ယောကျ်ားလေးနဲ့ မိန်းကလေးကြားက BFF ဆိုတာ တကယ်ရှိနိုင်လား ..
trend.com.mm
|
2019-01-15




ယောကျ်ားလေးနဲ့ မိန်းကလေးကြားမှ သံယောဇဉ်ဖြစ်လာတဲ့အခါ သူငယ်ချင်းအနေနဲ့ ဆက်လက်
တည်တံ့သွားဖို့ဆိုတာ ဖြစ်နိုင်လား ? နာမည်ကြီး ရုပ်ရှင်တစ်ခုဖြစ်တဲ့ ” When Harry Met Sally ” မှာ ယောကျ်ားလေးနဲ့ မိန်းကလေးဆိုတာအဆုံးစွန်ထိ တစ်ယောက်နဲ့တစ်ယောက်အပေါ် ဆွဲဆောင်ကြသူတွေပဲဆိုတာကို ပရိတ်သတ်တွေကို ပြောပြသွားတယ်။







စာဖတ်သူမှာရောအချစ်ဆုံး ယောကျ်ားလေးဆိုတာမျိုးရှိလား။ ရှိခဲ့ရင်ရော.. သူ့အပေါ် မရိုးမသားစိတ်မဖြစ်ခဲ့ဖူးဆိုတာ သေချာလား။ ဆန်းစစ်ကြည့်ပါ။ ” နင့်ကိုငါ ယောကျ်ားတစ်ယောက်လို့ကို မမြင်တာ.. မရိုးသားစိတ်ဖြစ်ဖို့ဆိုတာ ဝေးသေး ” လို့ ပြောဖူးကြမှာပေါ့။ တစ်ချို့တစ်ဝက်အတွက်တော့ ဒီစကားကဟုတ်ချင်ဟုတ်ပါလိမ့်မယ်။







လေ့လာမှုတွေအရတော့ ယောကျ်ားလေးတွေဟာ သူငယ်ချင်းမိန်းကလေးအပေါ် ပိုပြီးဆွဲဆောင်ချင်စိတ်ရှိကြပါတယ်တဲ့။ မိန်းကလေးတွေမှာတော့ နည်းပါတယ်။ ယောကျ်ားလေးတွေဟာ Friendzone ကိုကြာကြာ မထိန်းနိုင်ပါဘူး။ သူတို့ရဲ့မိန်းကလေးသူငယ်ချင်းလေးတွေအပေါ် ခံစားချက်ကိုလည်း မကိုင်တွယ်နိုင်ဖြစ်တတ်ကြပါတယ်။


ဒါဟာအနေနီးမှုကြောင့် သူငယ်ချင်းအရင်းတွေဆိုပြီး ကိုယ်ခန္ဓာ ထိတွေ့မှုတွေနဲ့လည်း ဆက်စပ်
နေပါတယ်။ ဘာရယ်မဟုတ်ပဲ ပုံမှန်ဂရုစိုက်မှုလေးတွေက ယောကျာ်းလေး (သို့) မိန်းကလေးအပေါ်
စိတ်ခံစားမှုတွေ သက်ရောက်စေပါတယ်။ မိန်းကလေးတွေဘက်က သူငယ်ချင်းယောကျ်ားလေးအပေါ်ဆွဲဆောင်မှုကိုတော့ ၂၉ရာခိုင်နှုန်းသောအမျိုးသမီးတွေသာ ဝန်ခံထားပါတယ်။







တစ်ချို့ကောင်လေးနဲ့ ကောင်မလေးတွေ ပခုံးဖက်ပေါင်းပြီး တသက်လုံး BFFအဖြစ်နေသွားသူတွေလည်းရှိပါတယ်။ ဒါပေမယ့် သူတို့စိတ်ထဲ ခံစားချက်တစ်စုံတစ်ရာ ဖြစ်ဖူး၊ မဖြစ်ဖူးလားဆိုတာကိုတော့ ကာယံကရှင်တွေကလွဲရင် မသိနိုင်ပါဘူးနော်။ ကဲ… ဒါဖြင့် သင်ရော.. ကိုယ့်ရဲ့သူငယ်ချင်း မိန်းကလေး/ယောကျ်ားလေးအပေါ် ရိုးသားလား … ခံစားချက်တွေရှိခဲ့ဖူးလား..




Some text some message..