ကိုယ့်နာမည်က ပြောပြနေတဲ့ ကိုယ့်ရဲ့အကြောင်း
popolay.com
|
2019-01-09
ဗေဒင်နတ္ခတ်နဲ့ တွက်ချက်တာမျိုး မဟုတ်ပဲ သင့်ရဲ့အမည်က သင့်ရဲ့ စိတ်နေသဘောထားက ဘယ်လိုရှိတယ်ဆိုတာ ပြောပြနိုင်တယ်ဆိုတာ ယုံကြည်လိုက်ပါ။ ဗေဒင်ပညာသိဖို့မလိုပဲ ကိုယ့်နာမည်ကိုအင်္ဂလိပ်လို စာလုံးပေါင်းပြီး ရလာတဲ့ နောက်ဆုံးနံပါတ် တစ်ခုက ကိုယ့်ရဲ့အကြောင်းကို ကောင်းကောင်းကြီး ပြောပြပါလိမ့်မယ်။

နံပါတ်(၁) ဂဏန်းသမားတွေဟာအားလုံးထဲမှာ ကိုယ်ကိုယ်ကိုယ်ယုံကြည်မှုအားကောင်းသူတွေ စိတ်ဓာတ်ခိုင်မာသူတွေ ဖြစ်ပါတယ်။ တစ်ခုခုကို ဆန္ဒပြင်းပျလာပြီဆိုတာနဲ့ မဖြစ်ဖြစ်အောင်အကောင်အထည်ဖော်တတ်တဲ့ သူမျိုးတွေဖြစ်တယ်။ သူတို့ကို ဘာလုပ်ပါလို့ တစ်ယောက်ယောက် စေခိုင်းတာမျိုး လုံးဝ မနှစ်သက်တတ်ဘူး။ သူတို့ကသာလျှင် တစ်ခြားလူတွေကို ဘာလုပ်ပါလို့ ညွှန်ကြားချင်တဲ့ သူတွေ ဖြစ်တယ်။

နံပါတ်(၂) ဂဏန်းသမားတွေဟာ သဘောထားနူးညံ့သိမ့်မွေ့တဲ့ စိတ်ထားမျိုးပိုင်ဆိုင်သူတွေဖြစ်တယ်။ သူတို့တွေဟာ ရှက်တတ်တယ်၊ ယဉ်ကျေးမှုရှိပြီး တစ်ပါးသူအပေါ် လည်း ကြင်နာတတ်ကတယ်၊ တိရိစ္ဆာန်လေးတွေဆိုရင်လည်း သိပ်ချစ်တတ်ကြတယ်။အေးအေးဆေးဆေးနေတတ်သူတွေပီပီအပြင်ထွက်လျှောက်လည်ရတာထက်စာရင်အိပ်ထဲမှာ စာဖတ်ပြီးနေချင်တဲ့ သူမျိုးတွေပါ။ နူးညံ့တဲ့စိတ်ထားကြောင့် ပျော်ရွှင်ခြင်း၊ ဝန်းနည်းခြင်းတွေ တစ်ခုမဟုတ်တခုက သူတို့ဆီမှာ ရှိနေတတ်ကြတယ်။

နံပါတ်(၃) ဂဏန်းပိုင်ရှင်တွေကတော့ သွက်လက်တက်ကြွသူတွေဖြစ်တယ်။အလုပ်တွေကိုအချိန်အတိ စနစ်တကျပုံမှန်လုပ်တတ်တာမို့ သူတို့မှာအချိန်မလောက်ဘူးဆိုတဲ့ ပြဿနာမရှိပဲ ဝါဿနာပါတာတွေအတွက်ပါအမြဲအချိန်ရှိနေတတ်သူတွေဖြစ်ပါတယ်။ တစ်နည်းဆိုရသော်အချိန်ကို စနစ်တကျ စီမံခန့်ခွဲတတ်သူတွေပါ။ ရိုးသားဖြောင့်မတ်တဲ့စိတ်၊ ထိုးထွင်းသိတဲ့စိတ်မျိုးတွေ ပိုင်ဆိုင်ထားကြသူမို့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကပါ မှီခိုအားထားလောက်တဲ့ သူမျိုးတွေဖြစ်ပါတယ်။

နံပါတ်(၄) ဂဏန်းပိုင်ရှင်တွေကတော့ လိမ္မာပါးနပ်သူတွေ၊ ဖျတ်လပ်သွက်လက်သူတွေ ဖြစ်ပါတယ်။ သူတို့က လူတွေကို ရယ်မောအောင်လည်း လုပ်နိုင်စွမ်းရှိသူတွေပါ။ နေရာတကာ ရှက်နေတတ်သူတွေမဟုတ်ပဲ သူတို့ရဲ့အမြင်တွေကို ပြောချလိုက်ဖို့ တုံ့ဆိုင်းနေတာမျိုး မရှိပါဘူး။ ဒီလိုပွင့်ပွင့်လင်းလင်း ပြောတတ်လို့ သူတို့ရဲ့ စကားတိုင်းကို လူတွေမကြိုက်တဲ့အချက်မျိုးနဲ့ ကြုံတွေ့တတ်ပါတယ်။

