Present (ပစ္စုပ္ပန်)
yoyarlay.com
|
2019-01-13



လူတွေရဲ့အကျိုးမဲ့စိတ်လှုပ်ရှားမှုတွေထဲမှာ “ကြောက်စိတ်” ဆိုတာကအဆိုးဆုံး ဖြစ်ပါတယ်။ ကြောက်စိတ်ဝင်လာတဲ့အခါ ‘ဖြစ်နိုင်ပါ့မလား’၊ 'ဒီထက်များ ပိုဆိုးသွားမလား’ စတဲ့အတွေးတွေက တားမရအောင် ဝင်လာတတ်တာပါ။ ယုံကြည်မှုတွေကို ချည့်နဲ့လျော့ရဲစေပြီး ဆက်လှမ်းမယ့် ခြေလှမ်းတွေကို တွန့်ဆုတ်စေတာကြောင့်အောင်မြင်ဖို့အလားအလာတွေကိုပါ လက်လွတ်သွားစေတတ်ပါတယ်။




တစ်ခါက ခြင်္သေ့အိုကြီးတစ်ကောင်ဟာအသက်အရွယ်အိုမင်းလာတာကြောင့် သားကောင်ရှာဖွေရာမှာအခက်အခဲဖြစ်လာပါတယ်။ " ငါအရင်လိုမျိုး သားကောင်တွေကို လျင်လျင်မြန်မြန်နဲ့မဖမ်းယူနိင်တော့ဘူး။ ဒီတော့ နေ့စဉ်ဝမ်းရေးအတွက် တစ်ခုခုလုပ်မှဖြစ်တော့မယ်"လို့တွေးမိပြီးအကြံတစ်ခုရလိုက်ပါတယ်။




“ယောက်ျားလေးတွေ တကယ်ချစ်တတ်လာပြီဆိုဘယ်လို” ၊ “မိန်းမတွေက တကယ်ချစ်တယ်ဆို ဘာဖြစ်တယ်”အစရှိတဲ့ ပိုစ့်တွေကိုဖတ်ပြီး ကိုယ့်ချစ်သူ/အိမ်ထောင်ဖက်တွေကို ပြဿနာရှာမိဖူးပါသလား။ ဒါမှမဟုတ် ငါ့သူငယ်ချင်း ရည်းစားကတော့ ဘယ်လိုရိုတာ၊ နင်ကတော့ ဘယ်လိုဆိုပြီး ကိုယ့်ချစ်သူကိုအပြစ်တင်မိဖူးပါသလား။ ဒါဆိုရင်အောက်က ပြောမယ့်အကြောင်းလေးတွေကို ဖတ်ကြည့်ဖို့တော့လိုမယ်နော်။ လူတွေဟာ သူတို့ချစ်တဲ့သူကို ချစ်ခင်နှစ်သက်ကြောင်းပြတဲ့အမူအကျင့်တွေကိုအနှစ်ချုပ်လိုက်မယ်ဆိုရင် (၅) မျိုးတိတိ ရှိပါတယ်တဲ့။ ကိုယ့်ချစ်သူက ကိုယ့်ကို ဘယ်လိုပုံစံမျိုးနဲ့ချစ်တယ်ဆိုတာသိချင်တယ်ဆိုအောက်က (၅) ချက်ကို ဖတ်ကြည့်လိုက်ပါ။




ဆော်ရဲလ်ရယ်လ်အမိုရီ (Sorelle Amore) ဆိုတဲ့အမျိုးသမီးဟာ ကမ္ဘာအနှံ့အပြားကိုခရီးသွားပြီး ဓာတ်ပုံတွေရိုက်ကူးရင်း စာရေးကာ ခရီးသွားဗဟုသုတမျှဝေတဲ့အလုပ်ကိုလုပ်ကိုင်နေသူတစ်ဦး ဖြစ်ပါတယ်။ သူ(မ)ဟာ Third Home ကပေးအပ်တဲ့ Best Job On the Planet ကမ္ဘာ့အကောင်းဆုံးအလုပ်အကိုင်ဆုကိုလည်းအားကျစရာကောင်းလောက်အောင် ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။




စာရေးသူတို့ နိုင်ငံမှာ တခြားဈေးကွက်တွေအခြေအနေ ဘယ်လိုပဲဖြစ်ဖြစ်အားကောင်းမြဲအားကောင်းနေတတ်သည့် ဈေးကွက်တစ်ခုရှိသည်။ ဂျင်းဈေးကွက်ဖြစ်သည်။ စားရသည့် "ချင်း"မဟုတ်၊ ထည့်ရသည့် "ဂျင်း"ဖြစ်၏။ သိမှုနုနယ်သူများကိုအခွင့်ကောင်းယူခြင်းဟုအဓိပ္ပါယ်ဖွင့်ဆိုလျှင် သင့်မည်ထင်၏။ ဂျင်းမှာပင် ပေါ်ပင်ဂျင်းနှင့်အမြစ်တွယ်နေသည့်ဂျင်းဟူ၍အကြမ်းဖျင်း နှစ်မျိုးနှစ်စား ခွဲခြားနိုင်၏။ ယုံကြည်စွာ ဝေမျှလျှင် (share) "ထီပေါက်မည်၊ ငွေတွေဝင်မည်"။ မြင်လျှက်နှင့် မဝေမျှလျှင် "ကံဆိုးမည်"ဆိုတာမျိုးက ပေါ်ပင်ဂျင်းဖြစ်သည်။ လူမှုကွန်ရက်မှာ ဖန်တရာတေအောင် တွေ့နေ၊ မြင်နေရလို့ ကြာလျှင် ရိုးအီသွားမည်ဖြစ်သည်။အမြစ်တွယ်နေသည့်ဂျင်းတွေကိုတော့ လူမှုဘဝမှာ မြင်ရနိုင်သည်။




ဆရာမတစ်ယောက်ဟာ လူမှုဆက်ဆံရေးနဲ့ပတ်သက်ပြီးအသိပညာပေးချင်တာကြောင့် သူရဲ့တပည့်တစ်ယောက်ချင်းစီကိုအခုလိုမှာလိုက်ပါတယ် "ကဲ…တပည့်တို့ မနက်ဖြန်ကျောင်းလာတက်ရင် တပည့်တို့စိတ်ထဲ မကျေမနပ်ဖြစ်နေပြီး မုန်းနေတဲ့လူအရေအတွက်နဲ့ ညီမျှတဲ့အာလူးတွေကို ပလတ်စတစ်အိတ်နဲ့ ထည့်ပြီးယူလာခဲ့ပါ" လို့မှာလိုက်ပါတယ်။




အချိန် (Time) ဆိုတာ တော်တော်လေး ရှုပ်ထွေးပါတယ်။ သူဟာအမြဲတမ်း တစ်လမ်းသွားပဲဖြစ်နေတယ်။ နောက်ပြန်လှည့်လို့မရဘူး။ ရှေ့ကို ကျော်ပစ်လိုက်လို့မရဘူး။ သူပေးထားတဲ့ လတ်တလောကာလကိုပဲ ကျွန်တော်တို့ဟာ ဖြတ်သန်းကြရတယ်။အချိန်ရဲ့ စေစားရာကို ခံနေကြရတယ်။ ကျွန်တော်တို့ဟာအချိန်နဲ့အတူအသက်တွေအိုမင်းရင့်ရော်ပြီး သေဆုံးသွားကြပေမဲ့အချိန်ကတော့ ဆက်ပြီး ရှိနေတုန်းပဲ၊ ဆက်သွားနေတုန်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ကသာ တစ်နေရာရာမှာ ရပ်နေလို့ရရင်ရမယ်။အချိန်က ရပ်မနေပါဘူး။ သူ့ရဲ့အလုပ်ကို တစိုက်မတ်မတ် လုပ်နေပါတယ်။




စာဖတ်သူတို့ရဲ့အိပ်ခန်းထဲမှာ သုတ်ထားတဲ့ဆေးရောင်က ဘာအရောင်များဖြစ်နေမလဲ။အိပ်ခန်းရဲ့အရောင်ဟာအိပ်စက်မှုနဲ့ ဆက်စပ်ပတ်သက်နေတယ်ဆိုတာကိုကော ကြားဖူးပါသလား။




ဒီနေ့တော့ တစ်ကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှုရှိလာဖို့အတွက်အသုံးတည့်ထိရောက်စေနိုင်တဲ့ နည်းလမ်းလေးတွေကို စာဖတ်ပရိသတ်တွေအတွက် မျှဝေပေးလိုပါတယ်။ ဖတ်ရှု၊ မှတ်သား၊ လိုက်နာပြီး တိုးတက်အောင်မြင်မှုတွေ ရရှိနိုင်ကြပါစေ။

၂၀၁၉ ထဲဝင်လာတာ ပထမတစ်ပတ်တော့ပြီးသွားပြီ။ လုပ်မယ်ဆိုတဲ့ New Year resolution တွေစလုပ်နေပြီလား။အရင်နှစ်ကအမှားတွေကို ဆက်လုပ်နေမိသေးလား။အဲဒီအမှားတွေကို ထပ်မလုပ်မိအောင် ဘယ်လိုရှောင်ရှားကြမလဲ ကြည့်ရအောင်ပါ။

သာယာလှတဲ့နေ့လေးတစ်နေ့မှာ သားအဖနှစ်ယောက်ဟာ တောထဲကို ထင်းခွေဖို့ ထွက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့တစ်နေရာအရောက်မှာတော့ သစ်ပင်တစ်ပင်အောက်မှာ ထောင်ချောက်မိပြီး ဒုက္ခရောက်နေတဲ့ ကြောင်လေးတစ်ကောင်ကို တွေ့လိုက်ရပါတယ်။ ကြောင်လေးဟာ ထောင်ချောက်ကနေလွတ်မြောက်ဖို့အတွက် နည်းမျိုးစုံကြိုးစားပေမဲ့လည်းအချည်းအနှီးသာဖြစ်နေတာကြောင့်အားငယ်ဝမ်းနည်းနေပါတယ်။ ကြောင်လေး ဒုက္ခရောက်နေတာကို မကြည့်ရက်တဲ့ ဖခင်ဖြစ်သူက "သား ဒီမှာ ခဏနေဦးနော်။အဖေ ထောင်ချောက်ကနေ ကြောင်လေးလွတ်အောင် သွားကူညီပေးလိုက်ဦးမယ်"ဆိုပြီး ကြောင်လေးရှိရာကို ထွက်လာခဲ့ပါတယ်။




အခုခေတ်အနေအထား၊အခြေအနေတွေအရ စာအုပ်စာပေဖတ်ရှုတဲ့အလေ့အထဆိုတာ ပျောက်ကွယ်လုနီးပါးဖြစ်လို့နေပါပြီ။အားလုံးရဲ့လက်ထဲမှာ ဖုန်းကိုယ်စီရှိနေကြပြီး ဒီဖုန်းနဲ့ပဲအင်တာနက်ချိတ်ဆက်ပြီး ရှာဖွေကြည့်ရှုလိုက်ရုံနဲ့ ကိုယ်ဖတ်ချင်တာတွေ၊ ကိုယ်လေ့လာချင်တာတွေကိုအစစအရာရာအလွယ်တကူရနိုင်တဲ့အခြေအနေမှာ စာအုပ်တွေရဲ့ နေရာက ပျောက်စပြုလာတယ်လို့ ဆိုနိုင်ပါတယ်။

လူတိုင်းမှာ ကိုယ်ဖြတ်သန်းခဲ့ရတဲ့၊ ဘယ်သူနဲ့မှမတူတဲ့ ကိုယ်ပိုင်ဘဝတွေရှိကြပါတယ်။ မတူညီတဲ့ မိသားစု၊မတူညီတဲ့အသိုင်းအဝိုင်း၊ မတူညီတဲ့ ဘဝဖြတ်သန်းပုံတွေကိုအသီးသီးကြုံတွေ့ခဲ့ရတာဖြစ်တာကြောင့် မတူညီတဲ့အတွေးအခေါ်၊ မတူညီတဲ့ စိတ်ခံစားချက်တွေ ရှိနေကြပါတယ်။ မတူညီတဲ့အတွေးအမြင်တွေဖြစ်လာတာ ပြဿနာမရှိပေမဲ့ ဖြစ်ရပ်တစ်ခု၊အကြောင်းအရာတစ်ခုခုကို စဉ်းစားသုံးသပ်ကြတဲ့အခါမှာ မတူညီတဲ့အတွေးအမြင်တွေကိုထည့်မတွက်ဘဲ မိမိအမြင်ကသာမှန်တယ်ဆိုတဲ့ တစ်ဖက်ပိတ်အယူအဆရှိနေမယ်ဆိုရင်တော့ ဒါဟာမှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူး။





ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ခဲ့မယ်ဆိုရင် လူတော်တော်များများ မဖြစ်မနေသွားကြတဲ့နေရာကတော့ The Great Buddha ပဲဖြစ်ပါတယ်။ မူရင်းနာမည်ထက်စာရင် ကာမာကူရ လို့ပြောလိုက်ရင်ပဲ ဒီဘုရားကြီးကို ပြေးမြင်ကြတာကြောင့် ကာမာကူရလို့ သိကြပါတယ်။ တကယ်တော့ ကာမာကူရ ဆိုတာ ကျိုတို၊ နာရာ၊ ဟီရိုရှီးမာတို့လိုမျိုး နှစ်ကာလရှည်ကြာခဲ့ပြီဖြစ်တဲ့ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်ပါတယ်။




“အောင်မြင်တဲ့လူဆိုတာ မနက်အိပ်ရာထချိန်နဲ့ ညဘက်အိပ်ရာဝင်ချိန်ရဲ့ ကြားမှာ ကိုယ်လုပ်ချင်တာကို လုပ်နေရတဲ့သူပဲ“

- ဘော့ဘ်ဒိုင်လန်




အလုပ်တစ်ခုကို လွယ်လွယ်ကူကူနဲ့ ပြီးမြောက်သွားစေမယ့်၊အချိန်ကုန်သက်သာစေမယ့် ဖြတ်လမ်းနည်းတွေဆိုတာ ရာစုနှစ်များစွာကတည်းကအစဉ်အဆက် သူ့ခေတ် သူ့ဟန်နဲ့ ရှိနေခဲ့တာပါ။အဲဒီနည်းလမ်းတွေကို မျိုးဆက်အလိုက် လက်ဆင့်ကမ်းအသုံးပြုလာခဲ့ကြတာကလည်း ဒီနေ့ခေတ်အထိအောင်ပါပဲ။ ပြဿနာတွေအတွက် မြန်မြန်နဲ့ မှန်မှန် ဖြေရှင်းစေနိုင်မယ့် ဖြတ်လမ်းနည်းတွေကို သိထားမယ်သာဆိုရင် တစ်ခါတလေမှာ ကြုံလာရတတ်တဲ့ လုပ်ရခက်မယ့်ကိစ္စလေးတွေနဲ့ ကျန်းမာရေးပြဿနာလေးတချို့ကြောင့်အာရုံမနောက်ရတော့ဘူးပေါ့။အခုပြောပြမယ့်အကြောင်းအရာကတော့ ၁၉၀၀ ခုနှစ်များကာလတုန်းက စီးကရက်ဗူးခွံတွေထဲမှာ ထည့်သွင်းထားလေ့ရှိတဲ့ "အသုံးတွင်စေတဲ့ ဖြတ်လမ်းနည်း" လေးတွေအကြောင်းပဲ ဖြစ်ပါတယ်။




