ကွယ်ရာမှာပြောတဲ့စကားတိုင်းကအတင်းပါပဲတဲ့။ လူတိုင်း သူများမကောင်းကြောင်းရော ၊ ကောင်း
ကြောင်းရော ပြောကြမှာပါ။ မကောင်းကြောင်းပြောတာကတော့ ပိုများတာပေါ့။ ဒါပေမယ့်အားရှိသရွေ့လူလစ်ရင် လစ်သလို သူများမကောင်းကြောင်းချည်း ကိုယ့်ဘေးနားလာထိုင်ပြောနေတဲ့သူတွေနဲ့ ရှိနေရတာ တစ်ခါတစ်လေ သင်လည်း စိတ်ကျဉ်းကျပ်မှာအမှန်ပါပဲ။
ဟုတ်တော့လည်း ဟုတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကအမြင်မတူနိုင်ပါဘူး။ သူကြည့်မရတဲ့လူက သင့်အတွက်တော့အေးဆေးဖြစ်နေရင်လည်း ဖြစ်မှာပါပဲ။အတင်းပြောနေတာကို ထောက်ခံပြန်ရင် ကိုယ်လည်းကြံရာပါဖြစ်သလို သူ့ဘက်မလိုက်ရင်လည်း ကိုယ့်ငြိုငြင်ဦးမယ့်အကွက်တွေပါ။
ဒီတော့ သင့်အနေနဲ့လုပ်နိုင်တာက ဒီလိုလူတွေကို ရှောင်နေတာအကောင်းဆုံးပါပဲ။ နောက်တစ်ခုရှိတာကအမုန်းခံနိုင်ရင်ပေါ့။ ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်းပြောနိုင်ပါတယ်။အရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်နေပေမယ့် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။ ရေလိုက် ငါးလိုက်နေပြီး ဘယ်သူဘက်မှမပါပဲ ကြားနေတတ်ရင်လည်း သာယာတာပေါ့။
ကိုယ့်ကို သူများအတင်းလာတုပ်သူဟာ တစ်ချိန်မှာလည်း ကွယ်ရာရောက်ရင် ကိုယ့်အကြောင်းကိုအတင်းချနိုင်တယ်ဆိုတာ မမေ့ပါနဲ့နော်။ ကိုယ့်အတင်းပြောတာတွေ ပြန်ကြားရတဲ့အခါအများစုကတော့ ဒေါသနဲ့တုံ့ပြန်တတ်ကြပါတယ်။အို.. သူပြောတဲ့အတင်းကအမှန်မှမဟုတ်ပဲ.. ဘာနာစရာရှိလဲ ဆိုပြီး ခပ်တင်းတင်းနဲ့ ချေချလိုက်စမ်းပါ။ ”နင်ပြောတာ မစုံလင်သေးဘူး… လာ..ပြည့်စုံအောင် ငါကိုယ်တိုင်ပြောပြမယ် ” လို့ ပေါ်တင် ဖြေရှင်းလိုက်ပါ။ ဒါမှမဟုတ် နှစ်ယောက်ဆုံပြီးအေးဆေး ဆွေးနွေးပေါ့။ ငါ့အပေါ် ဘာတွေမကျေနပ်လည်း ပြောပါ လို့ မေးချင် မေးလိုက်ပါ။ ဒါပါပဲ…
အဓိက ဒီလိုလူတွေ စိတ်ထဲမထားပါနဲ့။ လစ်လျုရှုလိုက်တာအကောင်းဆုံးပါ။ စိတ်ထဲထားဖို့တောင်
မတန်ပါဘူး။အချိန်ပုပ်တယ် ၊ စိတ်ပင်ပန်းတယ်။ ဘာလုပ်မလဲ။ ကိုယ့်မှာ လုပ်စရာတွေအများကြီးကျန်သေးတယ်။ သူတို့ကိုအေးဆေးခေါက်ထားလိုက် … စိတ်ချမ်းချမ်း သာသာနေလိုက်ပါ…