လူတစ်ယောက်ကို တစ်ချိန်တည်းမှာပဲ ချစ်လည်းချစ်၊မုန်းလည်းမုန်းတယ်ဆိုတာ တကယ်ပဲဖြစ်နိုင်ရဲ့လား?
trend.com.mm
|
2019-01-17

တစ်ချို့ကပြောကြတယ် လူတစ်ယောက်ကို တစ်ချိန်တည်းမှာပဲ ချစ်လည်းချစ်တယ်။မုန်းလည်းမုန်းတယ်ဆိုတာ ဖြစ်နိုင်ရဲ့လားပေါ့။တကယ်တော့ ဖြစ်နိုင်ပါတယ်။


ဒီလိုအခြေအနေမျိုးကို ambivalence ဆိုတဲ့ ရောထွေးတဲ့ခံစားချက်ဖြစ်တယ်လို့ခေါ်တယ်။ဒီလိုခံစားချက်မျိုးက စိတ်ကိုသက်တောင့်သက်သာမဖြစ်စေဘူးဆိုပေမဲ့လည်း ရှောင်လွှဲလို့မရနိုင်ပါဘူး။







Ambivalence လို့ခေါ်တဲ့ စိတ်နှစ်ခွအခြေအနေမျိုးဟာ ချစ်တာနဲ့မုန်းတာရောထွေးတာမျိုးဖြစ်နိုင်သလို တစ်ချိန်တည်းမှာပဲ ဝမ်းသာတာနဲ့ဝမ်းနည်းတာဖြစ်နိုင်ပါတယ်။ဥပမာအလုုပ်သစ်ရလို့ဝမ်းသာတယ်။ဒါပေမဲ့အိမ်နဲ့ ခွဲရလို့ဝမ်းနည်းတယ်၊တစ်ယောက်တည်းနေရတာ သဘောကျပေမဲ့ တစ်ဖက်ကလည်း တစ်ယောက်တည်းဖြစ်နေရလို့ဝမ်းနည်းတယ်ဆိုတာမျိုးပေါ့။








ဒီလိုခံစားချက်ရောထွေးတာမျိုးဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုရှိထားတဲ့သူတွေမှာအများဆုံးတွေ့ရတတ်ပါတယ်။အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်း ကိုယ်ဘာလိုချင်မှန်းသေသေချာချာမသိအောင် ဒီလိုရောထွေးတဲ့ခံစားမှုက နှောင့်ယှက်တတ်ပါသေးတယ်။ကိုယ့်ချစ်သူက ကိုယ့်ကိုလိမ်လို့ မုန်းပေမဲ့ တစ်ဖက်ကလည်း လမ်းမခွဲနိုင်အောင် ချစ်မိနေတာမျိုးပေါ့။တစ်ယောက်ယောက်ကို ချစ်လည်းချစ်၊ မုန်းလည်းမုန်းနေရတာ ဘယ်လောက်နာကျင်ဝမ်းနည်းဖို့ကောင်းတဲ့အဖြစ်မျိုးလဲ။ဒါပေမဲ့ ဒီစိတ်ကိုတားဆီးလို့မရနိုင်သလို ဒီလိုစိတ်ခံစားချက်ရောထွေးတာနဲ့ပတ်သက်လို့ ဘာလို့ဖြစ်ရတာလဲဆိုတဲ့ တိကျတဲ့အဖြေလည်းမရှိသေးပါဘူး။

လူတစ်ယောက်ကို ချစ်ပေမဲ့ သူ့ရဲ့အကျင့်စရိုက်၊သူ့ရဲ့ရပ်တည်မှုကို မုန်းနေတာမျိုး၊လူတစ်ယောက်ကိုစကားပြောချင်ပေမဲ့ တစ်ချိန်တည်းမှာပဲအဲ့လူကိုစကားမပြောချင်တာမျိုး၊တစ်ခြားအလုပ်ကိုပြောင်းချင်ပေမဲ့ လက်ရှိအလုပ်ကနေလည်း ထွက်ဖို့ဆုံးဖြတ်ချရခက်တာမျိုး စတဲ့ ဝေခွဲမရတဲ့စိတ်ခံစားမှုတွေဟာ လူအများစုမှာဖြစ်တတ်ကြပါတယ်။တစ်ခါတစ်လေ ဒီလိုရောထွေးနေတဲ့စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တော့တဲ့အခါ ကိုယ်ဘာဖြစ်ချင်တာလဲ ဝေခွဲမရတဲ့အခါ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုလျော့နည်းလာပြီးစိတ်ဓာတ်ကျဆင်းမှုဆီ ဦးတည်လာတတ်တယ်လို့လည်းသိရပါတယ်။