တစ်ခါက စစ်ရေးကျွမ်းကျင်ထက်မြက်ပြီး တိုင်းပြည်ကိုအေးချမ်းစွာအုပ်ချုပ်နေတဲ့ ဘုရင်တစ်ပါးရှိပါတယ်။ သူဟာ စစ်ပွဲများစွာကိုအောင်မြင်စွာတိုက်ခိုက်အနိင်ယူခဲ့ပြီး ငြိမ်ဝပ်ပိပြားနေအောင်အုပ်ချုပ်လျက်ရှိပါတယ်။ တစ်ခါမှာတော့ ဘုရင်ကြီးဟာ တိုင်းပြည်အတွက်အသက်ကိုစွန့်ပြီးတိုက်ပွဲဝင်ရင်း ကံမကောင်းစွာနဲ့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ နန်းတွင်းသမားတော်ကြီးတွေက ဘုရင်ကြီးရဲ့ဒဏ်ရာကိုအစွမ်းကုန်ကြိုးစားကုသပေမဲ့လည်း ဒဏ်ရာကပြင်းထန်တာကြောင့် မျက်စိတစ်ဖက်နဲ့ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်။







ပြတ်သွားပြီးတဲ့ ex နဲ့တစ်နေရာထဲမှာအလုပ်လုပ်တူတူလုပ်နေရတာ နည်းနည်းတော့ ကိုယ့်ကိုယ်ကိုယ် ရူးကြောင်ကြောင်နိုင်တယ်လို့ထင်တယ် မဟုတ်လား။ ကိုယ်ရှိနေတဲ့အလုပ်ကိုအဲဒီ ex ကရောက်လာခဲ့လို့ပဲဖြစ်ဖြစ်၊အစထဲကအတူတူအလုပ်လုပ်နေရင်း၊ တွဲနေရင်းနဲ့မှ ပြတ်သွားလို့ပဲဖြစ်ဖြစ် ဘယ်လိုနေရမယ်၊ ထိုင်ရမယ်မှန်းမသိဖြစ်နေရင်တော့ ဒီဆောင်းပါးလေးဟာအဲဒီလိုသူတွေအတွက် သီးသန့်ရည်စူးပြီးရေးပေးထားတဲ့ ဆောင်းပါးလို့သာမှတ်လိုက်ပါတော့။




ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းကတော့ ပရင့်မီဒီယာတွေအားကောင်းခဲ့ပြီး မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာခေတ်တစ်ခေတ် ဖြစ်ခဲ့ပါတယ်၊၊အဲဒီခေတ်အခါမှာ ဖတ်ရှုကြရတဲ့ သတင်း၊ ဆောင်းပါး၊ ဝတ္ထုနဲ့ ကဗျာ စတာတွေကို ရေးသားသူတွေက သတင်းတင်ဆက်ခြင်း၊ စာရေးခြင်းအလုပ်နဲ့ပဲအသက်မွေးကြတဲ့ သတင်းသမား၊ စာရေးဆရာစစ်စစ်တွေချည်းပါပဲ။အခုခေတ် နည်းပညာတွေထွန်းကားကျယ်ပြန့်လာပြီး လူတိုင်းနီးပါး ဖုန်းအသုံးပြုနိုင်၊ လူမှုကွန်ရက်တွေမှာ ဝင်ဆန့်နိုင်လာချိန်မှာကတော့ လူတိုင်းက ကိုယ်ပိုင်အကောင့်တွေကနေ သတင်းတွေတင်ဆက်လာနိုင်ကြ၊ စာရေးနိုင်လာကြမို့ လူတိုင်းနီးပါးက ဘလော့ဂါဖြစ်နိုင်လာကြပါတယ်။ ဒီလို ရေးသားတင်ဆက်ကြတဲ့အခါမှာ ကျင့်ဝတ်စံနှုန်းမဲ့မှုတချို့ကိုလည်း တွေ့လာရပါတယ်။




အလုပ်မှာ ပြဿနာတစ်စုံတစ်ရာတွေ့ကြုံလာလို့ စိတ်ညစ်နေတဲ့ သားကိုအဖေဖြစ်သူကအခုလိုအားပေးစကားပြောကြားနေပါတယ်။

" ငါ့သား မင်းအလုပ်မှာအဆင်မပြေခဲ့ဘူးလား။ မင်းကိုကြည့်ရတာအရမ်းစိတ်ညစ်နေတဲ့ပုံပဲ။ ငါ့သားဘာဖြစ်လာခဲ့တယ်ဆိုတာ မပြောပြခင် ငါ့သားရဲ့ ရင်ထဲကပူလောင်မှုတွေကိုအဖေတတ်နိင်သလောက်လျော့ချပေးမယ်။ ကဲ…သား ဒီဆားဗူးထဲက ဆားလက်တစ်ဆုပ်ကို စားပွဲပေါ်မှာတင်ထားတဲ့ ဖန်ခွက်ထဲကိုထည့်လိုက်ပါသား။ ပြီးရင် ရေထည့်ပြီးမွှေလိုက်ပါ "




ဒီဆောင်းပါလေးမစတင်ခင်မှာပြောချင်တာကအမျိုးသားနဲ့အမျိုးသမီး ဘယ်သူကပိုသာတယ်၊ ပိုနာတယ်ဆိုတာထက်အကုန်လုံးက တန်းတူညီမျှရှိနေတယ်ဆိုတာကိုသိထားဖို့ပါပဲ။ ဘယ်လောက်ပဲတန်းတူညီမျှတယ်ပြောပြော ယောက်ျားတွေက မိန်းကလေးတွေထက်ပိုမြင့်မြတ်တယ်။ ပိုသာတယ်ဆိုပြီး ခပ်ညံ့ညံ့အတွေးအခေါ်နဲ့ လောကကြီးကိုဘောင်ခတ်ထားတဲ့ သူတွေကလည်းရှိနေတုန်းပါ။

ဒီရက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ ပရဟိတမင်းသားကြီးနဲ့အလှမယ်လေးတို့ရဲ့ ဇာတ်လမ်းက မင်းမူနေပါတယ်။ တလောကလည်းအဆိုပြိုင်ပွဲက ကောင်မလေးတစ်ယောက်ရဲ့အပြာရုပ်သံမှတ်တမ်းက ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပါသေးတယ်။ လူမှုကွန်ရက်ပေါ်က သတင်းစာမျက်နှာတွေဟာ Engagement ကောင်းမှ၊ ကြော်ငြာရမယ်၊ ကြော်ငြာရမှ ဆက်ရပ်တည်နိုင်မယ်ဆိုတဲ့ လမ်းစဉ်နဲ့ လှုပ်ရှားနေကြတာပါ။

တစ်ခါက သားဖြစ်သူက သူ့ဇနီးသည်အပေါ် ပြောဆိုဆက်ဆံနေတဲ့အမူအရာကို သဘောမကျတာကြောင့်အဖေဖြစ်သူဟာအခုလိုပဲ မေးမြန်းနေပါတယ်။

"သား... မင်းဇနီးကို ဒေါသထွက်တဲ့အခါတိုင်း ဘာလို့အော်ကြီးဟစ်ကျယ်ပြောနေတာလဲကွာ။ သူက မင်းရဲ့အနီးနားမှာပဲလေ။ တိုးတိုးသက်သာပြောလည်း သူကြားပါတယ်ကွ။ သည်းခံပြီး စိတ်အေးအေးထားပြောပါလား "လို့ပြောလိုက်ပါတယ်။




လူတိုင်းကတော့အလုပ်မှာအဆင်မပြေတဲ့ရက်ရှိမှာပါပဲ။ တစ်ခါတလေအရမ်းပေါက်ကွဲပြီး “တော်ပြီကွာ ဒီအလုပ် သေတောင်မလုပ်ဘူး၊ ထွက်တော့မယ်” လို့ ကြွေးကြော်မိတဲ့အချိန်တွေရှိမှာပဲ။ ဒါပေမယ့် သားကျွေးမှု၊ မယားကျွေးမှု တွေကလည်းရှိ၊ တခြားထောက်ထားစရာ၊ ပြန်ကြည့်စရာ တွေကလည်းအသီးသီးဆိုတော့ကာ ဘယ်အချိန်မှာ ထွက်ရမယ်၊ ဘယ်အနေအထားဆိုရင်တော့




ဂျပန်နိုင်ငံဟာ လူအတော်တော်များများရဲ့ ခရီးသွားမဲ့စာရင်းထဲမှာ နေရာယူထားပါတယ်။ ဂျပန်နိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ခရီးသွားတွေအတွက်အပြုအမူတွေ၊ လိုက်နာရမဲ့ စည်းကမ်းချက်တွေလည်းအများကြီးရှိပါတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေနဲ့ စကားပြောဆိုဆက်ဆံရတော့မယ်ဆိုရင် လိုက်နာရမဲ့ စည်းကမ်းကျင့်ဝတ်တွေကိုလည်း သိထားသင့်ပါတယ်။

ရုပ်ရည်ချောမောပြေပြစ်တဲ့အမျိုးသားတွေဟာ တခြားလုပ်ဖော်ကိုင်ဖက်အမျိုးသားတွေထက် ဘော့စ်ရဲ့အမြင်မကြည်ခြင်းကို ပိုခံရနိုင်တဲ့အပြင် နေရာကောင်းရဖို့လည်း ခက်ခဲနိုင်ကြောင်း လန်ဒန်အခြေစိုက်တက္ကသိုလ်တစ်ခုနဲ့အမေရိကန်နိုင်ငံ၊ မယ်ရီလန် (Maryland) တက္ကသိုလ်တို့ကနေ စစ်တမ်းတွေအရ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။





၁၉၇၇ ခုနှစ်ကတည်းက ကမ္ဘာမြေကနေ ထွက်ခွာသွားခဲ့တဲ့ ဗွိုင်ဂျာ ၂အာကာသယာဉ်ဟာ ကမ္ဘာကနေအိမ်နီးချင်းကြယ်စင်စုဆီကို ဦးတည်ခရီးနှင်နေတဲ့ လူလုပ်အရာဝတ္ထုနှစ်ခုထဲက တစ်ခု ဖြစ်လာခဲ့ပါပြီ။ (အခြားတစ်ခုကတော့ ဗွိုင်ဂျာ ၁အာကာသယာဉ်ဖြစ်ပါတယ်)အခုဆိုရင် ဗွိုင်ဂျာ ၂အာကာသယာဉ်ဟာ ဟေလီယိုပေါ့စ်နယ် (နေကထုတ်လွှတ်နေတဲ့အမှုန်စီးကြောင်းများရှိရာနယ်) ကို ကျော်လွန်ပြီး နေအဖွဲ့အစည်းရဲ့အဆုံးသတ်နေရာဆီကို ဆက်လက်ခရီးနှင်နေပြီဖြစ်ပါတယ်။




သူငယ်ချင်းတွေဖြစ်ကြတဲ့ ခဲတံနဲ့ခဲဖျက်တို့ စကားစမြည်ပြောနေကြတုန်း ခဲတံလေးက "တောင်းပန်ပါတယ်နော်"လို့ပြောလိုက်တဲ့အခါ "ဘာအတွက်တောင်းပန်တာလဲ"လို့ ခဲဖျက်လေးက မေးခွန်းပြန်မေးလိုက်ပါတယ်။




မကြာသေးခင်ရက်ပိုင်းတုန်းက ရန်ကုန်မြို့တွင်းမှာရှိနေတဲ့ နောက်ဖေးလမ်းကြားပန်းဥယျာဉ်တချို့ ပြန်ပြီးပျက်စီးယိုယွင်းလာတဲ့အကြောင်းကို လူမှုကွန်ရက်ပေါ်ကတစ်ဆင့် တွေ့မိခဲ့ပါတယ်။ ဖော်ပြထားတဲ့ဓာတ်ပုံတွေထဲမှာလည်းအမှိုက်မျိုးစုံဗရပွနဲ့အလှဆင်ပစ္စည်းတွေလည်း ပျက်စီးယိုယွင်းနေပြီဖြစ်တဲ့ နောက်ဖေးလမ်းဥယျာဉ်တွေရဲ့ မြင်ကွင်းကို စိတ်မကောင်းဖွယ်ရာ မြင်တွေ့ရပါတယ်။ သာယာနေပျော်ဖွယ်ဖြစ်ဖို့ ဖန်တီးပေးမှုတစ်ခုကို တန်ဖိုးထား ထိန်းသိမ်းဖို့အသာထားလို့အခုလိုအခြေအနေဖြစ်သွားရအောင်အဆင်ခြင်မဲ့လုပ်ကြသူတွေကိုအတော်လေးအံ့ဩမိပါတယ်။




စိတ်ပင်ပန်းတယ်...စိတ်ဓာတ်ကျတယ်...စိတ်တွေရှုပ်ထွေးနေတယ်...ဘာလုပ်လုပ်အဆင်မပြေဘူး စတာတွေ ခဏခဏဖြစ်နေပြီဆိုရင် ဦးနှောက်ကိုအနားပေးဖို့ရာ လိုအပ်နေပါပြီ။ ခန္ဓာကိုယ် ပင်ပန်းလာတဲ့အခါအနားယူဖို့လိုအပ်သလို ဦးနှောက်ပင်ပန်းလာရင်လည်းအနားယူပေးဖို့ကအရေးကြီးပါတယ်။




နောက်ဆုံးနှစ်တက္ကသိုလ်စာမေးပွဲတွေ ဖြေပြီးပြီ။အလုပ်စဝင်ဖို့ စိုင်းပြင်းနေပြီ။အလုပ်လည်း ရလာပြီဆိုပါတော့။အလုပ်ဝင်ရမယ့် ပထမဆုံးနေ့အတွက် စိတ်လှုပ်ရှားနေပြီး ဘာလုပ်ရမလဲမသိသေးရင်အောက်ကအချက်လေးတွေကို ဖတ်ကြည့်လိုက်ပါ။




တစ်နေ့မှာ ဂျွန်နဲ့အဲလက်စ်အမည်ရှိတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ သဲကန္တာရတစ်ခုကို ဖြတ်သန်းပြီး ခရီးထွက်လာကြပါတယ်။ တစ်နေရာအရောက်တော့အကြောင်းအရာတစ်ခုနဲ့ပတ်သတ်ပြီး ငြင်းခုံကြရာမှာ ဂျွန်က ဒေါသမထိန်းနိင်ဘဲအဲလက်စ်ရဲ့ မျက်နှာကို လက်သီးနဲ့ထိုးလိုက်မိပါတယ်။




အယ်ဒီတာ့အာဘော်ကဏ္ဍ (3.12.2018)

ယခုတစ်ပတ်ကနေစတင်ပြီးအပတ်စဉ်တနင်္လာနေ့တိုင်းမှာအယ်ဒီတာ့အာဘော်ကဏ္ဍကို ရိုးရာလေးရဲ့စာဖတ်ပရိသတ်တွေအတွက်အသစ်ထပ်မံထည့်သွင်းပြီး တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ မျက်မှောက်ကာလမှာဖြစ်ပျက်နေတဲ့အကြောင်းအရာအဖြစ်သနစ်တွေအပေါ်အခြေခံပြီးအယ်ဒီတာအဖွဲ့က တွေးမြင် သုံးသပ်ကာ ရေးသားတင်ဆက်သွားမယ့်ကဏ္ဍဖြစ်လို့ စောင့်မျှော်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။အခုစပြီးတင်ဆက်ပေးလိုက်တဲ့ ဆောင်းပါးကိုလည်း ဖတ်ရှု သုံးသပ်ကြည့်ပါဦး။




