တစ်ခါတစ်လေ သူများတွေလောက်တောင် ကိုယ်ကအဖြစ်မရှိသေးဘူးလို့ခံစားရဖူးလား?
trend.com.mm
|
2019-01-14
တစ်ခါတစ်လေ ကိုယ်လည်းအလုပ်အကိုင်ရှိရက်နဲ့ကို ဘာမှအဖြစ်မရှိသလိုမျိုး၊တစ်ခြားသူငယ်ချင်းတွေက ကိုယ့်ထက် ပိုပြီးအရည်အချင်းမြင့်တယ်၊အရည်အချင်းရှိတယ်။ကိုယ်ကတော့ သူတို့လောက် မဟုတ်သေးဘူး။မအောင်မြင်သေးဘူးလို့ တွေးပြီး စိတ်ဓာတ်ကျနေတတ်ပါတယ်။အဲ့ဒီအခါမှာ ကိုယ်လုပ်နေတဲ့အလုပ်က တကယ်ပဲ ကိုယ့်ဘဝကိုယ်တိုးတက်စေရဲ့လား၊တကယ်ပဲ ကိုယ်သွားနေတဲ့လမ်းကြောင်းက မှန်ကန်ရဲ့လား၊သူ့အလုပ်မျိုး ရွေးချယ်ခဲ့ရင်ကောင်းသား ပြန်ပြီးတွေးတောစပြုလာတတ်ပါပြီ။
တကယ်တော့အဲ့ဒီလိုဖြစ်တာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။လူတော်တော်များများက တစ်ခြားရွယ်တူတွေရဲ့အောင်မြင်မှုတွေမြင်နေရတဲ့အခါ သူတို့အပေါ် မနာလိုစိတ်ထက် ကိုယ်ရွေးချယ်ထားတဲ့လမ်းကြောင်းက မှန်ကန်ရဲ့လား၊ကိုယ်တစ်ယောက်တည်းပဲ ကျရှုံးနေတာလားဆိုပြီး တွေဝေစဉ်းစားကာအားငယ်တတ်ကြပါတယ်။
အဲ့ဒီလိုမျိုး ကိုယ်သွားနေတဲ့လမ်းကြောင်းက ကိုယ့်ဘဝကိုတကယ်ပဲမြှင့်တင်ပေးနိုင်ရဲ့လားဆိုပြီးစိတ်ဓာတ်ကျအားမငယ်ခင် တွေးရမှာက ဒီအလုပ်ကို ဘာလို့ရွေးချယ်ခဲ့တာလဲဆိုတာပါပဲ။ကိုယ်က တစ်ချိန်က ဒီအလုပ်ကိုဝါသနာပါလို့ရွေးချယ်ခဲ့တယ်။ဒီအလုပ်ကိုလုပ်ခဲ့တယ်။ဒါပေမဲ့ သူများတွေလောက် ကိုယ်ကဖြစ်မလာဘူးလို့ခံစားလာရတဲ့အခါ ကိုယ့်ရဲ့ရပ်တည်မှုတွေက ဖရိုဖရဲဖြစ်လာတတ်ပါတယ်။
အဲ့ဒီလိုဖြစ်လာတဲ့အခါ သင့်ဘက်က တွေးရမှာက လမ်းကြောင်းမတူတဲ့အတွက် သူ့အောင်မြင်မှုနဲ့ကိုယ့်အောင်မြင်မှုဆိုတာ မတူညီနိုင်ပါဘူး။သူအဆင်ပြေသာယာနေတဲ့အချိန် ကိုယ့်မှာအခက်အခဲတွေရှိနိုင်ပေမဲ့ ကိုယ်အဆင်ပြေစိတ်ချမ်းသာနေတဲ့အချိန် သူ့မှာဘယ်လိုအခက်အခဲတွေရှိနေမလဲဆိုတာ မပြောနိုင်ပါဘူး။ ဆိုလိုချင်တာကတော့ ဘယ်လမ်းကြောင်းကိုပဲရွေးချယ်ရွေးချယ် သူလည်းစိတ်ညစ်စရာအခိုက်အတန့်ဆိုတာရှိမှာဖြစ်သလို ကိုယ့်မှာလည်း စိတ်ညစ်စရာအခိုက်အတန့်၊ပျော်ရွှင်စရာအခိုက်အတန့်ဆိုတာအတူတူပဲရှိကြတယ်ဆိုတာပါပဲ။ရပ်တည်မှုခြင်းမတူပေမဲ့ သူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ သူကအောင်မြင်နေတဲ့သူဖြစ်သလို သင်ဟာလည်း သင့်ပတ်ဝန်းကျင်မှာအောင်မြင်နေတဲ့သူတစ်ယောက်ပါပဲ။ဒါကိုလည်း မမေ့ပါနဲ့
Unicode
