သူကလမ်းခွဲချင်နေပေမဲ့ ကိုယ့်ဘက်ကလမ်းမခွဲပေးနိုင်တဲ့အခါ ဘာဆက်လုပ်သင့်လဲ?
trend.com.mm
|
2019-01-18

နှစ်ဦးသဘောတူချစ်ကြိုက်လာပြီးမှ တစ်ယောက်တည်းဆက်ချစ်ရတဲ့အဖြစ်က နာကျင်ရပါတယ်။တကယ်လို့များ သင့်ချစ်သူက လမ်းခွဲစကားပြောလာပြီး သင့်ဘက်က လမ်းမခွဲနိုင်တဲ့အခါ ဘာဆက်လုပ်ရမလဲ ခေါင်းခဲရမှာအမှန်ပါပဲ။ကိုယ်မှမစွန့်လွှတ်နိုင်တာကိုးး။








ဒီအခြေအနေမှာဆို ဘယ်လိုဆက်လုပ်သင့်လဲ?
*ပထမဆုံးစိတ်ကိုအေးအေးထားပါ။စိတ်လိုက်မာန်ပါနဲ့ ဘာမှမဆုံးဖြတ်ပါနဲ့ဦး
*သူ့ဘက်ကလမ်းခွဲမယ်လို့ပြောတာ ဘာလို့လဲ၊ပြဿနာတွေကဖြေရှင်းလို့မရတော့တာလား၊အထင်လွဲနေလို့ ဒီစကားပြောတာလားစသဖြင့်လမ်းခွဲစကားပြောရတဲ့အခြေအနေကို ပြန်လည်သုံးသပ်စဉ်းစားကြည့်ပါ


မထင်မှတ်ထားတဲ့အထင်လွဲမှုတွေကြောင့် ပြောထွက်ခဲ့တဲ့လမ်းခွဲစကားဆိုရင်တော့ ဒါကအချစ်ရေးအဆုံးမသတ်နိုင်သေးပါဘူး။သင့်အနေနဲ့ ဒီအေးစက်နေတဲ့အချစ်ရေးကို ပြန်လည်နွေးထွေးအောင်လုပ်ဖို့အခွင့်အရေးရှိပါသေးတယ်။








ဒါပေမဲ့ သူ့ဘက်က ဒီအချစ်ရေးကိုစိတ်ပျက်နေပြီဖြစ်လို့ ပြောတဲ့လမ်းခွဲစကား၊တစ်ခြားတစ်ယောက်ကိုချစ်မိသွားလို့ပြောတဲ့ လမ်းခွဲစကားဆိုရင်တော့ သင့်ဘက်ကအကောင်းဆုံးလုပ်နိုင်တာက သူ့ကိုထွက်သွားခွင့်ပြုလိုက်တာပါပဲ။ဒီလိုအခြေအနေမှာ သင်ဘာမှမလုပ်နိုင်ပါဘူး။”ဘာကြောင့်သူလမ်းခွဲစကားပြောတာလဲ သူငါ့ကိုစွန့်လွှတ်တာ မှားနေပြီ၊ငါ့လောက် ဘယ်သူမှသူ့အပေါ်ကောင်းမှာမဟုတ်ဘူး”လို့ သင်ထင်နေရင်တောင် ဒါတွေက ဘာမှအရေးမပါတော့ပါဘူး။ဒီအချစ်ရေးကို သူ့ဘက်ကအချစ်မပါပဲ သင်ဘယ်လိုမှ ပြန်နွေးထွေးအောင်လုပ်လို့မရပါဘူး။ဆက်ဆွဲထားရင် နှစ်ယောက်လုံးပိုပြီးနာကျင်ဖို့ပဲရှိမှာပါ။

ဒါကြောင့်လက်လွှတ်ပေးလိုက်ပါ။နောက်ဘယ်လိုဆက်ဖြစ်မလဲ၊ငါဘယ်လိုခံစားရမှာလဲ မတွေးပါနဲ့။ကိုယ်ချစ်တဲ့သူရဲ့ဆန္ဒကိုဖြည့်ဆည်းပေးတာကလည်း ကိုယ်အကောင်းဆုံးလုပ်ပေးလိုက်နိုင်တဲ့အရာတစ်ခုပါပဲ။ကိုယ့်ဘက်ကအကောင်းဆုံးချစ်ပေးခဲ့တဲ့အတွက် နောင်တစ်ချိန်ပြန်တွေးမိတဲ့အခါ နောင်တရစရာရှိမှာမဟုတ်ပါဘူး။







လက်လွှတ်လိုက်ပြီးရင်တော့ ပြီးခဲ့တာတွေအတွက် ကိုယ့်ကိုယ့်ကိုယ်အပြစ်တင်မနေပဲအနာဂတ်အတွက်ကြိုးစားပါ။ကိုယ့်ကိုယ့်ကိုယ်ဂရုစိုက်ပါ။ကိုယ်ကြိုက်တဲ့အရာတွေလုပ်ရင်းအသက်ရှင်သန်ပါ။ခင်မင်ရင်းနှီးရတဲ့သူငယ်ချင်းဆက်ဆံရေးတွေပြန်ဖန်တီးပါ။အချစ်က လိုက်ရှာနေစရာမလိုပဲ သင့်ဘဝထဲကို နောက်တစ်ကြိမ်ပြန်ရောက်လာဦးမယ်ဆိုတာ မမေ့ပါနဲ့။