အိပ်နေစဉ်အတွင်းအမြင့်တစ်ခုခုပေါ်ကပြုတ်ကျသလို၊ ချော်လဲသလိုမျိုးကြောင့် ခန္ဓာကိုယ်ဆတ်ခနဲတုန်တက်လာရတဲ့ ခံစားချက်မျိုးကို ကျွန်တော်တို့အားလုံး ကြုံဖူးကြပါလိမ့်မယ်။ ဒီလိုမျိုးတွေခဏ၊ ခဏဖြစ်တာ ဘာကြောင့်လဲဆိုတဲ့အဖြေကို ဒီဆောင်းပါးလေးကနေတစ်ဆင့် စာဖတ်ပရိတ်တို့နားလည်သိရှိရအောင် ရှင်းပြပေးသွားပါ့မယ်။




တစ်နေ့က သူငယ်ချင်းအရင်းတစ်ယောက် မင်္ဂလာလက်မှတ်ထိုးဖို့ကိစ္စနဲ့ ရန်ကုန်၊ ဗဟိုတရားရုံးကို ရောက်တဲ့အခါ မြောက်မြားစွာသော ဖြူနီပြာဝါ စုံတွဲတွေ တန်းစီ တိုးဝှေ့နေကြတာ မြင်ရပါတယ်။ ရုံးတော်ရှေ့အပေါက်ဝမှာ တူညီဝတ်စုံတွေနဲ့ တန်းစီနေ ကြသူတွေမြင်ရပြန်တော့ 'အင်း ..တွင်းကြီးထဲက မြွေတွေ၊ နဂါးတွေကို စိန်တွေ၊ ရွှေတွေတင်ပြီး ခုန်ဆင်းဖို့လုပ်နေကြ သူတွေပါလား'ဆိုတဲ့အတွေးနဲ့ ပြုံးမိပါသေးတယ်။

သိပ္ပံပညာကတော့အခုလိုပဲအခိုင်အမာဆိုထားပါတယ်။ စိုးရိမ်သောကတွေကို လျော့ချစေတာက သင့်ကို သက်သာရာရစေပါတယ်။ လူမှုကွန်ရက်သုံးစွဲမှုကို လျော့ချခြင်းက သင့်ရဲ့ စိတ်ခံစားမှုတွေကို ပိုမိုတိုးတက်လာစေလိမ့်မယ်။ သာမန်သဘာဝအတိုင်းနေထိုင်ခြင်းကသာ သင့်ကိုအပြည့်အဝ စိတ်ကျေနပ်မှုရစေလိမ့်မယ်။ လူတော်တော်များများအတွက်ကတော့ မိတ်ဆွေ၊ သူငယ်ချင်းတွေ ပတ်လည်ဝိုင်းနေတာဟာ သူတို့ကို ပျော်ရွှင်ကျေနပ်စေနိုင်မှာဖြစ်ပြီး

ချစ်သူအသစ်စက်စက်လေးနဲ့ပထမဆုံးချိန်းတွေ့ရတာ ပျော်ရွှင်ရင်ခုန် စိတ်လှုပ်ရှားစရာဖွယ်ကောင်းမှာပါပဲ။ ပထမဆုံးဒိတ်လုပ်ရင် ဘာလုပ်ကြမလဲ။ ပန်းခြံသွားမလား၊ ရုပ်ရှင်ကြည့်မလား၊ မုန့်သွားစားကြမလား။အဲဒီအခါကျ ဘယ်သူကပိုက်ဆံရှင်းကြမှာလဲ။ ပထမဆုံးဒိတ်အတွက်အမျိုးသားကပေးသင့်တယ်၊ ဒါမှမဟုတ် ကိုယ်စားတာကိုယ်ရှင်း စသည်ဖြင့်အယူအဆအမျိုးမျိုးရှိပေမယ့်




National Geographic Channel ရဲ့ ရုပ်သံစီးရီးသစ်တစ်ခုဖြစ်တဲ့ "Mars" ကို မိတ်ဆက်တဲ့ပွဲမှာ သိပ္ပံပညာရှင်နဲ့ သိပ္ပံပညာမျှဝေသူ ဘီလ်နိုင်းဟာအင်္ဂါဂြိုဟ်ပေါ်မှာ လူသားတွေအခြေချနေထိုင်မယ့် ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး သူ့ရဲ့အတွေးအခေါ်တွေကို ပြောပြသွားခဲ့ပါတယ်။ သူကတော့အင်္ဂါဂြိုဟ်ပေါ်မှာ လူသားတွေအခြေချနေထိုင်ဖို့ မသင့်ဘူးလို့ ခံယူသူပါ။




သာယာအေးချမ်းလှတဲ့အားလပ်ရက်လေးတစ်ခုမှာပေါ့။ ပန်းခြံလေးထဲက ကလေးကစားကွင်းလေးတစ်ခုမှာ ကလေးငယ်တွေ ပျော်ရွှင်စွာ ကစားလို့နေပါတယ်။ ကစားကွင်းလေးရဲ့အနီးနားမှာရှိတဲ့ ခုံတန်းလေးတစ်ခုမှာတော့အမျိုးသမီးတစ်ဦးနဲ့အမျိုးသားတစ်ဦးဟာ သူတို့ရဲ့သားသမီးလေးတွေ ဆော့ကစားနေတာကို စောင့်ဆိုင်းနေကြရင်း စကားစမြည်ပြောနေကြပါတယ်။

ဒီတစ်ခေါက်ဖော်ပြပေးမယ့် ခရီးသွားဆောင်းပါးလေးကတော့ ယခုနှစ်မင်္ဂလာရာသီအတွင်း မိမိတို့ရဲ့ပျားရည်ဆမ်းခရီးကို ပဲရစ်မှာမှအသားကုန်ရိုမယ်လို့စိတ်ကူးထားတဲ့ စုံတွဲလေးတွေအတွက်ပါ။အဲ ... ရိုးရိုးချစ်သူရည်စားစုံတွဲလေးတွေလည်း လေ့လာထားလို့ရပါတယ်။





တစ်ခါကအသက်(၇၀)အရွယ်အဘိုးကြီးတစ်ယောက်ဟာအနီ၊အပြာ၊အနက်၊အဝါ၊အစိမ်းရောင်အစရှိတဲ့ ပူဖောင်းလေးတွေကို ပွဲဈေးတွေမှာ လိုက်လံရောင်းချပြီးအသက်မွေးဝမ်းကျောင်းပြုပါတယ်။ ဒီလိုနဲ့ရောင်းလာရင်း သူရဲ့ ပူဖောင်းလေးတွေဟာအရောင်းပါးလာပါတယ်။အဲဒီအခါအဘိုးကြီးဟာအရင်သာမန်ရိုးရိုး ပူဖောင်းလေးတွေအစား မိုးပျံပူဖောင်းလေးတွေကို ပြောင်းလဲရောင်းချပါတယ်။




အားနာတဲ့ ခံစားချက်ကို လူတော်တော်များများ ကြုံဖူးမှာပါ။ ဘယ်လိုအချိန်မျိုးမှာ ကျွန်မတို့အားနာကြလဲ ?ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်း၊ ကိုယ်လုပ်လိုက်တဲ့အရာတစ်ခုကြောင့် တစ်ဖက်သား ထိခိုက်နာကျင်မှာ စိုးတဲ့အတွက်အားနာစိတ် ဖြစ်ကြပါတယ်။




အချိန်ဆိုတဲ့အရာကို ကြိုတင်ခန့်မှန်းလို့ရတဲ့အရာ၊ ဒါမှမဟုတ် ကျွန်တော်တို့တိုင်းတာလို့ရတဲ့အရာလို့ ထင်မြင်နေတတ်ကြပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ နာရီတွေကို မယုံကြည်ဖို့ ပြောနေတာမဟုတ်ပေမဲ့လို့အချိန်က ကျွန်တော်တို့သိထားသလိုအလုပ်လုပ်နေတာမဟုတ်တာတော့ သေချာပါတယ်။




ညနေခင်းတစ်ခုမှာ ကျွန်တော်နဲ့ ကျွန်တော့်အမေဟာ ကိစ္စတစ်ခုဆွေးနွေးကြရာကနေအကြီးအကျယ်စကားများခဲ့ကြပါတယ်။အမေက စိတ်ဆိုးဒေါသထွက်ပြီး ကျွန်တော့်ကိုအိမ်ကနေထွက်သွားလို့ ပြောလိုက်တာကြောင့် ကျွန်တော်လည်း စိတ်ညစ်ညစ်နဲ့အိမ်ကနေထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့စိတ်ညစ်ညစ်နဲ့ လျှောက်လာရင်း တစ်နေရာအရောက်တော့ ခေါက်ဆွဲပြုတ်ရောင်းတဲ့ဆိုင်လေးတစ်ဆိုင် တွေ့ပါတယ်။




ဒီကနေ့အချိန်မှာ နိုင်ငံကြီးသားတွေအပါအဝင် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆို Facebook သုံးစွဲသူဦးရေ ၂ ဘီလီယံထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။ Social Media လို့ဆိုလိုက်တာနဲ့ Facebook ကိုပဲ ပြေးမြင်သူများနေသေးတဲ့ ကျွန်တော်တို့ဆီမှာလည်း တောရော မြို့ပါမကျန် လူမှုကွန်ရက်ယဉ်ကျေးမှုတစ်ခု ပေါက်ကွဲတိုးထွက်လာပြီး လက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာ Facebook သုံးစွဲသူဦးရေ ၁၈ သန်းကျော်ရှိကြောင်း၊ Facebook သုံးစွဲသူတွေထဲက ၈၅ ရာခိုင်နှုန်းဟာအသက် ၁၈ နဲ့ ၄၄ နှစ်ကြားအရွယ်တွေဖြစ်ကြောင်း RFA သတင်းတစ်ရပ်မှာ မကြာသေးမီက ဖော်ပြခဲ့ပါတယ်။




လက်ထပ်လက်စွပ်ကို လက်သူကြွယ်မှာ ဝတ်ဆင်ရတာနဲ့ ပက်သက်ပြီးအလွန်ကောင်းမွန်တဲ့ တရုတ်လူမျိုးတွေရဲ့ ဆိုရိုးတစ်ခုရှိပါတယ်။အဲဒီဆိုရိုးအရ လူတစ်ယောက်ရဲ့ လက်ချောင်းတွေမှာအဓိပ္ပာယ်တစ်ခုစီ ရှိနေပါတယ်။




သာယာအေးချမ်းလှတဲ့ ကမ်းခြေတစ်ခုရဲ့ မနက်ခင်းပိုင်းလေးမှာ လေ့ကျင့်ခန်းလုပ်သူ၊ လမ်းလျှောက်သူတွေနဲ့ ပြည့်လို့နေပါတယ်။အမျိုးသားတစ်ယောက်ကတော့ လမ်းလျှောက်ထွက်လာရင်း တစ်နေရာအရောက်မှာတော့ တစ်စုံတစ်ခုကိုတွေ့လိုက်တာကြောင့် ကမ်းစပ်ကို ဆင်းသွားလိုက်ပါတယ်။ သူတွေ့လိုက်ရတာကတော့ မနက်ပိုင်းရေတက်ချိန်မှာ ရေစီးနဲ့အတူပါလာတဲ့ ကြယ်ငါးလေးတွေ ဖြစ်လို့နေပါတယ်။




ဒီနေ့ခေတ်လူသားတွေရဲ့သိမြင်နိုင်မှုအရအလင်းဟာအမြန်ဆုံးအရာဖြစ်ပြီး စကြဝဠာကြီးထဲမှာအရာရာဟာအချင်းချင်းဝေးကွာလွန်းတာကြောင့်အကွာအဝေးယူနစ်ကိုအလင်းရဲ့အလျင်နဲ့ မှတ်သားတိုင်းထွာကြရပါတယ်။ နေအဖွဲ့အစည်းထဲက ဂြိုဟ်တွေတစ်ခုနဲ့တစ်ခုကိုလည်းအလင်းရဲ့အလျင်နဲ့ မိနစ်ပိုင်းအတွင်း သွားလာနိုင်ပါလိမ့်မယ်။ (ချွင်းချက်အနေနဲ့ ယခုအချိန်မှာ နေအဖွဲ့အစည်းထဲက ဖယ်ထုတ်လိုက်ပြီဖြစ်တဲ့အပြင်ဘက်အကျဆုံး ပတ်လမ်းပေါ်က ပလူတိုဂြိုလ်ဟာ နေက ကြည့်လျင်အလင်းရဲ့ ၅ နာရီစာ ခရီးသွားရမယ့်အကွာအဝေးမှာ ရှိနေပါတယ်)




ကမ္ဘာပေါ်မှာ ဗြိတိန်လုံးဝ မသိမ်းပိုက်ဖူးတဲ့ နိုင်ငံ ၂၂ နိုင်ငံပဲ ရှိပါတယ်။ ယနေ့စစ်အင်အားကြီးပါတယ်ဆိုတဲ့အမေရိကန်၊ တရုတ်၊ ရုရှား၊ ပြင်သစ်အစရှိတဲ့ နိုင်ငံတွေကိုတောင် သိမ်းပိုက်ခဲ့ဖူးပါတယ်။

ဒေသတစ်ခုကနေ တစ်ခုကိုအမြဲတမ်းလှည့်လည်သွားလာနေရတဲ့ ကုန်သည်တစ်ဦးဟာ သူရဲ့ကုန်စည်တွေကို သယ်ယူပို့ဆောင်ဖို့ရည်ရွယ်ချက်နဲ့ မြည်းတစ်ကောင်ကို ဝယ်ယူလာခဲ့ပါတယ်။ ကုန်သည်ဟာ မြည်းလေးကိုအစာကောင်းကောင်းကျွေးပြီး ဂရုတစိုက်နဲ့ ထိန်းကျောင်းထားပါတယ်။

လေယာဉ်တွေ၊ သင်္ဘောတွေ ထူးဆန်းစွာ ပျောက်ဆုံးသွားတတ်တဲ့ ဘာမြူဒါ တြိဂံဒေသ (သေမင်းတမန်နယ်မြေ)အကြောင်းကို သင် ကြားဖူးနေပါလိမ့်မယ်။ ဒီနေရာကတော့ ဖလော်ရီဒါ၊ ပြူတိုရီကိုနဲ့ ဘာမြူဒါတို့ သုံးခုကြား တောင်အတ္တလန်တစ်သမုဒ္ဒရာထဲက သုံးမြှောင့်ပုံစံနယ်မြေတစ်ခုဖြစ်ပါတယ်။




Hallowe'en, Hallows' Even , Hallows' Evening, All Hallows' Eve, All Saints' Eve စသဖြင့် နာမည် မျိုးစုံခေါ်ဝေါ်ကြပေမယ့် လူသိများတာကတော့ Halloween day လို့ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းအောက်တိုဘာ ၃၁ မှာ ဆင်နွှဲလေ့ရှိတဲ့ ဒီပွဲတော်မှာဆိုရင်တော့ လူငယ် လူရွယ်တွေဟာ မကောင်းဆိုးရွားတွေရဲ့ ပုံပန်းတွေကို တုပပြီး





