဆီးသွားတာနဲ့ဆက်နွယ်မှုရှိနေပါတယ်။သူတို့ရဲ့စိတ်ဖိစီးမှုတွေကို ဖွင့်ထုတ်လိုက်မယ်ဆိုရင် စိတ်ဖိစီးမှုလျော့ပါးပြီးအိပ်ရာထဲဆီးသွားတာမျိုးလည်း လျော့နည်းလာနိုင်ပါတယ်။


*အိပ်ရာမဝင်ခင် သန့်စင်ခန်းဝင်ခိုင်းပါ
အိပ်ရာမဝင်ခင် သန့်စင်ခန်းဝင်တတ်တဲ့အလေ့အကျင့်ရှိနေမယ်ဆိုရင် တစ်ရေးနိုးရှူးရှူးပေါက်ချတာမျိုးလျော့နည်းသွားပါလိမ့်မယ်။


*ဆုပေးပါ









Ref:Brightside

Unicode

အသက် ၄နှစ်ကနေ ရနှစ်ကြား ကလေးငယ်လေးတွေဟာ မကြာခဏဆိုသလို အိပ်ရာထဲမှာဆီးသွားတတ်ကြပါတယ်။ကလေး ၁၅ရာခိုင်နှုန်းလောက်ဟာ တစ်ပတ်ကို ၂ကြိမ်လောက် အိပ်ရာထဲမှာဆီးသွားကြတယ်လို့လည်း လေ့လာတွေ့ရှိထားရပါတယ်။ဒီလိုဆီးသွားမိတဲ့အခါ အိပ်ရာခင်းတွေညစ်ပတ်သွားတတ်ပြီး မွေ့ယာအထူပေါ်ပေါက်ချမိလို့ကတော့ ပြန်လျှော်ရတာခက်သလို အရင်ဆုံး အမေ့အဆူခံရမှာ ကျိန်းသေပါပဲ။မိဘတွေအနေနဲ့ ကလေးကို အိပ်ရာထဲရှူးရှူးမပေါက်ချဖို့ပြောထားပေမဲ့ ပြောရုံနဲ့မရပါဘူး။မိဘတွေက ကလေးအိပ်ရာထဲမပေါက်ချအောင် ကြိုတင်ကာကွယ်နိုင်မယ့် အချက်လေးတွေလည်းပြင်ဆင်ထားသင့်ပါတယ်။ဒီနည်းလေးတွေက သင့်ကလေးအိပ်ရာထဲဆီးမသွားအောင် ကာကွယ်ပေးနိုင်မှာပါ။

*ညအိပ်ရာမဝင်ခင် ရေလျှော့သောက်ခိုင်းပါ

ညနေခင်းကစလို့ ရေအများကြီးမသောက်ခိုင်းပါနဲ့။အထူးသဖြင့် အိပ်ခါနီးအချိန်မှာ ရေများများသောက်မိရင် ညဘက်အိပ်ရာထဲပေါက်ချမိနိုင်ပါတယ်။မနက်ပိုင်းနဲ့ နေ့လည်ခင်းပိုင်းမှာသာ ရေများများသောက်ခိုင်းပြီး ညဘက်မှာတော့ သင့်ကလေးကို ရေလျှော့သောက်ခိုင်းပါ။

*ဆီးသွားချင်စိတ်ဖြစ်စေတဲ့အစားအစာတွေမစားခိုင်းပါနဲ့

ကလေးငယ်တွေဆီးအိမ်မထိန်းနိုင်ပဲ ပေါက်ချမိစေနိုင်တဲ့ အစားအစာတွေရှိပါတယ်။ဘာတွေလဲဆိုတော့ အချဉ်ဓာတ်ပါတဲ့ဖျော်ရည်တွေ၊လိမ္မော်ရည်၊သံပုရာရည်၊နာနတ်သီးဖျော်ရည်၊ပန်းသီးဖျော်ရည်တွေပဲဖြစ်ပါတယ်။ပြီးတော့ နွားနို့၊ဒိန်ချဉ်စတဲ့အရည်တွေကိုလည်းညအိပ်ရာဝင်ခါနီးကပ်ပြီးမတိုက်ပါနဲ့။အဲ့ဒီအရည်တွေဟာ ပိုပြီးအိပ်ချင်စေတဲ့အတွက် ဆီးသွားချင်ရင်တောင် အိပ်ချင်နေတာနဲ့ မထပဲ အိပ်ရာထဲမှာသာ ပေါက်ချမိစေပါတယ်။

*ကလေးနဲ့စကားပြောပါ

တစ်နေ့တာဖြစ်ပျက်ခဲ့သမျှအကြောင်းအရာတွေကို ကလေးအိပ်ခါနီးအချိန်မှာ မေးမြန်းပါ။သူ့ရဲ့စိတ်ခံစားချက်က ဘယ်လိုဖြစ်နေလဲဆိုတာသိအောင်ကြိုးစားပါ။ကလေးမှာ စိတ်ဖိစီးမှုများနေတာ၊တစ်ခုခုကိုစိုးရိမ်ပူပန်စိတ်ဖြစ်နေတာမျိုးကလည်း အိပ်ရာပေါ်မှာဆီးသွားတာနဲ့ဆက်နွယ်မှုရှိနေပါတယ်။သူတို့ရဲ့စိတ်ဖိစီးမှုတွေကို ဖွင့်ထုတ်လိုက်မယ်ဆိုရင် စိတ်ဖိစီးမှုလျော့ပါးပြီး အိပ်ရာထဲဆီးသွားတာမျိုးလည်း လျော့နည်းလာနိုင်ပါတယ်။


*အိပ်ရာမဝင်ခင် သန့်စင်ခန်းဝင်ခိုင်းပါ
အိပ်ရာမဝင်ခင် သန့်စင်ခန်းဝင်တတ်တဲ့အလေ့အကျင့်ရှိနေမယ်ဆိုရင် တစ်ရေးနိုးရှူးရှူးပေါက်ချတာမျိုးလျော့နည်းသွားပါလိမ့်မယ်။

*ဆုပေးပါ

ကလေးက အိပ်ရာထဲဆီးသွားတဲ့အခါ ရိုက်နှက်အပြစ်ပေးတာထက် အပေါ်ကအချက်လေးအတိုင်း ကလေးကိုလုပ်ပေးမယ်။ကလေးက ကစားတာတော်တဲ့အခါ၊စာဖတ်ပြတာတော်တဲ့အခါ ဆုလေးတွေပေးကြည့်မယ်ဆိုရင် ကလေးလည်းစိတ်ချမ်းသာပျော်ရွှင်ပြီး အိပ်ရာထဲမှာဆီးသွားတဲ့အလေ့အကျင့်လျော့နည်းလာပါလိမ့်မယ်။အိပ်ရာထဲမှာဆီးမသွားရင် ဆုပေးမယ်ဆိုတာထက် တစ်ခြားကိစ္စတွေမှာတော်တဲ့အခါ ဆုပေးမယ်ဆိုတာမျိုးလုပ်ကြည့်ပါ။ဒါက အထောက်အကူဖြစ်စေပါလိမ့်မယ်။

ကဲ ကိုယ့်ကလေး အရွယ်ရောက်လာတဲ့အထိ အိပ်ရာထဲမှာဆီးသွားတာမျိုးမဖြစ်စေချင်ဘူးဆိုရင် ဒီအချက်လေးတွေလုပ်ကြည့်ပါ

Ref:Brightside




Some text some message..