Unicode

တစ်ချို့ကပြောကြတယ် လူတစ်ယောက်ကို တစ်ချိန်တည်းမှာပဲ ချစ်လည်းချစ်တယ်။မုန်းလည်းမုန်းတယ်ဆိုတာ ဖြစ်နိုင်ရဲ့လားပေါ့။တကယ်တော့ ဖြစ်နိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးကို ambivalence ဆိုတဲ့ ရောထွေးတဲ့ခံစားချက်လို့ခေါ်တယ်။ဒီလိုခံစားချက်မျိုးက စိတ်ကိုသက်တောင့်သက်သာမဖြစ်စေဘူးဆိုပေမဲ့လည်း ရှောင်လွှဲလို့မရနိုင်ပါဘူး။

Ambivalence လို့ခေါ်တဲ့ စိတ်နှစ်ခွအခြေအနေမျိုးဟာ ချစ်တာနဲ့မုန်းတာရောထွေးတာမျိုးဖြစ်နိုင်သလို တစ်ချိန်တည်းမှာပဲ ဝမ်းသာတာနဲ့ဝမ်းနည်းတာဖြစ်နိုင်ပါတယ်။ဥပမာ အလုုပ်သစ်ရလို့ဝမ်းသာတယ်။ဒါပေမဲ့အိမ်နဲ့ ခွဲရလို့ဝမ်းနည်းတယ်၊တစ်ယောက်တည်းနေရတာ သဘောကျပေမဲ့ တစ်ဖက်ကလည်း တစ်ယောက်တည်းဖြစ်နေရလို ့ဝမ်းနည်းတယ်ဆိုတာမျိုးပေါ့။

ဒီလိုခံစားချက်ရောထွေးတာမျိုးဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုရှိထားတဲ့သူတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်း ကိုယ်ဘာလိုချင်မှန်းသေသေချာချာမသိအောင် ဒီလိုရောထွေးတဲ့ခံစားမှုက နှောင့်ယှက်တတ်ပါသေးတယ်။ကိုယ့်ချစ်သူက ကိုယ့်ကိုလိမ်လို့ မုန်းပေမဲ့ တစ်ဖက်ကလည်း လမ်းမခွဲနိုင်အောင် ချစ်မိနေတာမျိုးပေါ့။တစ်ယောက်ယောက်ကို ချစ်လည်းချစ်၊မုန်းလည်းမုန်းနေရတာ ဘယ်လောက်နာကျင်ဝမ်းနည်းဖို့ကောင်းတဲ့အဖြစ်မျိုးလဲ။ဒါပေမဲ့ ဒီစိတ်ကိုတားဆီးလို့မရနိုင်သလို ဒီလိုစိတ်ခံစားချက်ရောထွေးတာနဲ့ပတ်သက်လို့ ဘာလို့ဖြစ်ရတာလဲဆိုတဲ့ တိကျတဲ့အဖြေလည်းမရှိသေးပါဘူး။

လူတစ်ယောက်ကို ချစ်ပေမဲ့ သူ့ရဲ ့အကျင့်စရိုက်၊သူ့ရဲ့ရပ်တည်မှုကို မုန်းနေတာမျိုး၊လူတစ်ယောက်ကိုစကားပြောချင်ပေမဲ့ တစ်ချိန်တည်းမှာပဲအဲ့လူကိုစကားမပြောချင်တာမျိုး၊တစ်ခြားအလုပ်ကိုပြောင်းချင်ပေမဲ့ လက်ရှိအလုပ်ကနေလည်း ထွက်ဖို့ဆုံးဖြတ်ချရခက်တာမျိုး စတဲ့ ဝေခွဲမရတဲ့စိတ်ခံစားမှုတွေဟာ လူအများစုမှာဖြစ်တတ်ကြပါတယ်။တစ်ခါတစ်လေ ဒီလိုရောထွေးနေတဲ့စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တော့တဲ့အခါ ကိုယ်ဘာဖြစ်ချင်တာလဲ ဝေခွဲမရတဲ့အခါ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုလျော့နည်းလာပြီးစိတ်ဓာတ်ကျဆင်းမှုဆီ ဦးတည်လာတတ်တယ်လို့လည်းသိရပါတယ်။

ဒါပေမဲ့ ဒီလိုရောထွေးတဲ့ခံစားချက်မျိုးက အမြဲတမ်းမဖြစ်နေပါဘူး။အချိန်အကြာကြီးလည်းဖြစ်မနေပါဘူးတဲ့။ဒီရှုပ်ထွေးတဲ့စိတ်ခံစားချက်အခြေအနေမျိုးကိုကျော်လွန်သွားရင် အဆင်ပြေသွားပါပြီ။တကယ်လို့ သင့်မှာ စိတ်နှစ်ခွဖြစ်ရတဲ့အခြေအနေမျိုးကြုံလာရင် အရမ်းကြီးစိတ်ရှုပ်ခံ မစဉ်းစားပါနဲ့။အချိန်အနည်းငယ်ကြာတဲ့အခါ အဆင်ပြေသွားပါလိမ့်မယ်။

သင်ရော ဒီလို စိတ်နှစ်ခွဖြစ်တာမျိုး၊စိတ်ခံစားချက်ရောထွေးတာမျိုးဖြစ်ဖူးလား?

Ref:exploringyourmind






Some text some message..