ချင်ပန်ဇီတွေက ဘာသာရေးယုံကြည်မှုဆန်တဲ့ ထူးထူးဆန်းဆန်းအပြုအမူတွေ ပြုမူနေတာကို လေ့လာတွေ့ရှိမှုတစ်ခုအရ သိခဲ့ရပါတယ်။အာဖရိကအနောက်ပိုင်းက ချင်ပန်ဇီတွေဟာ ကျောက်တုံးတွေကို သစ်ပင်တွေဆီကို ပစ်ပေါက်လိုက်၊အမြစ်တွေကြားဆီကို ပစ်ပေါက်လိုက်လုပ်နေပြီးအဲဒီနောက်မှာတော့ ကျောက်တုံးတွေကိုအစုအပုံလိုက်ဖြစ်အောင် ဖန်တီးနေတာပါ။




ကိုယ်ရေးကိုယ်တာဆက်ဆံရေးတွေအကြောင်းအဓိကထား ရေးသားဖော်ပြတဲ့ “Luvze” ဆိုတဲ့ စာစောင်ကအွန်လိုင်းပေါ်မှာ ကိုယ့်အချစ်ရေးတွေကို ဖွင့်ဟပြတာနဲ့ပတ်သက်ပြီး လေ့လာမှု(၂) ရပ်ကို ပြုလုပ်ခဲ့ပါတယ်။




သင့်ရဲ့ဦးနှောက်ဟာ သင်နေ့စဉ်လုပ်နေတဲ့ ကိစ္စရပ်တိုင်းကိုအမြဲတမ်းအကောင်းမွန်ဆုံးပုံဖော်ပေးနိုင်ဖို့ရာ မလွယ်ကူလှပါဘူး။ တံခါးကိုဆွဲဖွင့်ဖို့ လက်ရဲ့အကူအညီကိုလိုတာ၊ ရေသောက်ဖို့ ပါးစပ်ဟမှရတာမျိုးတွေနဲ့ facebook ကိုမကြာခဏစစ်နေမိတာမျိုးတွေဟာ စွဲမြဲနေတဲ့အလေ့အထတွေဖြစ်တဲ့အတွက် ဘာလုပ်ဖို့ ဘာလိုတယ်ဆိုတာကို လူသားတွေရဲ့ဦးနှောက်ကအထူးတလည်သတိပေးနေစရာမလိုတော့ပါဘူး။




ခရီးကလည်းအမြဲလိုလိုထွက်ချင်နေတယ်။ လုပ်နေတဲ့အလုပ်နဲ့ စုထားတဲ့ပိုက်ဆံလေးလောက်နဲ့ကလည်း မဖြစ်ပြန်ဘူး။ ဒါပေမဲ့လည်းသွားချင်နေတုန်းပဲ။ ဒီလိုမျိုး ခရီးသွားရတာကိုချစ်သူလေးတွေအတွက်အပူအပင်ကင်းကင်းနဲ့အမြဲခရီးထွက်နေနိုင်မယ့် လျှို့ဝှက်ချက်လေးတွေရှိပါတယ်။




ညတစ်ညမှာတော့ မြွေတစ်ကောင်ဟာအစာရှာထွက်လာရင်းနဲ့ မျက်စိလည်လမ်းမှားပြီး လက်သမားဆရာတစ်ယောက်ရဲ့အလုပ်ရုံထဲကို ရောက်ရှိလာခဲ့ပါတယ်။အလုပ်ရုပ်ပိုင်ရှင် လက်သမားဆရာရဲ့ လွှတစ်လက်အပါအဝင် ကိရိယာတန်ဆာပလာတွေက မြေပြင်ပေါ်မှာ ပြန့်ကျဲလို့နေပါတယ်။







စကားလုံး (Word) တစ်လုံးကို နေရာများစွာမှာအသုံးပြုလို့ရတာကို သိကြမှာပါ။ ဥပမာ မြန်မာဘာသာစကားမှာဆိုရင်လည်း (ရပ်) ဆိုတာကို ရပ်တန့်၊ ရပ်စောင့်၊ ရပ်ကွက်၊ ရပ်ရွာ စသဖြင့် ပုံစံများစွာ သုံးလို့ရတာတွေရှိပါတယ်။




ခရီးအတူတကွ သွားဖူး၊ လာဖူးရှိပြီးအဆင်ပြေနေကြတဲ့စုံတွဲတွေအတွက်တော့အထူးတလည်ပြောစရာမရှိပေမဲ့အခုမှပထမဆုံး ခရီးစသွားကြမယ့် စုံတွဲလေးတွေအတွက်တော့ တစ်ခါသွားပြီး နှစ်ဦးနှစ်ဘက်မငြိုမငြင်ဘဲ နောက်ထပ်ခရီးစဉ်တွေ ပျော်ပျော်ပါးပါးထပ်ထွက်နိုင်ဖို့ရာ ခရီးသွားနည်းလေးရေးပေးချင်ပါတယ်။




ဩစတြေးလျနိုင်ငံကသုတေသနပြုသူတွေဟာအင်အားကောင်းမွန်တဲ့ ရေဒီယိုလှိုင်းတွေကိုအာကာသရဲ့ နက်ရှိုင်းတဲ့နေရာတွေကနေ ဖမ်းယူရရှိခဲ့တယ်လို့ သိရပါတယ်။ ဩစတြေးလျနိုင်ငံရဲ့အနောက်ပိုင်းမှာ တည်ရှိတဲ့ (CSIRO) ရေဒီယိုလှိုင်းဖမ်းယူရေးဌာနကနေအင်အားအတော်ကောင်းမွန်ပြီး ထူးဆန်းတဲ့ လှိုင်း ၁၉ ခုကို ဖမ်းယူရရှိခဲ့ပြီး

တစ်ခါက ဂျွန် လို့အမည်ရှိတဲ့ သစ်ခုတ်သမားတစ်ယောက်ဟာ ကုမ္ပဏီတစ်ခုမှာ ငါးနှစ်တာကာလကျော်အထိ သစ္စာရှိရှိလုပ်ကိုင်ခဲ့ပေမဲ့ လစာမတိုးတာလာကြောင့် စိတ်ပျက်နေပါတယ်။ ကုမ္ပဏီတစ်ခုထဲမှာလုပ်ကိုင်နေတဲ့ သစ်ခုတ်သမားအသစ်လေး စတီဖင်ကတော့အလုပ်လုပ်တဲ့တစ်နှစ်ကျော်အတွင်းမှာပဲ ကုမ္ပဏီက လစာတိုးပေးခြင်းကို ခံလိုက်ရပါတယ်။

တစ်နေ့အသက် (၁၀) နှစ်ပဲရှိသေးတဲ့ ကျွန်မသမီးလေးက သူ့အတန်းဖော်သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားထွက်ဖို့ ကျွန်မဆီမှာ ခွင့်တောင်းလာလေရဲ့။ ဆရာ၊ ဆရာမတွေလည်း ပါမှာပါတဲ့။ ဒီတော့ မိဘခွင့်ပြုချက်လိုတယ်ပေါ့။




ကံကြမ္မာ ဆိုတာကိုအဓိပ္ပါယ်ဖွင့်ရရင် ''မိမိပြုလိုက်တဲ့အကျိုးတရားတွေကိုအခြေခံပြီးအနာဂတ်မှာ ဖြစ်လာမယ့်အကြောင်းတရား'' လို့ ဖွင့်ဆိုလို့ ရမယ်ထင်ပါတယ်။ ဘာတွေပြုလိုက်ရင် ဘာတွေဖြစ်လာမှာလဲ။ ယေဘုယျအားဖြင့် ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်၊ ဆိုးတာလုပ်ရင် ဆိုးတာဖြစ်မယ်။




ပတ်ဝန်းကျင်ကို (၂၄) နာရီနဲ့ (၇) ရက်လုံး ဂရုစိုက်နေတတ်သူ၊ လူတွေက ကိုယ့်ကိုဘယ်လိုထင်မလဲအမြဲစိုးရိမ်နေတတ်သူတွေအတွက်တော့ သူငယ်ချင်းဖွဲ့ရတာ တကယ်ကိုခက်ခဲပါတယ်။ ဘယ်လိုသူတွေနဲ့တွေ့မှာလဲ။ သူတို့တွေက ငါ့ကိုသဘောကျပါ့မလား။ သူတို့မကြိုက်တာ တစ်ခုခုလုပ်မိရင် ငါ့ကိုငြိုငြင်သွားကြမှာလား။ စတဲ့အတွေးတွေကို

ကျွန်တော်တို့ရဲ့ ဦးနှောက်မှာ မှတ်သားနိုင်စွမ်းကောင်းပြီး ရေတိုမှတ်ဉာဏ်စွမ်း၊ ရေရှည်မှတ်ဉာဏ်စွမ်းထက်တာက ကျွန်တော်တို့ရဲ့ဘဝအတွက် သိပ်အသုံးဝင်ပါတယ်။ ဦးနှောက်က ကွန်ပျူတာတစ်လုံးလို မှတ်ဉာဏ်အားကောင်းနေတယ်ဆိုရင်

















အခုတလော လမ်းမပေါ်မှာ သွားလာနေတဲ့ မိန်းကလေးတွေကို ကာယအိန္ဒြေ ပျက်ပြားအောင် နှုတ်အားဖြင့်ရော၊ ကိုယ်အမူအရာအားဖြင့်ပါ လိုက်လံနှောင့်ယှက်မှုတွေ တဖြည်းဖြည်း ပိုများလာတာတွေ တွေ့ရမှာပါ။ ကျွန်မတို့နိုင်ငံမှာတော့ တရားဥပဒေကြောင်းအရအားနည်းတာရော၊အကျူးလွန်ခံရတဲ့ မိန်းကလေးတွေဘက်ကလည်း တိုင်တန်းဖို့ရာအခက်အခဲတွေများစွာရှိတာကြောင့် ထိရောက်တဲ့အရေးယူမှုတွေ မပြုလုပ်နိုင်ဘဲ




တစ်ခါတုန်းကပေါ့…နှစ်စဉ်နှစ်တိုင်း သရက်သီးတွေ လှိုင်လှိုင်သီးတဲ့ သရက်ပင်ကြီးတစ်ပင်ရှိပါတယ်။ ကလေးငယ်လေးတစ်ယောက်ဟာအဲဒီသရက်ပင်ကြီးရဲ့အောက်ကိုလာပြီးတော့ နေ့စဉ်နေ့တိုင်း လာကစားတယ်။ သစ်ပင်ပေါ်တက်ပြီး သရက်သီးတွေ ခူးစားတယ်။ သရက်ပင်ကြီးရဲ့အရိပ်အာဝါသအောက်မှာအနားယူတယ်။




နေ့စဉ်နဲ့အမျှအားကစားရုံ သွားနေတဲ့သူတွေအတွက် ကျွန်တော်တို့သိထားတဲ့ ပုံစံအဟောင်းတွေကအလုပ်မဖြစ်တော့တာကို လေ့လာကြည့်ရအောင်ပါ။




သင်ဟာ ၁၉၆၆ နဲ့ ၂၀၁၂ ကြားမှာ ကျောင်းသား/သူအဖြစ် ဖြတ်သန်းခဲ့ဖူးတယ် ဆိုရင် ဒီလေ့ကျင့်ခန်းနဲ့ စိမ်းနေမှာ မဟုတ်ပါဘူး။အမေရိကမှာဆိုရင်တော့ လူငယ်တွေဟာ (စစ်မှုထမ်း ဥပဒေအရ) ကိုယ်ခန္ဓာ တောင့်တင်းသန်မာဖို့အတွက် ငယ်စဉ်ကတည်းက လေ့ကျင့်ခန်းအဖြစ် ကစားကြတာဖြစ်ပါတယ်။ ပုံစံတွေများစွာ ပြောင်းလဲဆော့ကစားလာပေမယ့်လည်းအိပ်ထ-မတင် လေ့ကျင့်ခန်းဟာ ဝမ်းဗိုက်ပိုင်း ကြံ့ခိုင်ဖို့အတွက်အကောင်းဆုံး လေ့ကျင့်ခန်း ဖြစ်နေဆဲဖြစ်ပေမဲ့ ကျောရိုးနဲ့ ခါး နာကျင်မှုကို ပိုမို ဖြစ်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။ ၂၀၀၅ ခုနှစ်မှာ လေ့လာမှုတစ်ခုအရ ၅၆ % သော စစ်သားတွေဟာအိပ်ထ-မတင် လေ့ကျင့်ခန်းကို ကစားစဉ်အတွင်း နံကားလာခြင်း (ခါး၏ ဘေးတစ်ဖက်တစ်ချက်) နှင့်အူကျခြင်း တွေကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီအတွက်အစားထိုးလေ့ကျင့်ခန်းအနေနဲ့အခုအချိန်မှာအကောင်းဆုံးအဖြစ် မှတ်ချက်ပြုထားကြတဲ့ (Plank) ဆိုတဲ့ လေ့ကျင့်ခန်းကို ကစားစေပါတယ်။ သူရဲ့ ပုံစံကတော့ ဒိုက်ထိုး လေ့ကျင့်ခန်းပုံစံအတိုင်း လက်ထောက်ပြီး ဝမ်းလျားမှောက်ပြီးတဲ့နောက် ကြမ်းပြင်ကို တံထောင်ဆစ်နဲ့ ထောက်လိုက်ပြီး ခန္ဓာကိုယ်ကိုအဖြောင့်အတိုင်း စက္ကန့် 30 ကနေ 120 စက္ကန့်အထိ တတ်နိုင်သလောက် နေရတာဖြစ်ပါတယ်။




အားကစားရုံ တော်တော်များများမှာတော့ သင့်ရဲ့ လေ့ကျင့်ရေးဆရာကအကြောလျော့ခိုင်းမှာပါပဲ။အရင်တုန်းက သိထားတဲ့ Static Stretching လေ့ကျင့်ခန်းတွေဟာအခုအချိန်မှာ သိပ်အလုပ်မဖြစ်တော့ပါဘူး။အဲဒီလေ့ကျင့်ခန်းတွေကအကြောပြေလျော့စေတာ မှန်ပေမယ့် သင့်ရဲ့ ခွန်အားကိုတော့ လျော့ကျစေတယ်လို့ ဆိုပါတယ်။အင်တိုက်အားတိုက် စတင်ကစားဖို့ ကြိုးစားရာမှာ ကြွက်သားတွေဟာ တုန့်ဆိုင်းကုန်တယ်လို့ ဆိုပါတယ်။ ဒီလိုဆို သွေးပူလေ့ကျင့်ခန်းအနေနဲ့အကြော မလျော့ ရတော့ဘူးလား...




