Lotayamm

အရိုးရှင်းဆုံးနဲ့ အနိုင်​ယူတဲ့နည်း
mmcelesmedia.com
|
2019-01-20




အတင်း​တွေလား
ပြောပါ​စေ အာ​ညောင်းသွားရင်
သူ့ ဟာသူတိတ်​သွားလိမ့်​မယ်


အတိုက်​အခံ​တွေလား
သောင်းကျန်းပါ​စေ ​လက်​ပန်းကျသွားရင်
သူ့ ဟာသူရပ်​သွားလိမ့်​မယ်


အပြိုင်​အဆိုင်​​တွေလား
ပြိုင်​ကြပါ​စေ ရှုံးသွားရင်
သူ့ ဟာသူ ​ဘေး​ရှောင်​ထွက်​သွားလိမ့်​မယ်


အဆိုးမြင်​သမား​တွေလား
မြင်​စမ်းပါ​စေ ​ပြောစရာမရှိတော့တဲ့အချိန်​မှာ
သူ့ ဟာသူ ​​ငြိမ်ကုတ် ​​သွားလိမ့်​မယ်


ကုန်းတိုက်​သမား​တွေလား
တိုက်​စမ်းပါ​စေ ပါးစပ်​ စမြုတ်​ပြန်​သွားရင်
သူ့ ဟာသူ့  တိတ်​သွားလိမ့်​မယ်


အကျင့်​ဆိုးရှိ​သူ​တွေလား
ဆိုးသွမ်းစမ်းပါ​စေ ကိုယ့်ဘာသာကိုယ်
ပျက်​ဆီးသွားတဲ့​နေ့ မှာ
သူ့ ဟာသူ ငြိမ်​သွားလိမ့်​မယ်


လောဘ ကြီးသူ​တွေလား
ကြီးစမ်းပါ​စေ မှန်းသ​လောက်​မရတာများသွားတဲ့အချိန်​ခါမျိုးမှာ
သူ့ ဟာသူ စိတ်​ဓာတ်​ကျသွားလိမ့်​မယ်


အလိမ်​ အညာ သမား​တွေလား
စိတ်​ကြိုက်​လုပ်​စမ်းပါ​စေ
လိမ်​လို့ မရတဲ့အခါမှာ
သူ့ ဟာသူ လက်​​လျှော့သွားလိမ့်​မယ်


ကပ်​ပါး​ကောင်​​တွေလား
ကပ်​စမ်းပါ​စေ ဘာမှမရတဲ့​နေ့ မှာ
သူ့ ဟာသူ ​နောက်​ဆုတ်​သွားလိမ့်​မယ်


ငရစ်​​တွေလား
ရစ်​စမ်းပါ​စေ ဂရုမစိုက်​ပဲ
နှုတ်​ဆိတ်​​နေတဲ့ အချိန်​မှာ
သူ့ ဟာသူ အ​မော​ဖောက်​ပြီး
လှည့်​ပြန်​သွားလိမ့်​မယ်


ငချွဲ​တွေလား
ချွဲစမ်းပါ​စေ မညှာပဲကြည့်​​နေလိုက်
သူ့ ဟာသူ နလန်​ထူသွားလိမ့်​မယ်


အ​ရေးကြီးတာတစ်​ခုက
ဒါ​တွေအားလုံးကို အနိုင်​လိုချင်​တယ်​ဆိုရင်
မိမိကိုယ်​ကိုလည်းရင့်​ကျက်​​အောင်​​နေပါ
အသန်​မာဆုံးနဲ့ ခွန်​ကြီး​မားအောင်​​နေပါ
(စိတ်​ဓာတ်​ပိုင်းဆိုင်​ရာကို​ပြောတာပါ)


တကယ်​​တော့
ဘယ်​သူ​တွေဘယ်​​လောက်​ပဲ
ကိုယ့်​အ​ပေါ်ဆိုး​နေပါ​စေ ကိုယ်​က
မခံယူရင်​သူဘာမှ မတတ်​နိုင်​ပါဘူး


ဆိုလိုချင်​တာက ကိုယ့်​​ဘေးမှာ လာပြီးဆဲဆို
နေတယ်​ပဲထားအုံး နာမ​နေနဲ့ သူအတတ်​နဲ့ သူ
ဆူး​အောင်​ လုပ်​ပစ်​လိုက်​စမ်းပါ


မ​ပြောနဲ့ မနာနဲ့ စိတ်​မဆိုးနဲ့ 
အပြုံးမပျက်​ပဲနေလိုက်​ သူ့ ကိုနှုတ်​ဆက်​လိုက်
ဒေါသ​တွေမပြနဲ့ မာန်​မာန​တွေမ​ထောင်​လွှားနဲ့
အတ္တ​တွေကို လွယ်​လွယ်​မလွှတ်​ထုတ်​လိုက်​နဲ့ 


ငါဘာမှ မဖြစ်​ဘူးဆိုတဲ့ပုံစံ ​နေပါ
မတူလို့ မတုဘူးဆိုတဲ့ လက္ခဏာနဲ့ သာ​နေပြလိုက်
အလိုလို​နေရင်း သူ့ ဟာသူ
င​ပေါဖြစ်​သွားလိမ့်​မယ်


မှတ်​ထား
အဲ့ဒါအရိုးရှင်းဆုံးနဲ့ အနိုင်​ယူတဲ့နည်းပဲ
ဒါမျိုးကြုံဖူးတယ်​ဆိုရင်​​တော့
မင်းဟာ ​တော်​​​တော်​​လေး ​ရင့်​ကျက်​သွားပြီပဲ မိတ်​​ဆွေ…..။

မူရင်းရေးသားသူအား လေးစားစွာဖြင့် credit ပေးပါသည်။





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..