နံပါတ်(၅) ပိုင်ရှင်တွေကတော့ ဉာဏ်ရည်ထက်မြက်သူတွေဖြစ်ပြီးအရိပ်ပြလိုက်တာနဲ့အကောင်ထင်ပြီးသား လူစားမျိုးတွေဖြစ်ပါတယ်။ ကိစ္စအတော်များများပေါ်မှာ စိတ်ဝင်စားတတ်သူဖြစ်(တစ်နည်း စပ်စုတတ်)သလို ပေါင်းလို့သင်းလို့ကောင်းတဲ့ သူတွေဖြစ်ပါတယ်။ ခရီးသွားရတာနဲ့အထူးအဆန်းတွေ လုပ်ရတာကိုအလွန်သဘောကျသူတွေဖြစ်ပါတယ်။

နံပါတ်(၆) ဂဏန်းပိုင်ရှင်ကတော့ နံပါတ်တွေအားလုံးထဲမှာအပျော်ရွှင်ဆုံးနဲ့အကောင်မြင်တတ်ဆုံး သူတွေဖြစ်ပါတယ်။ သူတို့တွေဟာ ဘယ်လောက်ပဲဆိုးတဲ့အခြေအနေတွေနဲ့ ကြုံနေပါစေအဲဒီအထဲကအကောင်းကိုပဲ ရွေးချယ်တတ်ကြသူတွေပါ။အဲဒီလိုအကောင်းမြင်တတ်တဲ့ စိတ်ကို ပိုင်ဆိုင်ထားလို့ မိတ်ဆွေတွေအများကြီး ရှိထားသူဖြစ်ပါတယ်။

နံပါတ်(၇) ဂဏန်းသမားတွေဟာ ပါးနပ်သူတွေဖြစ်သလိုအရာရာကိုအလေးအနက်ထားပြီး ဆိတ်ဆိတ်ငြိမ်ငြိမ်နေတတ်သူတွေဖြစ်ပါတယ်။ သူတို့တွေဟာအပေါင်းအသင်းနဲသူတွေဖြစ်ပြီးအနီးကပ်ပေါင်းတဲ့ သူငယ်ချင်း တစ်ယောက်နှစ်ယောက်လောက်ပဲ ရှိတတ်ကြသူတွေဖြစ်ပါတယ်။ တစ်ယောက်ထဲနေရတာကို သဘောကျပြီး လူစည်ကားတဲ့နေရာတွေ ပွဲလမ်းသဘင်တွေ သွားရတာကို နှစ်ခြိုက်လေ့မရှိပါဘူး။ (၇)ဂဏန်းသမားတွေဟာ တိရိစ္ဆာန်လေးတွေကို ချစ်တတ်သလိုအေးချမ်းတဲ့ တောတောင်သဘာဝတွေကိုလည်း မြတ်နိုးတတ်သူတွေဖြစ်ပါတယ်။

နံပါတ်(၈) သမားတွေက ထိုးထွင်းသိစိတ်ရှိပြီးအများနဲ့လိုက်လျောညီထွေ နေတတ်ကြသူတွေဖြစ်ပါတယ်။ ဒါကြော်င့်မို့ တစ်ခါတစ်ရံ တစ်ဖက်သားအပေါ်အရမ်းကြင်နာပြတတ်သူတွေပါ။ သူတို့တွေဟာအလုပ်ကြိုးစားသလို ဝါသနာပါရာကိစ္စတွေမှာလည်းအားထုတ်ကြိုးပမ်းသူတွေဖြစ်ပါတယ်။

နံပါတ်(၉) ပိုင်ရှင်တွေကတော့အနုပညာဆန်သူတွေဖြစ်တယ်လို့ ခြုံပြောနိုင်ပါတယ်။ သူတို့တွေဟာ ပါးနပ်တယ်၊ စိတ်ကူးပုံဖော်နိုင်စွမ်းရှိကြပေမယ့် တစ်ခါတစ်လေအပျင်းတစ်နေတတ်ကြသူတွေပါ။ ပျော်ပျော်ပါးပါးနေရတာကို သူတို့ကိုယ်တိုင် နှစ်ခြိုက်ကြပါတယ်။ လူအတော်များများက (၉) ဂဏန်းပိုင်ရှင်တွေကို သဘောကျပြီးအပေါင်းအသင်းလုပ်ချင်ကြပါတယ်။ ဒါပေမယ့် သူတို့ကတော့ လူတွေအပေါ်အမြဲတစေ ကောင်းလှတယ် မဟုတ်ပဲ သူများအတွက် သိပ်အချိန်မပေးချင်ကြသူမျိုးဖြစ်ပါတယ်။

ကိုယ့်ရဲ့နာမည်ပေါင်းခြင်း နံပါတ်က ပြောပြတဲ့ ကိုယ့်ရဲ့စိတ်နေသဘောထားနဲ့ မှန်ကန်တိုက်ဆိုင်တယ်ဆိုရင် သူငယ်ချင်းတွေသိအောင် ရှဲပေးဖို့ မမေ့ပါနဲ့ဦး..။




Some text some message..