အကြောလျော့ လေ့ကျင့်ခန်း နည်းလမ်းသစ်တွေ ဖြစ်တဲ့ Dynamic Stretching ကို စတင် ကြိုးစားလုပ်ဆောင်လိုက်ပါ။အခုနောက်ပိုင်း တော်တော်များများကလည်း ဒီနည်းလမ်းတွေကို ညွှန်းလေ့ရှိပါတယ်။ သူကတော့ ကြွက်သားလှုပ်ရှားမှု သိပ်မရှိပဲ သွေးပူခြင်းကိုသာအဓိက ဖြစ်စေမှာ ဖြစ်ပြီး ဆက်လက် လုပ်ဆောင်မဲ့ လေ့ကျင့်ခန်းတွေမှာ ကြွက်သားတွေကို ပိုမို ခွန်အားရှိစေမှာပါ။ ဒီလို ညွှန်းဆိုလို့Static stretching နည်းလမ်းတွေက မကောင်းဘူးလို့ မဆိုလိုပါဘူး။ ပင်ပင်ပန်းပန်း ဆက်လက်ပြီး လုပ်စရာ မရှိဘူးဆိုရင်တော့ Static နည်းလမ်းတွေ သုံးနိုင်ပါတယ်။

BMI ဆိုတာအရပ်အမောင်းနဲ့ ကိုယ်အလေးချိန်နဲ့ကိုအချိုးချပြီးအရပ်ဘယ်လောက်ရှည်ရင် ကိုယ်အလေးချိန် ဘယ်လောက်ရှိသင့်တယ်ဆိုတာကို ဖော်ပြပေးတဲ့ ကျန်းမာရေးဆိုင်ရာ စံညွှန်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့အယူအဆတွေကတော့ တော်တော်လေးလွဲမှားနေပာတယ်။ တကယ်တမ်းက ကိုယ်အလေးချိန်ဟာအဆီကြောင့်ရော ကြွက်သားကြောင့်ရော ဖြစ်နိုင်ပါတယ်။အဆီထုတွေ များပြားလွန်းလို့ သတ်မှတ် BMI ကိုကျော်လွန်နေတာ ဟာ ကျန်းမာရေးအတွက် မကောင်းပေမဲ့ ကြွက်သားတွေကြောင့် ကျော်လွန်နေတာကတော့ ကျန်းမာရေးအတွက် မကောင်းဘူးလို့ ယူဆလို့မရတော့ပါဘူး။

ဒီအတွက် ဘာကိုအစားထိုးလို့ ရသလဲဆိုတော့ waist to hip ratio (ခါးနှင့်တင်ပဆုံအချိုး) ကို သုံးလို့ရပါတယ်။ ဥပမာ သင်က ခါး ၃၆ တင်ပဆုံ ၄၀ ဆိုရင်အချိုးက ဝ.၉ ရှိနေမှာဖြစ်ပြီး ဒါဟာအဆီပါဝင်မျှုနှုန်းအနည်းငယ်များတဲ့အခြေအနေပါ။ ပုံတွေမှာ ကြည့်ပြီး သေချာ တိုင်းထွာ လေ့လာကြည့်လို့ရပါတယ်။





သတင်းကောင်းပဲဗျာ။ လပေါင်းများစွာ online ကအလုပ်လျောက်၊အင်တာဗျူးတွေဖြေ လိုက်ရတာ နောက်ဆုံးတော့အလုပ်ရပြီးအလုပ်အသစ်အတွက် စိတ်လှုပ်ရှားနေရပါပြီ။ နောက်တစ်ပတ်အတွင်း




မြို့တစ်မြို့ရဲ့အလယ်မှာ ကျောက်ရုပ်ထုကြီးတစ်ခုကို ခန့်ညားထည်ဝါစွာ တည်ဆောက်ထားပါတယ်။ ကမ္ဘာအနှံ့က ခရီးသွားဧည့်သည်တွေဟာ ဒီမြို့ကိုရောက်တာနဲ့




လူတွေပြောလေ့ရှိတဲ့စကား ''ကောင်းကင်ကနေ ရွှေမိုး ငွေမိုးရွာတယ်'' ဆိုတာမျိုးဟာ မျှော်လင့်ချက်အဖြစ်သာရှိနေတာဖြစ်ပြီး တကယ့်လက်တွေ့ဘဝမှာတော့အနာဂတ်ကောင်းစားရေးအတွက် သေလုမြောပါး ပြေးလွှားလုပ်ကိုင်နေကြရတာဖြစ်ပါတယ်။ ဒါပေမယ့် သင်ကသာ ဒီဂြိုလ် ၂ လုံးပေါ်မှာ ရှိနေခဲ့မယ်ဆိုရင်




"လူတွေက သည်းခံပေးတာများရင် ခေါင်းပေါ်တက်ထိုင်ချင်ကြတယ်" "သူငယ်ချင်းမို့လို့သာ သည်းခံနေတာ ဒီထက် ပိုဆိုးလာရင်တော့ သည်းမခံတော့ဘူး" "ကလေးတွေရဲ့ မျက်နှာကြောင့်သာ သည်းခံပေါင်းတာ နို့မို့ဆိုရင် ကွာရှင်းလိုက်တာကြာပြီ" ဒီလိုစကားမျိုးတွေက




ပေါ်ပင်ဆိုတဲ့ စကားလုံးက လူတော်တော်များများ နားရည်ဝပြီးသားပါ။ ဒါကအသံထွက်ယူပြီး မွေးစားထားတဲ့စကားလုံးဖြစ်ပါတယ်။ မြန်မာစကားလုံးတော့ မဟုတ်ဘဲ popping ဆိုတဲ့အင်္ဂလိပ်စကားလုံးက လာတာပါ။ ဂတ်စ်ပါတဲ့အရည်ထဲမှာ




တော်မီ နဲ့ ဂျင်မ်ဆိုတဲ့သူငယ်ချင်းနှစ်ယောက်ဟာ ကုမ္ပဏီတစ်ခုရဲ့အရောင်းဝန်ထမ်းအဖြစ် ရာထူးအတူတူ၊ လစာအတူတူနဲ့ လုပ်ကိုင်ကြပါတယ်။ သုံးနှစ်လောက်အကြာမှာတော့ ကုမ္ပဏီရဲ့ မန်နေဂျာဖြစ်သူက နှစ်ယောက်ထဲမှာတစ်ယောက်ဖြစ်တဲ့ တော်မီကို




ဖက်ရှင်ဒီဇိုင်းတွေ ဘယ်လောက်ပဲပြောင်းပြောင်း ဂျင်းဘောင်းဘီ၊ ဂျင်းအကျီ၊ ဂျင်းဂျတ်ကတ်တွေကတော့ ဟိုးအရင်ခေတ်ထဲကနေအခုခေတ်ထိ မပြောင်းလဲဘဲ ခေတ်ရေစီးထဲမှာ မျောပါနေစမြဲပါပဲ။အထူးသဖြင့် ဂျင်းဘောင်းဘီတွေက ယောင်္ကျား၊ မိန်းမ၊အသက်အရွယ်မရွေး




ကျွန်တော်တို့ သေပြီးတဲ့နောက် ဘာတွေဆက်ဖြစ်သွားမှာလဲ...သေဆုံးခြင်းဆိုတာဘာလဲ...ကျွန်တော်တို့ရဲ့ နောက်ဆုံးအသက်ရှုခြင်းအပြီးမှာ




တစ်နံနက်ခင်းမှာ ကျွန်တော်နဲ့ ငယ်သူငယ်ချင်းကျောင်းဆရာလေးတို့ ဆုံနေကြလက်ဖက်ရည်ဆိုင်မှာ ဆုံဖြစ်ကြပါတယ်။ ကျောင်းပိတ်တဲ့ ဥပုသ်နေ့ဖြစ်တာကြောင့်အချိန်လည်းရတာနဲ့ပဲ








“စာမေးပွဲကလည်း နီးလာပြီ။ စာတွေကလည်း မရသေးဘူး။ ဟိုဟိုက်ပါတွေကတော့ ၅ ခန်းလောက်ပြတ်နေပြီပြောတယ်။ ငါကတော့တစ်ခန်းတောင်အနိုင်နိုင်နဲ့။အမေရေ လုပ်ပါဦး။ သမီး ကျ မလား မသိဘူး။ ကယ်ကြပါဦး ”

အဲဒီလိုဖြစ်နေပြီလား။ ဒီလို ပူပူလောင်လောင်ကြီး စာကျက်နေရင် တော်တော်နဲ့ စာမရ ဖြစ်တတ်လို့




Extrovert ကတော့ တက်ကြွပြီး ယုံကြည်ချက်အပြည့် ရှိသလိုအများနဲ့ ပြောဆိုဆက်ဆံရတာကို ကြိုက်နှစ်သက်သူတွေပါ။ တစ်နည်းပြောရမယ်ဆိုရင် ဘွင်းဘွင်းပျော်ပျော်သမားတွေပေါ့။ Introvert ဆိုသူတွေကတော့အရှက်အကြောက်ကြီးပြီးအခြားသူနဲ့ ရောရောနှေနှော မနေတတ်သူတွေဖြစ်ပါတယ်။ ဒီလိုမျိုး မတူကွဲပြားတဲ့အကျင့်စရိုက်ပိုင်ရှင်တွေက စီးပွားရေးလုပ်ကိုင်ရာမှာကော ဘယ်လို ကွာခြားချက်တွေ ရှိနေမှာလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။




ဘွင်းဘွင်းပျော်ပျော်နေတတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ (Extrovert သမားတွေ) ကအခြားသူတွေနဲ့အတူတူရှိနေရင် ခွန်အားဖြစ်သလို ခံစားရပြီး လူတွေနဲ့ မပေါင်းသင်းရ မနေနိုင်ဆိုသူတွေ ဖြစ်ကြပါတယ်။ ဩဇာတိက္ကမရှိပြီး ကိုယ့်ကို လူချစ်လူခင်များတဲ့အတွက် ငွေရှာရတာ လွယ်ကူစေပါတယ်။ ဒါပေမဲ့ လုပ်ငန်းစပျိုးကာစမှာ စီးပွားရေးလုပ်ငန်းရှင်တွေက ၁၈ ရာခိုင်နှုန်းလောက်ပဲအောင်မြင်တာများလို့ risk နည်းနည်းတော့ ယူရမှာ ဖြစ်ပါတယ်။ စီးပွားရေးရေရှည်တည်တံ့ဖို့ဆိုရင် လူချင်းတွေ့ဆုံပြီး ပြောဆိုဆွေးနွေးတတ်မှုတွေကအရေးပါတာကြောင့် ဒီလိုလူမျိုးတွေအတွက် မိတ်ဆွေအပေါင်းအသင်းဖွဲ့ရတာကအလွယ်လေးပါပဲ။အကောင်းမြင်တတ်တဲ့ စိတ်ကြောင့် လုပ်ငန်းကိုလည်းအကျိုးဖြစ်ထွန်းစေသူတွေ ဖြစ်ပါတယ်။

Extrovert သမားတွေအနေနဲ့ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကတော့ စိတ်ရှည်လက်ရှည် နားထောင်နိုင်စွမ်းရည် ဖြစ်ပါတယ်။ သူတို့တွေက တစ်ခုတည်းကိုအာရုံစိုက်နိုင်စွမ်း နည်းကြလို့ မိနစ် ၅၀ လောက် ခေါင်းစားအောင်အလုပ်လုပ်ပြီးရင် ၁၀ မိနစ်လောက်ကအနားယူချင်သူတွေ ဖြစ်ကြပါတယ်။




တစ်ကိုယ်တည်းနေရတာ ကြိုက်တဲ့ Introvert သမားတွေမှာတော့အများနဲ့ ရောနှောရတာကိုက သူတို့အတွက် စိတ်ပင်ပန်းစေတဲ့အရာ ဖြစ်နေပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်းအားကောင်းကြသူတွေဖြစ်လို့အလုပ်ချိန်ပြင်ပမှာ ဝါသနာပါရာတွေကိုအချိန်ပေးပြီး လုပ်တတ်ကြသူတွေ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်အမြဲသုံးသပ်တတ်သူတွေဖြစ်လို့ ဘဝမှာရလာတဲ့ သင်ခန်းစာတွေကနေအလုပ်ကို ပိုကောင်းအောင် လုပ်တတ်ကြပါတယ်။အုံ့ပုန်းနေတတ်သူတွေဖြစ်လို့အလုပ်မှာ စိတ်နှစ်ပြီးအာရုံစိုက်ကြပါတယ်။ စကားပြောရတာထက် နားထောင်ရတာကို ပိုကြိုက်သူတွေ ဖြစ်လို့ တိကျမှုများပြီးအမှားနည်းသူတွေ ဖြစ်ပါတယ်။

Introvert တွေကြုံတွေ့ရတတ်တဲ့ စိန်ခေါ်မှုတွေကတော့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေနဲ့ တူတူရှိချိန် စိတ်တွေရှုပ်လာပြီး စဉ်းစားရမထွက် ဖြစ်တတ်ကြပါတယ်။ ဒီလိုလူတွေအတွက်ကတော့ ကိုယ့်ကိုအနှောင့်အယှက် မပေးသင့်တဲ့အချိန်တွေကို တခြားသူတွေသိအောင် ပြောထားဖို့ပါပဲ။ လူရှေ့ထွက်ရတာ ကြောက်တတ်သူတွေဖြစ်လို့အစည်းအဝေးပွဲတွေ မတိုင်ခင် စကားပြောအဆင်ပြေမပြေဆိုတာကို ကြိုတင်ပြင်ဆင်ထားရပါတယ်။




Extrovert နဲ့ Introvert နှစ်ဦးစလုံးမှာအားနည်းချက်အားသာချက်အနည်းအများစီ ရှိကြတာမို့အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့အားနည်းချက်ကို သတိမူပြီး နည်းနည်းချင်း ပြောင်းလဲသင့်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

Ref: newsrepublic.net “Extrovert or Introvert:What Personality Type Means In Business”

Alice May ( ရိုးရာလေး)











“ငွေစက္ကူ ပြုတ်ကျရင် ပြန်ကောက်လိုက်လို့ရပေမဲ့ စိတ်ဓာတ်ကျတာက ပြန်ကောက်ဖို့ မလွယ်ကူပါဘူး”။အရမ်းမှန်တဲ့ စာသားလေးပါ။ ဘဝမှာ ကြိုးစားသလောက်အရာမထင်တဲ့အခါ





လောကရဲ့ နေရာတိုင်းမှာ ကွက်လပ်ဆိုတဲ့အရာတွေရှိနေတယ်။ ကွက်လပ်လို့ ပြောလိုက်တဲ့အခါ ကျွန်တော်တို့က




၁၉ ရာစုမတိုင်ခင်ထိတော့ ဘယ်သန်တွေကို ချို့တဲ့သူတွေ၊ မသန်စွမ်းသူတွေအဖြစ် သတ်မှတ်ခဲ့သလို သမိုင်းတစ်လျှောက်မှာတော့ စုန်းအဖြစ်တောင် သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ တကယ်တော့ ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းခန့်က




သာယာလှပတဲ့ နံနက်ခင်းလေးတစ်ခုမှာ ရထားတစ်စင်းဟာ ပုံမှန်အရှိန်လေးနဲ့ ပြေးလမ်းအတိုင်းပြေးနေပါတယ်။ ရထားတွဲတစ်တွဲမှာတော့အသက်(၂၀)ဝန်းကျင်အရွယ် လူရွယ်တစ်ယောက်နဲ့အသက် (၅၀)ကျော်အရွယ်ရှိပြီဖြစ်တဲ့အဖေဖြစ်သူတို့




























တစ်ခါတုန်းကအဝတ်လျှော်သမားတစ်ယောက်မှာ မြည်းပုတစ်ကောင်နဲ့ ခွေးတစ်ကောင်ရှိတယ်။ မြည်းပုလေးရော ခွေးလေးရော သူတို့ရဲ့သခင်ကိုအများကြီးကူညီပေးကြတယ်။ တစ်ညမှာတော့ သူခိုးတချို့ဟာအဝတ်လျှော်သမားရဲ့အိမ်ကို ပစ္စည်းခိုးဖို့ ဝင်သတဲ့… ခွေးလေးက သူခိုးတွေအသံကြားပြီး ဟောင်တော့တာပေါ့။အဝတ်လျှော်သမားကြီးလည်းအိပ်ရာကထလာပြီးအိမ်နီးချင်းတွေကိုအော်ဟစ်အကူအညီတောင်းတော့တယ်။ ‘ဟ..ဘာလဲ.. ခွေးရှိတယ်ကွ၊ မြန်မြန်ပြေး’ ဆိုပြီး သူခိုးတွေက ပြေးပါတော့တယ်။အဲဒီအချိန်မှာပဲ ရွာသားတွေရောက်လာကြတယ်။ သူခိုးတွေက ပြေးဖို့ကြိုးစားပေးမဲ့ ရွာသားတွေလက်ထဲမိသွားတော့တယ်။