Ref:exploringyourmind

Unicode

နှစ်ဦးသဘောတူချစ်ကြိုက်လာပြီးမှ တစ်ယောက်တည်းဆက်ချစ်ရတဲ့အဖြစ်က နာကျင်ရပါတယ်။တကယ်လို့များ သင့်ချစ်သူက လမ်းခွဲစကားပြောလာပြီး သင့်ဘက်က လမ်းမခွဲနိုင်တဲ့အခါ ဘာဆက်လုပ်ရမလဲ ခေါင်းခဲရမှာအမှန်ပါပဲ။ကိုယ်မှမစွန့်လွှတ်နိုင်တာကိုးး။


ဒီအခြေအနေမှာဆို ဘယ်လိုဆက်လုပ်သင့်လဲ?
*ပထမဆုံးစိတ်ကိုအေးအေးထားပါ။စိတ်လိုက်မာန်ပါနဲ့ ဘာမှမဆုံးဖြတ်ပါနဲ့ဦး
*သူ့ဘက်ကလမ်းခွဲမယ်လို့ပြောတာ ဘာလို့လဲ၊ပြဿနာတွေကဖြေရှင်းလို့မရတော့တာလား၊အထင်လွဲနေလို့ ဒီစကားပြောတာလားစသဖြင့်လမ်းခွဲစကားပြောရတဲ့ အခြေအနေကို ပြန်လည်သုံးသပ်စဉ်းစားကြည့်ပါ

မထင်မှတ်ထားတဲ့အထင်လွဲမှုတွေကြောင့် ပြောထွက်ခဲ့တဲ့လမ်းခွဲစကားဆိုရင်တော့ ဒါက အချစ်ရေးအဆုံးမသတ်နိုင်သေးပါဘူး။သင့်အနေနဲ့ ဒီအေးစက်နေတဲ့အချစ်ရေးကို ပြန်လည်နွေးထွေးအောင်လုပ်ဖို့ အခွင့်အရေးရှိပါသေးတယ်။

ဒါပေမဲ့ သူ့ဘက်က ဒီအချစ်ရေးကိုစိတ်ပျက်နေပြီဖြစ်လို့ ပြောတဲ့လမ်းခွဲစကား၊တစ်ခြားတစ်ယောက်ကိုချစ်မိသွားလို့ပြောတဲ့ လမ်းခွဲစကားဆိုရင်တော့ သင့်ဘက်က အကောင်းဆုံးလုပ်နိုင်တာက သူ့ကိုထွက်သွားခွင့်ပြုလိုက်တာပါပဲ။ဒီလိုအခြေအနေမှာ သင်ဘာမှမလုပ်နိုင်ပါဘူး။ဘာကြောင့်သူလမ်းခွဲစကားပြောတာလဲ သူငါ့ကိုစွန့်လွှတ်တာ မှားနေပြီ၊ငါ့လောက် ဘယ်သူမှသူ့အပေါ်ကောင်းမှာမဟုတ်ဘူးလို့ သင်ထင်နေရင်တောင် ဒါတွေက ဘာမှအရေးမပါတော့ပါဘူး။ဒီအချစ်ရေးကို သူ့ဘက်က အချစ်မပါပဲ သင်ဘယ်လိုမှ ပြန်နွေးထွေးအောင်လုပ်လို့မရပါဘူး။ဆက်ဆွဲထားရင် နှစ်ယောက်လုံးပိုပြီးနာကျင်ဖို့ပဲရှိမှာပါ။

ဒါကြောင့်လက်လွှတ်ပေးလိုက်ပါ။နောက်ဘယ်လိုဆက်ဖြစ်မလဲ၊ငါဘယ်လိုခံစားရမှာလဲ မတွေးပါနဲ့။ကိုယ်ချစ်တဲ့သူရဲ့ဆန္ဒကိုဖြည့်ဆည်းပေးတာကလည်း ကိုယ်အကောင်းဆုံးလုပ်ပေးလိုက်နိုင်တဲ့အရာတစ်ခုပါပဲ။ကိုယ့်ဘက်ကအကောင်းဆုံးချစ်ပေးခဲ့တဲ့အတွက် နောင်တစ်ချိန်ပြန်တွေးမိတဲ့အခါ နောင်တရစရာရှိမှာမဟုတ်ပါဘူး။

လက်လွှတ်လိုက်ပြီးရင်တော့ ပြီးခဲ့တာတွေအတွက် ကိုယ့်ကိုယ့်ကိုယ်အပြစ်တင်မနေပဲ အနာဂတ်အတွက်ကြိုးစားပါ။ကိုယ့်ကိုယ့်ကိုယ်ဂရုစိုက်ပါ။ကိုယ်ကြိုက်တဲ့အရာတွေလုပ်ရင်း အသက်ရှင်သန်ပါ။ခင်မင်ရင်းနှီးရတဲ့သူငယ်ချင်းဆက်ဆံရေးတွေပြန်ဖန်တီးပါ။အချစ်က လိုက်ရှာနေစရာမလိုပဲ သင့်ဘဝထဲကို နောက်တစ်ကြိမ်ပြန်ရောက်လာဦးမယ်ဆိုတာ မမေ့ပါနဲ့။

Ref:exploringyourmind




Some text some message..