တစ်ခါတစ်လေ ကိုယ်လည်းအလုပ်အကိုင်ရှိရက်နဲ့ကို ဘာမှအဖြစ်မရှိသလိုမျိုး၊တစ်ခြားသူငယ်ချင်းတွေက ကိုယ့်ထက် ပိုပြီးအရည်အချင်းမြင့်တယ်၊အရည်အချင်းရှိတယ်။ကိုယ်ကတော့ သူတို့လောက် မဟုတ်သေးဘူး။မအောင်မြင်သေးဘူးလို့ တွေးပြီး စိတ်ဓာတ်ကျနေတတ်ပါတယ်။အဲ့ဒီအခါမှာ ကိုယ်လုပ်နေတဲ့အလုပ်က တကယ်ပဲ ကိုယ့်ဘဝကိုယ်တိုးတက်စေရဲ့လား၊တကယ်ပဲ ကိုယ်သွားနေတဲ့လမ်းကြောင်းက မှန်ကန်ရဲ့လား၊သူ့အလုပ်မျိုး ရွေးချယ်ခဲ့ရင်ကောင်းသား ပြန်ပြီးတွေးတောစပြုလာတတ်ပါပြီ။
တကယ်တော့ အဲ့ဒီလိုဖြစ်တာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။လူတော်တော်များများက တစ်ခြားရွယ်တူတွေရဲ့အောင်မြင်မှုတွေမြင်နေရတဲ့အခါ သူတို့အပေါ် မနာလိုစိတ်ထက် ကိုယ်ရွေးချယ်ထားတဲ့လမ်းကြောင်းက မှန်ကန်ရဲ့လား၊ကိုယ်တစ်ယောက်တည်းပဲ ကျရှုံးနေတာလားဆိုပြီး တွေဝေစဉ်းစားကာ အားငယ်တတ်ကြပါတယ်။
အဲ့ဒီလိုမျိုး ကိုယ်သွားနေတဲ့လမ်းကြောင်းက ကိုယ့်ဘဝကိုတကယ်ပဲဲမြှင့်တင်ပေးနိုင်ရဲ့လားဆိုပြီးစိတ်ဓာတ်ကျအားမငယ်ခင် တွေးရမှာက ဒီအလုပ်ကို ဘာလို့ရွေးချယ်ခဲ့တာလဲဆိုတာပါပဲ။ကိုယ်က တစ်ချိန်က ဒီအလုပ်ကို၀ါသနာပါလို့ရွေးချယ်ခဲ့တယ်။ဒီအလုပ်ကိုလုပ်ခဲ့တယ်။ဒါပေမဲ့ သူများတွေလောက် ကိုယ်ကဖြစ်မလာဘူးလို့ခံစားလာရတဲ့အခါ ကိုယ့်ရဲ့ရပ်တည်မှုတွေက ဖရိုဖရဲဖြစ်လာတတ်ပါတယ်။
အဲ့ဒီလိုဖြစ်လာတဲ့အခါ သင့်ဘက်က တွေးရမှာက လမ်းကြောင်းမတူတဲ့အတွက် သူ့အောင်မြင်မှုနဲ့ကိုယ့်အောင်မြင်မှုဆိုတာ မတူညီနိုင်ပါဘူး။သူအဆင်ပြေသာယာနေတဲ့အချိန် ကိုယ့်မှာအခက်အခဲတွေရှိနိုင်ပေမဲ့ ကိုယ်အဆင်ပြေစိတ်ချမ်းသာနေတဲ့အချိန် သူ့မှာဘယ်လိုအခက်အခဲတွေရှိနေမလဲဆိုတာ မပြောနိုင်ပါဘူး။ဆိုလိုချင်တာကတော့ ဘယ်လမ်းကြောင်းကိုပဲရွေးချယ်ရွေးချယ် သူလည်းစိတ်ညစ်စရာအခိုက်အတန့်ဆိုတာရှိမှာဖြစ်သလို ကိုယ့်မှာလည်းစိတ်ညစ်စရာအခိုက်အတန့်၊ပျော်ရွှင်စရာအခိုက်အတန့်ဆိုတာ အတူတူပဲရှိကြတယ်ဆိုတာပါပဲ။ရပ်တည်မှုခြင်းမတူပေမဲ့ သူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ သူက အောင်မြင်နေတဲ့သူဖြစ်သလို သင်ဟာလည်း သင့်ပတ်ဝန်းကျင်မှာ အောင်မြင်နေတဲ့သူတစ်ယောက်ပါပဲ။ဒါကိုလည်း မမေ့ပါနဲ့
စိတ်ဓာတ်ကျနေမယ့်အစား ကိုယ်က ကိုယ့်ရပ်တည်မှုကိုပိုပြီးခိုင်မာအောင်ကြိုးစားနေရမှာပါ။ဘယ်သူမှအချိန်တိုင်း အောင်မြင်မှုတွေရမနေသလို ဘယ်သူမှအချိန်တိုင်းကျရှုံးမနေပါဘူး။ကိုယ်က ကိုယ့်လမ်းကြောင်းကို မှန်မှန်ကန်ကန်လျှောက်နေဖို့ပဲလိုပါတယ်။
Some text some message..