အဲဒီနေ့ကစပြီး မြည်းပုလေးတွေးလိုက်တာက ‘ခွေးက ငါ့ထက်ပိုအသုံးဝင်တယ်လို့ သခင်ကထင်နေတာပဲ’ သူလည်း ခွေးလိုပဲအသုံးဝင်တဲ့တိရစ္ဆာန်တစ်ကောင်ဖြစ်တယ်ဆိုတာ သခင့်ကိုပြမှဖြစ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ နေ့ရက်အနည်းငယ်ကြာပြီးတဲ့နောက် တစ်ညမှာ သူခိုးနှစ်ယောက်ကအဝတ်လျှော်သမားကြီးရဲ့အိမ်ကို လာပြန်တယ်။ သူခိုးတွေကအိမ်မှာရှိတဲ့တိရစ္ဆာန်တွေကို သတိထားကြတယ်။ ‘ငါဒီအိမ်မှာအိမ်စောင့်ခွေးတစ်ကောင်ရှိတယ်လို့ ကြားတယ်.. သတိထားဦး’ လို့ သူခိုးက သူ့သူငယ်ချင်းကို သတိပေးလိုက်တယ်။

သူခိုးတွေချောင်းကြည့်လိုက်တဲ့အခါ ခွေးတစ်ကောင်ကအိမ်ပေါက်ဝမှာ ထိုင်နေတာကို တွေ့လိုက်တယ်။ သူခိုးတွေလည်း ခွေးဟောင်မှာကို ကြောက်တာပေါ့။ ‘ဒီအိမ်ကနေ မခိုးတော့ရင် ကောင်းမယ်… ခုသွားတာပဲ ကောင်းလိမ့်မယ်’ လို့ ပြောပြီး သူခိုးနှစ်ယောက်လုံး ထွက်ပြေးသွားတော့တယ်။ ဒါပေမဲ့ သူခိုးတွေမသိလိုက်တာက မြည်းပုလေးဟာ ဒါတွေအားလုံးကို မြင်လိုက်တယ်ဆိုတာပဲ။ ‘ဒီအချိန်က ငါဟာအသုံးဝင်တယ်ဆိုတာပြဖို့အခွင့်အရေးပဲ။ သူခိုးတွေကတော့ ပြေးပြီ… ငါဟီလိုက်ရင်တော့ သူခိုးတွေကို ငါအိမ်ပြင်မောင်းထုတ်လိုက်တယ်လို့ သခင်ကထင်မှာပဲ…’ လို့ သူတွေးလိုက်တယ်။ ပြီးတော့ မြည်းပုလေးကအကျယ်ကြီး ဟီလိုက်တယ်။

အဝတ်လျှော်သမားကြီးက ညနက်သန်းခေါင်ကြီး မြည်းက ထဟီတာလည်း ကြားရော စိတ်ဆိုးတာပေါ့။ သူဟာ တုတ်ချောင်းတစ်ချောင်းနဲ့ ထွက်လာပြီး မြည်းကိုရိုက်ပါတော့တယ်။ ‘ဒီလိုအရိုက်ခံမှ နောက်တစ်ခါ ညဘက်မဟီရမှန်းသိမှာ’ လို့ ကြိမ်းမောင်းတော့တယ်။ မြည်းက ရိုက်တာကို ငြိမ်ခံနေရပြီးတော့ ဘာတွေဖြစ်ပျက်နေလဲတောင် မသိပါဘူး။အဲဒီနောက် ခွေးက မြည်းပုလေးဆီလာပြီး ‘ငါ့လိုဖြစ်အောင် လိုက်လုပ်နေမှာထက် မင်းအလုပ်ကိုပဲ ကောင်းကောင်းလုပ်သင့်တယ်’ လို့ ပြောပြလိုက်တယ်။ မြည်းပုလေးက ခွေးလေးမှန်တယ်ဆိုတာ သိသွားပြီးအသိတရားရသွားတာပေါ့။

ဒီပုံပြင်လေးကနေ ရိုးရာလေးစာဖတ်ပရိသတ်ကြီးဆီ ပေးချင်တဲ့အသိကတော့ ကိစ္စတိုင်းမှာ သူတစ်ပါးကို လိုက်အတုခိုးနေမဲ့အစား ကိုယ့်နည်းကိုယ့်ဟန်နဲ့အောင်မြင်အသိအမှတ်ပြုခံရအောင် ကြိုးစားသင့်တယ်ဆိုတာပဲ ဖြစ်ပါတယ်။





ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO) ရဲ့ ကမ္ဘာအမွေအနှစ်ဒေသစာရင်းမှာအလှဆုံးနေရာ၊ လူသားတွေ ခဲရာခဲဆစ် ဖန်တီးထားတဲ့ နေရာတွေနဲ့




အိမ်မှာ မိဘနဲ့ပဲဖြစ်ဖြစ်၊ ကျောင်းမှာ သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် တစ်ခါတစ်လေမှာအသုံးအဆောင်ပစ္စည်းတွေကို ဘာပြဿနာမှမရှိလောက်ပါဘူး ဆိုပြီးတော့ ဝေမျှအသုံးပြုတတ်ကြပါတယ်။ ဒါက တကယ်တော့




ကလေးငယ်လေးတွေဆိုတာကလေ ... ကျွန်မတို့ထင်ထားတာထက် ပိုလို့အများကြီး နုနယ်ကြပါတယ်။ ပိုပြီးအတွေးနယ်ချဲ့တတ်ကြတယ်။




ကမ္ဘာတစ်ဝန်းကအစ္စလာမ်ဘာသာဝင် ၁.၈ ဘီလျံအတွက်ကတော့ ဟာဂ်ျဆိုတာ ဘာသာရေးဆိုင်ရာအထွတ်အမြတ်ပါပဲ။ နှစ်စဉ်နှစ်တိုင်း ဝတ်ပြုသူ သုံးသန်းလောက်ကအပြစ်တွေ ဆေးကြောဖို့










အပတ်စဉ် ခရီးသွားတာတွေချည်း သပ်သပ်တင်ဆက်ပေးနေတော့ စာဖတ်ပရိတ်သတ်တွေလည်း နည်းနည်းရိုးအီနေလောက်ပြီ ထင်ပါတယ်။ ဒီတစ်ခါတော့ နည်းနည်းရိုဆန်ကြည့်လိုက်ကြရအောင်။ ဖူးစာရှာကြမယ်ကွာ။ သမရိုးကျ နေ့စဉ်ဘဝမှာတင်လည်ပတ်ရင်း ရှာဖွေနေတာမျိုးမဟုတ်ဘဲ




တစ်နေ့တာမှာ ရင်ထဲကအရှိအတိုင်း သင်ဘယ်နှစ်ကြိမ်လောက် ရယ်ခဲ့ ပြုံးခဲ့ မိလဲ။ ဘဝအမောတွေကြား နစ်မြုပ်နေရင်း ရယ်ဖို့ ပြုံးဖို့တောင် မေ့လျော့နေတဲ့ လူတွေကိုအများကြီး တွေ့ဖူးပါတယ်။ တစ်နေ့တာ ပြီးမြောက်အောင် လုပ်ဆောင်ရမယ့်အလုပ်တွေအနာဂတ်မှာ ဖြစ်လာနိုင်တဲ့အရေးပေါင်းများစွာကို တွေးတောရင်း




နှစ်ပေါင်း (၄၅၀)။ ဒါဟာ ပလတ်စတစ်ဗူးတစ်ဗူးပျက်စီးဖို့အတွက် လိုအပ်တဲ့အချိန်ပါ။ ဟုတ်ပါတယ်။ တစ်ဗူးတည်းကို နှစ်ပေါင်း (၄၅၀) ကြာတာပါ။ ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလိုက်တဲ့ နံပါတ်တွေလဲဆိုတာ










သိပ္ပံဆိုင်ရာလေ့လာချက်တွေရဲ့အဆိုအရ ကွန်ပျူတာနဲ့ စမတ်ဖုန်းတွေရဲ့အလင်းရောင်ဟာ မျက်လုံးကို လျင်လျင်မြန်မြန် ပျက်စီးစေနိုင်တဲ့အကြောင်းအရင်းတစ်ခု ဖြစ်နေပြီလို့ ဆိုပါတယ်။




ခရီးတစ်ခါထွက်ဖို့ ပြင်ဆင်ရတာတွေက မနည်းဘူးနော်။အိမ်ထောင်ရှင်မတွေဆိုရင် တစ်ခါခရီးထွက်ဖို့ကိုအဝတ်အစားတွေထည့်ရတာ၊ ကျန်ခဲ့မယ့်မိသားစုအတွက်အစားအသောက်တွေပြင်ဆင်ရတာ၊ ခရီးမှာစားဖို့ ယူသွားရမှာ၊ ပြန်လာရင် သန့်ရှင်းရေးလုပ်ဖို့တွေးပူရတာ၊ လျှော်ရ၊ ဖွတ်ရမှာအဲဒီလိုတွေတွေးရင်း၊ တွေးရင်းနဲ့

လူတစ်ယောက်ဟာ ငယ်စဉ်လူလတ်ပိုင်းအရွယ်ကတည်းကနေအသက်အရွယ်ရလာတဲ့အထိ လက်သမားအတတ်ပညာတစ်ခုတည်းနဲ့သာအသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့အသက်အရွယ်ကြောင့် လှုပ်ရှားမှုတွေ နှေးကွေးလာတဲ့အခါ သူရဲ့အသက်မွေးကျောင်းဖြစ်တဲ့ လက်သမားအလုပ်ကနေပြီးတော့အနားယူဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

အလုပ်ကအနားယူတော့မယ့်အကြောင်းကို နှစ်အတော်အကြာ လက်တွဲပြီးလုပ်ခဲ့တဲ့ သူရဲ့အလုပ်ရှင်ကို ပြောပြလိုက်ပါတယ်။အဲဒီအကြောင်းကိုအလုပ်ရှင်ဖြစ်သူက ကြားသိလိုက်တဲ့အခါ ဝမ်းနည်းသွားခဲ့ပြီး နောက်ဆုံးအနေနဲ့အိမ်တစ်လုံးကို ဆောက်လုပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီတောင်းဆိုချက်ကို လက်သမားဖြစ်သူကလည်း လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်း လုပ်ငန်းစတင်လုပ်ကိုင်တဲ့အခါမှာတော့ သူဟာအရင်လို တက်တက်ကြွကြွလုပ်ကိုင်ခြင်းမရှိတော့ဘဲ ကတိတစ်ခုကြောင့် ဆောက်လုပ်ပေးတဲ့သဘောမျိုးနဲ့သာ ဆောက်လုပ်ခဲ့ပါတယ်။အိမ်ဆောက်ရာမှာလည်း ဈေးသက်သာတဲ့ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ သာမန်အလုပ်သမားတွေကိုသာ ရွေးချယ်ပြီးအမြန်ဆုံးပြီးစီးအောင် ဆောက်လုပ်လိုက်ပါတယ်။

တဖြည်းဖြည်းနဲ့ ဆောက်လုပ်လာခဲ့ရာအိမ်တစ်အိမ်လုံး ဆောက်လုပ်ပြီးစီးတဲ့ နေ့ကို ရောက်ရှိလာခဲ့ပါတော့တယ်။အဲဒီအခါ လက်သမားဆရာကြီးက သူရဲ့အလုပ်ရှင်ကို ခေါ်ပြီးပြပါတယ်။ ဒီအခါမှာတော့အလုပ်ရှင်ဖြစ်သူက မမျှော်လင့်ထားတဲ့အပြုအမူတစ်ခုကို ပြုလုပ်လိုက်ပါတယ်။ ဘာလဲဆိုတော့ စက္ကူစာအိတ်တစ်အိတ်ကို ယူလာခဲ့ပြီး လက်သမားဆရာကြီးကို ပေးပြီးဖွင့်စေပါတယ်။ စာအိတ်ကို ဖွင့်လိုက်တဲ့အခါမှာတော့ ဆောက်လုပ်ပြီးစီးသွားတဲ့အဆောက်အဦနဲ့ ပတ်သက်ပြီးအရေးကြီးတဲ့ စာရွက်စာတမ်းတွေ ဖြစ်လို့နေပြီး ဒီထက်အံဩစရာကောင်းတာတစ်ခုကတော့ စာရွက်စာတမ်းအားလုံးက လက်သမားဆရာကြီးရဲ့ နာမည်နဲ့ ပြုလုပ်ထားခြင်းပဲဖြစ်ပါတယ်။အဲဒီအခါမှာတော့ ပိုင်ရှင်ဖြစ်သူက " ဆရာကြီး…ခင်ဗျား ကျွန်တော်နဲ့ ရေရှည်လက်တွဲပြီးအလုပ်လုပ်လာခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ။အလုပ်ကိုလည်းကြိုးစားသလို ကျွန်တော့်အပေါ်ကိုလည်း သစ္စာရှိခဲ့တယ်။ ဒါကြောင့် ဒီအဆောက်အဦကို ဆရာကြီးအတွက် ကျွန်တော်လက်ဆောင်ပေးတာပါ။ လက်ခံပေးပါ" လို့ ဆိုလိုက်ပါတယ်။ ဒီအခါမှာတော့ လက်သမားဆရာကြီးက ဘာပြန်ပြောရမှန်းမသိအောင်ဘဲ ငြိမ်သက်သွားပါတယ်။ ကိုယ့်ကိုယ်ကိုယ် ရှက်စိတ်နဲ့အတူ နောင်တလည်း ကောင်းစွာရမိသွားပါတယ်။

ဒီအကြောင်းအရာလေးနဲ့ ပတ်သတ်ပြီးတော့ ရိုးရာလေးစာဖတ်ပရိသတ်ကြီးရော ဘယ်လိုတွေးမိပါသလဲ။ ကျွန်တော်တို့အားလုံး တစ်ခါတလေ စိတ်မပါဘဲ ပြောရဆိုရ လုပ်ရကိုင်ရတဲ့အရာတွေ ရှိပါတယ်။ စိတ်မပါဘဲ လုပ်တဲ့ ဘယ်အရာမဆိုအကောင်းဆုံးပုံစံနဲ့ မရရှိနိင်ပါဘူး။အဲဒီတော့ စိတ်မပါတော့ပေမဲ့ လုပ်ရမယ့်အတူတူအကောင်းဆုံးသာလုပ်ပါ။ ပြောရမယ့်အတူတူအချိုသာဆုံးသာ ပြောပါ။ ကိုယ်ပြုတဲ့အပြုအမူအတိုင်းနဲ့ တူညီတဲ့ တန်ပြန်သက်ရောက်မှုကို မလွဲမသွေ ပြန်လည်ရရှိလာမှာဖြစ်ပါတယ်။





ဂျက်ခ် မောရစ် (Jack Morris) နဲ့ လော်ရမ် ဘူလန် (Lauren Bullen) တို့ချစ်သူနှစ်ယောက်လုံးဟာ မင်းသား၊ မင်းသမီးတွေမဟုတ်ကြပါဘူး။ ဆိုပေမဲ့အင်စတာဂရမ်ပေါ်မှာတော့ နာမည်ကြီးကြသူတွေပါ။




