လေယာဉ်နဲ့ခရီးဝေးစီးသွားတဲ့အခါသက်တောင့်သက်သာဖြစ်စေမဲ့နည်းလမ်းလေးတွေကိုသင်သိပြီးပြီလား…
trend.com.mm
|
2019-01-20

လေယာဉ်လေးနဲ့သွားရတာပဲ မသက်သာစရာရှိပါ့မလားလို့ မထင်လိုက်ပါနဲ့….လေယာဉ်နဲ့ပဲသွားသွား ကားနဲ့ပဲသွားသွား ဘာနဲ့သွားသွားခရီးကြာကြီးစီးရရင်တော့ သက်တောင့်သက်သာဖြစ်ဖို့ဆိုတာ ခက်ပါတယ်။

ဒါကြောင့် လေယာဉ်နဲ့ ခရီးစဉ်ဝေးဝေးကိုပဲဖြစ်ဖြစ် နီးနီးသွားတဲ့သူပဲဖြစ်ဖြစ် လေယာဉ်ပေါ်ကကာလမှာ သက်တောင့်သက်သာနဲ့လိုက်ပါစီးနှင်းနိုင်အောင် ဒီလိုအရာလေးတွေကို ဗဟုသုတရစရာအနေနဲ့သိထားသင့်ပါတယ်…

(၁) ခန္ဓာကိုယ်ကို သက်ထောင့်သက်သာနဲ့ဖော့ဖော့လေးထိုင်ပါ( ကိုယ်ကြီးလိမ်းစောင်းပြီး ထိုင်တာမျိုးရှောင်ပါ)

(၂) လေယာဉ်ပေါ်မှာအစာစားပြီးရင်အိမ်သာလည်းမှန်မှန်တတ်အောင်ကြိုးစားပါ(မရရင်ဝမ်းပျော့ဆေးသုံးပါ)အထိုင်များတာကြောင့် ဝမ်းလေချုပ်ပြီးမအီမလည်အဖြစ်မခံပါနဲ့

(၃) မျက်လုံးအုပ်တဲ့ Mask ယူသွားပါ။ ကိုယ်အိပ်ချင်တဲ့အချိန်အုပ်ပြီးသက်တောင့်သက်သာအိပ်လို့ရပါတယ်။

(၄) ကိုယ်ပိုင်ရေဘူးနဲ့အဆာပြေမုန့်တစ်ချို့ကိုအချိန်မရွေးစားသုံးလို့ရအောင်ဆောင်ထားပါ။

(၅) လန်းလန်းဆန်းဆန်းတက်တက်ကြွကြွနေပါ။

(၆) ကျောမှီ Seat Pad လေးတွေကိုအသုံးပြုပြီး ခါးနဲ့နောက်ကျောကိုသက်တောင့်သက်သာထိုင်ပါ။

(၇) ထိုင်ရုံကြီးပဲထိုင်မနေပဲပေါ့ပေါ့ပါးပါး လက်လွှဲခေါင်းလွှဲလေ့ကျင့်ခန်းမျိုးလေးတစ်ခုကို လုပ်ဆောင်ပေးပါ။







Unicode

လေယာဉ်လေးနဲ့သွားရတာပဲ မသက်သာစရာရှိပါ့မလားလို့ မထင်လိုက်ပါနဲ့….လေယာဉ်နဲ့ပဲသွားသွား ကားနဲ့ပဲသွားသွား ဘာနဲ့သွားသွားခရီးကြာကြီးစီးရရင်တော့ သက်တောင့်သက်သာဖြစ်ဖို့ဆိုတာ ခက်ပါတယ်။

ဒါကြောင့် လေယာဉ်နဲ့ ခရီးစဉ်ဝေးဝေးကိုပဲဖြစ်ဖြစ် နီးနီးသွားတဲ့သူပဲဖြစ်ဖြစ် လေယာဉ်ပေါ်ကကာလမှာ သက်တောင့်သက်သာနဲ့လိုက်ပါစီးနှင်းနိုင်အောင် ဒီလိုအရာလေးတွေကို ဗဟုသုတရစရာအနေနဲ့သိထားသင့်ပါတယ်…

(၁) ခန္ဓာကိုယ်ကို သက်ထောင့်သက်သာနဲ့ဖော့ဖော့လေးထိုင်ပါ( ကိုယ်ကြီးလိမ်းစောင်းပြီး ထိုင်တာမျိုးရှောင်ပါ)

(၂) လေယာဉ်ပေါ်မှာ အစာစားပြီးရင် အိမ်သာလည်းမှန်မှန်တတ်အောင်ကြိုးစားပါ(မရရင်ဝမ်းပျော့ဆေးသုံးပါ) အထိုင်များတာကြောင့် ဝမ်းလေချုပ်ပြီးမအီမလည်အဖြစ်မခံပါနဲ့

(၃) မျက်လုံးအုပ်တဲ့ Mask ယူသွားပါ။ ကိုယ်အိပ်ချင်တဲ့ အချိန် အုပ်ပြီးသက်တောင့်သက်သာအိပ်လို့ရပါတယ်။

(၄) ကိုယ်ပိုင်ရေဘူးနဲ့ အဆာပြေမုန့်တစ်ချို့ကို အချိန်မရွေးစားသုံးလို့ရအောင်ဆောင်ထားပါ။

(၅) လန်းလန်းဆန်းဆန်းတက်တက်ကြွကြွနေပါ။

(၆) ကျောမှီ Seat Pad လေးတွေကိုအသုံးပြုပြီး ခါးနဲ့နောက်ကျောကိုသက်တောင့်သက်သာထိုင်ပါ။

(၇) ထိုင်ရုံကြီးပဲထိုင်မနေပဲပေါ့ပေါ့ပါးပါး လက်လွှဲခေါင်းလွှဲလေ့ကျင့်ခန်းမျိုးလေးတစ်ခုကို လုပ်ဆောင်ပေးပါ။




Some text some message..