ဒေါက်တာ ဘားနက်အိုမာလူ (Dr Bennet Omalu) ဟာ Chronic Traumatic Encephalopathy (CTE) လို့ခေါ်တဲ့ ဦးနှောက်ပိုင်းဆိုင်ရာ နာတာရှည်ရောဂါကို ရှာဖွေတွေ့ရှိခဲ့သူ ဖြစ်ပါတယ်။




ဘုံဘေဘားမား (Bombay-Burmah) လို့အသံကြားလိုက်တာနဲ့ တစ်ချိန်က မြန်မာ့အုပ်ချုပ်ရေးအလှည့်အပြောင်းကိုတွေးမိပြီး လူတိုင်းရင်ထဲ ဆစ်ကနဲတော့ နာကျင်မိမှာပါပဲလေ။ ကျွန်းသစ်အငြင်းပွားမှုကိစ္စကနေအင်္ဂလိပ်လက်အောက်ရောက်ခဲ့ရတဲ့အထိ




ကျွန်တော်တို့လူတော်တော်များများက သန့်စင်ခန်းထဲလုပ်ဖြစ်တဲ့အရာတွေကိုဆို ထုတ်ပြောကြဖို့ တော်တော်လေး ရှက်ရွံ့နေတတ်ကြပါတယ်။ တကယ်တော့ရေချိုးရင်းအပေါ့သွားတာကအရမ်းကောင်းပါတယ်။




လူတိုင်းမှာ ပင်ကိုစရိုက်တွေကအမျိုးမျိုး ရှိတတ်ကြပါတယ်။အထူးသဖြင့် မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေ ထိတွေ့ဆက်ဆံရတဲ့အခါ စိတ်သဘောချင်း မတိုက်ဆိုင်မှုတွေ ရှိတတ်ကြတာပါပဲ။




မသိဘူး...ဆိုလ်း (Seoul) ဆိုသွားလည်ချင်တာမှ တစ်ပိုင်းရော၊ တစ်ကိုယ်လုံးရောသေနေပြီ။ သွားသာသွားချင်တာ။ ယဉ်ကျေးမှု၊ ရာသီဥတု၊အနေအထားအားလုံးကွာနေတဲ့ မြို့ကိုသွားလည်ဖို့ဆိုတာက ထင်သလောက် မလွယ်ဘူးလေ။




တစ်ခါက မြစ်တစ်ခုအနားမှာ ရွာငယ်လေးတစ်ရွာရှိပါတယ်။အဲဒီရွာမှာနေတဲ့ လူတိုင်းဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်ကြပြီး ရွာကဘုရားကျောင်းမှာ ပုံမှန်ဆုတောင်းမှုပြုလေ့ရှိကြပါတယ်။ တစ်ခုသောမုတ်သုံရာသီကို ရောက်လာတဲ့အခါ




စာဖတ်ဝါသနာပါတဲ့ ရိုးရာလေးပရိသတ်တွေအတွက် ဒီတစ်ပတ်မှာ ထူးထူးခြားခြားစာအုပ်လေးနှစ်အုပ်နဲ့ မိတ်ဆက်ပေးပါစေ။ ဘာလို့ထူးခြားနေရတာလဲဆိုတော့ ဒီစာအုပ်လေးနှစ်အုပ်လုံးက







ကမ္ဘာတစ်လွှားက စွန့်စွန့်စားစားကိုမှ ရှာဖွေချင်သူတွေကိုတော့အန္တရာယ်များတဲ့ ဒီလမ်းကို မသွားဖို့တိုက်တွန်းပါရစေ။ ဘိုလီဗီယာမှာ သည်းထိတ်ရင်ဖို စွန့်စားရဆုံး နေရာတစ်ခုလို့ လူသိများတဲ့ သေမင်းတမန်လမ်းမှာ





အလုပ်တွေပိနေလို့ဖြစ်ဖြစ်၊အိပ်ရေးပျက်လို့ဖြစ်ဖြစ် တစ်နေ့ပြီးတစ်နေ့ သင်ဟာအိပ်ချင်နေတာမျိုး နှေးကွေးနေတာမျိုး ခံစားရတတ်ပါတယ်။ နေ့ခင်းမရောက်သေးဘဲ ကော်ဖီသုံးခွက်လောက် သောက်မိနေတာမျိုးပေါ့။




တစ်ခါတုန်းက မြတ်စွာဘုရားရှင်က နောက်လိုက်တပည့်သား ရဟန်းတွေနဲ့အတူ တစ်မြို့ပြီး တစ်မြို့ကို လမ်းလျှောက်ပြီး ကြွမြန်းခဲ့ပါတယ်။ လမ်းခရီးတစ်နေရာ ရောက်တဲ့အခါ




မိဘဆိုတာ ကလေးတွေအတွက် စံပြပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ကလေးတွေဟာ သူတို့ရဲ့ခန္ဓာကိုယ်၊ စွမ်းရည်၊အရာအားလုံးနီးပါးကို မိဘဆီကနေ သင်ယူကြတာပါ။




လူအတော်တော်များများဟာအရက်သောက်ပြီးတဲ့အချိန် နိုင်ငံခြားဘာသာ စကားလုံးတွေကို မိခင်ဘာသာစကားကြားထဲမှာအရင်ထက် ပိုညှပ်ညှပ်ပြီး ထည့်ပြောလေ့ရှိကြတယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။







ဥရောပအာကာသအေဂျင်စီက သိပ္ပံပညာရှင်တွေဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ မားစ်ဂြိုလ်နဲ့ ပတ်သတ်ပြီးအစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အစီရင်ခံစာမှာ ပါဝင်တာကတော့ မားစ်ဂြိုလ်ရဲ့ တောင်ဝင်ရိုးစွန်းနားမှာ ၁၂.၅ မိုင်ကျယ်တဲ့ ရေကန်ကို တွေ့ရှိခဲ့ပြီးအောက်ဘက်မှာ ရေခဲအလွှာဖြစ်နေတယ်လို့ ဆိုထားပါတယ်။

၂၀၀၈ ခုနှစ်တုန်းကလည်း နာဆာဟာအင်္ဂါဂြိုလ်ရဲ့အပေါ်ယံမြေဆီလွှာတွေကို ဖယ်ရှားလိုက်စဉ်မှာ ရေခဲအလွှာကို တွေ့ရှိခဲ့ဖူးသလို ၂၀၁၁ ခုနှစ်မှာလည်း နာဆာရဲ့ မားစ်ဂြိုလ်ပတ်လမ်းကို လေ့လာသူတွေဟာ ဂြိုလ်ရဲ့တုံ့ပြန်မှုတွေဖြစ်ချိန်မှာ ရေခဲအလွှာတွေ ရှိနေတဲ့ ကုန်းမြင့်တွေကို တွေ့ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

မားစ်ဂြိုလ်ရဲ့ မြေဆီလွှာမှာ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်ကလိုရိုက်၊ ကယ်လ်ဆီယမ် တွေ ပါဝင်နေတာပါ။ ကမ္ဘာမြေပေါ်မှာတော့ ပင်လယ်ရေအပူချိန်ဟာ ၂၈ ဒီဂရီဖာရင်ဟိုက် (အနှုတ် ၂ ဒီဂရီ ဆဲလ်စီးယပ်စ်) ရှိပြီးအင်္ဂါဂြိုလ်ပေါ်မှာတော့အနှုတ် ၁၀၃ ဒီဂရီ ဖာရင်ဟိုက် (အနှုတ် ၇၅ ဒီဂရီ ဆဲလ်စီးယပ်) ရှိနေပါတယ်။




ကမ္ဘာတစ်မျိုးတည်းကသာ ငလျင်လှုပ်နိုင်တာ မဟုတ်ပါဘူး။ လ (Moon)အပါအဝင်အာကာသဗိမာန် ထဲက ဘယ်အရာမဆို သင့်တော်တဲ့အားအခြေအနေ တစ်ခုနဲ့ ဆိုရင် လှုပ်ခါနိုင်ပါတယ်။ လရဲ့ လုှပ်ခါမှု (လငလျင် moonquake) ဟာ ကျွန်တော်တို့ ဂြိုလ်နဲ့အနည်းငယ်ကွာခြားပြီး ထူးဆန်းစွာ ကြမ်းတမ်းပါတယ်။




ပလတ်စတစ်ဖျော်ရည်ပိုက်တွေ ပလတ်စတစ်အိတ်တွေကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ လုပ်ဆောင်နေကြပေမဲ့ နေ့စဉ်အသုံးပြုနေရတဲ့ ပလတ်စတစ်ပစ္စည်း နောက်တစ်မျိုးဖြစ်တဲ့ သွားပွတ်တံအကြောင်း စဉ်းစားမိသူကတော့ ခရစ္စတီးနားရာမီရက်ဇ် (Christina Ramirez) ပဲဖြစ်ပါတယ်။




ကျွန်မတို့နယ်မြို့က ဈေးလေးထဲမှာ ဟိုဝယ် ဒီဝယ်လုပ် ပြီးတော့အလုပ်ကိစ္စလေးတစ်ခု ချိန်းထားတာက ရှိနေပြန်တယ်..အချိန်ကလည်း တစ်နာရီလောက်လိုသေးတာမို့ ရုပ်ရှင်ရုံထဲ ရုပ်ရှင်ဝင်ကြည့်မယ်လို့ စိတ်ကူးနဲ့ ရုပ်ရှင်ဝင်ကြည့်မိခဲ့တာက ဘဝတစ်သက်လုံး မမေ့နိုင်တဲ့








လူတိုင်းအမှားနဲ့ မကင်းသလို လူတွေမှာအားနည်းချက် ကိုယ်စီတော့ရှိကြပါတယ်။ ငယ်ငယ်တုန်းက စာကျက်တာဟာ ကမ္ဘာကြီးလောက် ပြသာနာဖြစ်ချင်ဖြစ်ခဲ့မှာပါ။




ကလေးရဲ့ဦးနှောက်က လေ့ကျင့်ခန်းနဲ့အတွေ့အကြုံအမျိုးမျိုးကတဆင့် ဖွံ့ ဖြိုးလာပါတယ်။အထိ ၊အတွေ့ ၊အကြား ၊အမြင် ၊အရသာ စတဲ့အာရုံခံစားမှုတွေကလည်း ဒီဖွံ့ဖြိုးမှုဖြစ်စဉ်ကို ကူညီပေးပါတယ်။




ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်ကအလုပ်ကိစ္စတစ်ခုနဲ့အိန္ဒိယနိုင်ငံ ဘုံဘေမြို့ကို ကျွန်တော် ခရီးထွက်ခဲ့ပါတယ်။ ဘွတ်ခ်ကင် (Booking) ယူထားတဲ့ ဟိုတယ်က နည်းနည်းလှမ်းတာကြောင့် တက္ကစီတစ်စီး ငှားစီးလာခဲ့ပါတယ်။







"တိုင်းရှစ်ခွင် မှိုင်းလို့ဆိုင်းကာ မှောင်ရီခြယ် မိုးခြိမ်းသံ သဲ့သဲ့ကြားတယ် ဝါဆိုရယ်" ဆိုတဲ့သီချင်းသံလေးက ဘယ်ဆီကမှန်းမသိ လွင့်ပျံလာတော့ မိုးစက်လေးတွေနဲ့အတူ မိုးရာသီ ဝသန်ရာသီကိုတောင် ရောက်နေပြီပဲလို့အတွေးဝင်လာမိပါတယ်။







TGIF တွေ TGIS တွေမှာ သောက်ပြီးလို့ တနင်္ဂနွေဆို ပြဲကွဲနေပြီလားအဲလေ မထနိုင်ဖြစ်နေပြီလား?… သောက်တာလည်း မများဘဲအရက်နာများ ကျနေကြပြီလား? တနင်္လာအလုပ်သွားဖို့ရော ထနိုင်မှာ ကျိန်းသေရဲ့လား? မပူပါနဲ့…




ကိုယ်ဝန်ဆောင်ထားရတယ်ဆိုတာ ဆိုးဆိုးရွားရွားရောဂါကြီးတစ်ခုကို ခံစားနေရတာမဟုတ်ပါဘူးနော်။ ဒါကိုတော့ ရှင်းရှင်းလင်းလင်းသိထားဖို့ လိုပါတယ်။

ကဲ ..အရင်တစ်ခေါက်တုန်းကအင်္ဂလိပ်စကားကို ကောင်းကောင်းပြောတတ်ဖို့အတွက်အခက်ခဲဆုံးနဲ့အရေးအကြီးဆုံးအဆင့်နှစ်ဆင့်ကို ပြောပြပြီးတာမို့ နည်းနည်းတော့ ပြောရဲဆိုရဲ ဖြစ်လာကြလိမ့်မယ်လို့ ထင်ပါတယ်နော်…




အစာစားနေတုန်း ရေသောက်ရင်အစာအိမ်အချဉ်ဓာတ်ကို လျော့စေပြီးအစာမချေတော့ပါဘူးတဲ့.. ပိုဝလာမယ်တဲ့.. ဒါဆို လူတွေပြောနေကြတဲ့ ဒီအချက်တွေကို မှန် မမှန် စစ်ဆေးကြည့်ရအောင်ပါ။














အိုင်းစတိုင်းဟာ ထင်ရှားတဲ့ ရူပသိပ္ပံပညာရှင်တစ်ယောက်ဖြစ်သလို လူကိုအဓိကထားတဲ့ လူလူချင်းစာနာမှုဝါဒီသမားအဖြစ်လည်း နာမည်ကြီးပါတယ်။

အိုင်းစတိုင်းဟာ ၁၉၂၀ ပြည့်လွန်နှစ်ကာလတွေမှာအာရှတစ်ဝှမ်းကို ခရီးလှည့် ခြေဆန့်ခဲ့ဖူးပြီးအာရှတစ်ခွင် ခရီးသွားမှတ်တမ်းတွေကို သူ့ကိုယ်ပိုင်ဒိုင်ယာရီလေးနဲ့ ရေးသွားခဲ့ဖူးတာ ရှိတယ်။ ဒါကိုပဲအိုင်းစတိုင်းရဲ့ ခရီးသွားမှတ်တမ်းအနေနဲ့ ပရင့်စ်တန် (Princeton) တက္ကသိုလ်ပုံနှိပ်တိုက် ကနေ ထုတ်ဝေခဲ့ပါတယ်။

အိုင်းစတိုင်းရဲ့ ခရီးသွားမှတ်တမ်းထဲမှာ "ဒီမယ်...တရုတ်တွေကအစားစားရင် ကြုံရာခုံတန်းလျားတွေတောင် ထိုင်မစားဘူး။ တခမ်းတနားနဲ့ သိပ်ကိန်းကြီးခန်းကြီးနိုင်တာ။အစားစားရင်သာအဲ့သလို။အခင်းကြီးအခင်းငယ်ကိစ္စရှင်းတော့အများသူငှာလိုပဲ ဖင်ဆောင့်ကြောင့်ထိုင်ရတာပဲမဟုတ်လား။ ကလေးတွေကအစ မြင်ရတာ စိတ်ဓာတ်ကျနေသလို၊ စိတ်အားငယ်နေကြသလိုပဲ။ ခပ်တုံးတုံးအအပုံတွေ ပေါက်နေတယ်။ တရုတ်တွေက ကလေးမွေးလွန်းလို့ တစ်ကမ္ဘာလုံးမှာသာ တရုတ်တွေဖြစ်သွားရင် ခက်ရချည်ရဲ့" လို့ ရေးခဲ့တာပါ။

တစ်ကိုယ်ရည်စိတ်ထဲရှိသလို လွတ်လွတ်လပ်လပ် ဘွင်းဘွင်းရှင်းရှင်းပဲ ရေးထားပုံထောက်ရင်တော့ ပုံနှိပ်ထုတ်ဝေဖို့ စိတ်ကူးမရှိဘဲ ရေးဖြစ်ခဲ့ရုံသာဖြစ်နိုင်ကြောင်း ပညာရှင်တွေက ယူဆကြပြီး တရုတ်ပြည်အကြောင်း ရေးခဲ့တဲ့အရေးအသားကိုတော့အတော်လေးအံ့အားသင့်မိကြောင်း ဆိုကြပါတယ်။

အိုင်းစတိုင်းက သူ့ရဲ့ဒိုင်ယာရီထဲမှာ ဂျပန်တွေကိုလည်း ဆော်ခဲ့တာပါပဲ။ "ဂျပန်တွေဟာအနုပညာအရည်အသွေး နဲ့ ရသခံစားမှုပိုင်း ပြောင်မြောက်လျက်နဲ့ကို ဦးနှောက်နဲ့ ဉာဏ်ရည်ဉာဏ်သွေးကျတော့အတော်ဆုတ်ယုတ်တဲ့လူမျိုးတွေပါလား" လို့ ဒိုင်ယာရီထဲ ထည့်ရေးခဲ့ပါတယ်။ "အိန္ဒိယ၊ တရုတ် နဲ့ ဂျပန်လူမျိုးတွေဟာ တကယ့်နလပိန်းတုံးတွေပဲ" လို့ ရေးသားထားတာ ထပ်ပြီးတွေ့ရပါတယ်။

တရုတ်ပြည်ရဲ့လူမှုကွန်ရက်မှာတော့အိုင်းစတိုင်းရဲ့အမြင်ဟာ ခေတ်ကာလနဲ့သာ သက်ဆိုင်နေတယ် လို့ ဆိုကြသလို ဒီခရီးသွားမှတ်တမ်းကို ထုတ်ဝေခဲ့ဖို့ မသင့်ဘူးလို့ ဖော်ပြနေကြတယ်။ တချို့ကတော့ လူမျိုးရေးမုန်းတီးမှုဆိုတာ ခေတ်နဲ့မသက်ဆိုင်ဘူး လို့ ဆိုပါတယ်။

DW-TV သတင်းဌာနကတော့အိုင်းစတိုင်းရဲ့အဆိုတွေဟာအရငေ်ခတ် ဥရောပဘက်မှာအမြစ်တွယ်နေခဲ့တဲ့ လူမျိုးရေးမုန်းတီးနှိမ့်ချမှုတွေကို ထင်ဟပ်စေခဲ့တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

အိုင်းစတိုင်းဟာလည်း သူတွေ့ကြုံရမျှမှာအဆိုးဘက်အမြင်တွေကို မဖုံးဖိနိုင်ခဲ့သူတစ်ယောက်သာလို့ ဆိုရမှာပါ။အမှန်ကတော့ လူတိုင်း မြင်တတ်၊ ရှိတတ်ကြတဲ့အဆိုးမြင်မှုမျိုးပဲဖြစ်သလိုအိုင်းစတိုင်းဖြစ်နေတာကြောင့်သာ လူပြောစရာဖြစ်ခဲ့ပေမဲ့ ထူးခြားအံ့ဩစရာတော့ မရှိလှပါဘူး။အိုင်းစတိုင်းဟာလည်း လူသားတွေထဲက လူသားတစ်ဦးပဲ ဖြစ်နေတာမို့ပါပဲ။








ကိုယ့်စိတ်ကြိုက် ကုန်တိုက်ကိုရောက်တဲ့အခါ ပြန်ရောထွက်တတ်ရဲ့လား။ ပြန်ထွက်ရအရမ်းခက်နေလား။ :Dအို...အကုန်ဝယ်ပစ်လိုက်ချင်တာ ဆိုတဲ့ စိတ်ဆောင်မှုနောက်ကို တကောက်ကောက်လိုက်ပြီး ဝယ်ပြီးမှ




ကျွန်တော်တို့အားလုံး ဒီအကြောင်းကို တွေးဖူးကြမှာပါ။ သွားတိုက်၊ ပလုတ်ကျင်းရင်းနဲ့ဖြစ်ဖြစ်၊ မျက်နှာသစ်၊ ခေါင်းရေလောင်းချိုးရင်းနဲ့ပဲဖြစ်ဖြစ် သောက်ရေမဟုတ်တဲ့ ရေချိုးခန်းထဲကရေကို မတော်တဆသောက်လိုက်မိတဲ့အခါမျိုးရှိပါတယ်။




Confort Zone ဆိုတာ လက်ရှိမိမိနေထိုင်ဖြစ်တည်နေတဲ့အရာတစ်ခုခုအပေါ် သို့မဟုတ် ဖြစ်စဉ်တစ်ခုခုမှာ ရောင့်ရဲနေတာဖြစ်ပါတယ်။ ဒါကကောင်းလားလို့ မေးလာရင်တော့ ကောင်းလည်းကောင်းပါတယ် ဒါပေမယ့် ကောင်းလည်းမကောင်းပါဘူးလို့ ဖြေရပါမှာပါပဲ။




တစ်ခါက ဘယ်အရာကိုမဆို ဒေါသထွက်လွယ်၊ စိတ်တိုလွယ်တဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ ကောင်လေးရဲ့စိတ်တို ဒေါသထွက်လွယ်တတ်တဲ့အကျင့်စရိုက်ကို ပြုပြင်ဖို့အဖေဖြစ်တဲ့သူက နည်းလမ်းမျိုးစုံ စဉ်းစားကြည့်တဲ့အခါ




တစ်နေ့တာလုံးအဆင်ပြေချောမွေ့ပြီး လန်းဆန်းတတ်ကြွနေစေဖို့အရေးကြီးဆုံးအချိန်ကတော့ မနက်ခင်းအိပ်ရာထချိန်လေးပါပဲ။အိပ်ရာထချိန် မနက်ခင်းလေးမှာ စိတ်ကြည်လင် လန်းဆန်းနေမယ်ဆိုရင် ဘာလုပ်လုပ်အဆင်ပြေပါတယ်။




ရိုးရာလေး ပရိသတ်အားလုံး မင်္ဂလာပါ။အပတ်စဉ်တင်ဆက်ပေးနေကျ စာအုပ်အညွှန်းကဏ္ဍမှ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာ ကျွန်တော်က ခါတိုင်းလို စာအုပ် နှစ်အုပ်၊ သုံးအုပ် စသည်ဖြင့် မညွှန်းတော့ဘဲ စာအုပ်တစ်အုပ်တည်းအကြောင်းကိုပဲ ပြောပြချင်ပါတယ်။ ဒါပေမဲ့ စာအုပ်အကြောင်း မပြောခင် ကျွန်တော် ပုံပြင်လေးတစ်ပုဒ်ကိုအရင်ပြောပြပါရစေ…




ဗြိတိသျှ စကားလုံးတွေနဲ့အမေရိကန် စကားလုံးတွေကြားထဲက ကြီးကြီးမားမား ကွဲပြားမှုတွေနဲ့ သင် မျက်မှန်းတန်းမိမှာပါ။အမေရိကန်တွေက ဓာတ်လှေကားကို (Elevator) လို့ခေါ်ပြီးအင်္ဂလိပ် တွေက (Lift)လို့ခေါ်ပါတယ်။







ဘဝမှာအဆင်ပြေပြေနဲ့ ရှင်သန် နေထိုင်နိုင်ဖို့အတွက်အခြေခံကျတဲ့ ဘဝသင်ခန်းစာတစ်ချို့ကို ကလေးဘဝကတည်းက တတ်မြောက်ထားဖို့လိုအပ်ပါတယ်။ ဒါမှလည်းအသက်တွေကြီးလာတဲ့အခါအမှီအခိုကင်းကင်းနဲ့ ရှင်သန်နေထိုင်နိုင်မှာလေ။

ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ နို့ဆီဗူး၊ နို့မှုန့်အာဟာရမှုန့်ဗူး၊ ငါးသေတ္တာဗူး စတဲ့အလူမီနီယံ၊ သတ္ထုစည်သွတ်ဗူးလေးတွေကို မစွန့်ပစ်လိုက်ဘဲအသုံးဝင်ပစ္စည်းလေးအဖြစ် ပြောင်းလဲအသုံးချလို့ရပါတယ်။




ကဲ ... ရိုးရာလေးပရိတ်သတ်တို့ရေ။ စာရေးသူရဲ့ ခရီးသွားဆောင်းပါးတွေကနေ ဥရောပဘက်တွေချည်းအတူတူခြေဆန့်နေကြရတာ မောနေပြီပေါ့နော်။ ဒီတစ်ခါက မိုးတွင်းလည်းဖြစ်တော့ နီးနီးနားနားအာရှထဲပဲ သွားလည်ကြည့်ကြရအောင်။




ဟုတ်ပါတယ်..ကိုယ့်ရဲ့အမွေးပွပွနဲ့ ချစ်စရာကောင်းပြီး ပွေ့ပိုက်ဖက်ယမ်းချင်စရာကောင်းတဲ့အချစ်တော် မိတ်ဆွေကောင်းလေးတွေကို ပူးကပ်ချော့မြှူချင်တဲ့ စိတ်က ထိန်းရခက်မှာပါ။ သင်က ညဘက်အိပ်ချိန်တွေမှာ သင့်ရဲ့ ခွေးပေါက်ငယ်ကလေး ( puppy) ကို ပွေ့ဖက်ပြီးအိပ်တတ်တာလား...








မုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ပြီးနောက်မှာတော့ ဘယ်နေရာကိုကြည့်ကြည့် ရေတွေ ဖွေးလို့နေပါတယ်။အိမ်ခြေတော်တော်များများက ရေနစ်မြုပ်နေပြီး ပစ္စည်းတွေက ဟိုတစ်စဒီတစ်စနဲ့ ပျံကျဲလို့နေပါတယ်။








ကျွန်တော်တို့ လူသားတွေဟာ ဘာသာရေး တစ်ခုခုရဲ့အထိန်းအကွပ် နဲ့ နေထိုင်ကြရတာများပါတယ်။ မိရိုးဖလာဖြစ်စေ၊ ကိုယ်တိုင်သက်ဝင်ယုံကြည်သည်ဖြစ်စေ၊ ဘာသာတစ်ခုခုအောက်မှာ ရှိနေကြတာပါပဲ။











တစ်ခါကအရမ်းကူညီတတ်၊ ရက်ရောတတ်ပြီး ကြင်နာသနားတတ်တဲ့ လူတစ်ဦးရှိပါတယ်။ သူဟာ လူတစ်ဘက်သားကို တစ်ခုခုပြန်မတောင်းဆိုဘဲနဲ့ လူတွေကို ကူညီပေးတတ်ပါတယ်။ ဒီလိုကူညီပေးရတာကို သူနှစ်လည်းနှစ်သက်၊ မြတ်နိုးလည်းမြတ်နိုးတဲ့အတွက် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။




“Eyes in the back of the head” (နောက်စေ့မှာမျက်စိပါသည်။) ဆိုတဲ့အဓိပ္ပာယ်ကို “သင်၏အနီးနားတွင် ဖြစ်ပျက်သောအရာအားလုံးကို သိမြင်သည်” လို့ ကိန်းဘရစ်ခ်ျအဘိဓာန်မှာအဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

ဒီအီဒီယမ် ဖြစ်ပေါ်လာရတဲ့သမိုင်းကြောင်းနဲ့အရင်းအမြစ်တွေကိုတော့ မသိရှိရပေမဲ့ ဂျပန်နိုင်ငံက လေ့လာချက်အသစ်တစ်ခုအရ နောက်စေ့မှာ မျက်စိပါတယ်ဆိုတဲ့ စကားရပ်က မျိုးဆက်တစ်ဆက်က တစ်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ ဓလေ့သုံးစကားတစ်ခုထက် ပိုတဲ့ ရှုမြင်တွေးခေါ်မှုဖြစ်ကြောင်း ဆိုပါတယ်။

ဂျပန်နိုင်ငံရှိ တိုဟိုခုတက္ကသိုလ် (Tohoku University) က ပါမောက္ခ ဆာတိုရှိ ရှိအိုအိရိ (Satoshi Shioiri) ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ “ကြည့်ရှုသူ ဝန်းကျင်များ၏ ကွာဟမှု ပုံစံများ” ခေါင်းစဉ်ရှိတဲ့ လေ့လာမှုတစ်ခုကို ရေးသားခဲ့ကြပါတယ်။

လေ့လာသူ ၂၆ဦး ပါဝင်တဲ့အုပ်စု (က)နှင့် ၂၉ဦး ပါဝင်တဲ့အုပ်စု (ခ) တို့နဲ့ စမ်းသပ်ချက်တစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ ပါဝင်သူတွေအားလုံးက တိုဟိုခုတက္ကသိုလ်က ကျောင်းသားတွေဖြစ်ပြီး ဒီလေ့လာချက်ရဲ့ ရည်ရွယ်ချက်ကို မသိရှိထားသူတွေ ဖြစ်ပါတယ်။

ကွန်ပျူတာဖန်သားပြင် ၆ခုရဲ့အလယ်ဗဟိုမှာ သူတို့ကို ရပ်စေပါတယ်။ ဖန်သားပြင် ၆ခုပါဝင်တဲ့ မျက်နှာပြင်ဟာ သူတို့ရဲ့ ပတ်ပတ်လည် ၃၆ဝဒီဂရီမှာ ရှိနေပါတယ်။ ဖန်သားပြင်တစ်ခုစီပေါ် တစ်ချိန်တည်းမှာပဲ စာလုံး ၆လုံးစီ ပေါ်လာပါတယ်။ လေ့လာခံသူတွေကို ပစ်မှတ်ထားမယ့်စာလုံးတစ်ခု မေးမြန်းခဲ့ပါတယ်။ ဖန်သားပြင် ၆ခုအကြားမှာ ပစ်မှတ်စာလုံးနဲ့အာရုံအပြောင်းအလဲတွေကိုအလျဉ်းသင့်သလို ဖော်ပြပေးပါတယ်။ စာလုံးကို ရှာဖွေမှုကြာချိန်ကိုလည်း မှတ်တမ်းယူထားပါတယ်။

လေ့လာခံသူတွေက ပစ်မှတ်စာလုံး တည်နေရာကို တိကျသေချာစွာ မသိရှိဘဲ ပိုပြီးလျင်မြန်စွာ ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါအပြင် ပုံစံတူအကွာအဝေးအပြင်အဆင်တွေကို ပြုလုပ်ပြီးနောက်မှာ ပစ်မှတ်ထားထားတဲ့ စာလုံးကို နောက်ဘက်မှာ ထားရှိလိုက်တာတောင် ပစ်မှတ်ကိုအမြန် ရှာဖွေနိုင်တာကို တွေ့ခဲ့ရပါတယ်။

ဒီလိုပြသမှုဟာ ပထမဆုံးအကြိမ်အဖြစ်အမြင်အာရုံစွမ်းဆောင်မှု မြင်ကွင်းနယ်ပယ်ကအကန့်အသတ်မရှိနေကြောင်းကို ပြသလိုက်တာဖြစ်ပါတယ်။ တကယ်တော့ မြင်ကွင်းစွမ်းဆောင်ရည်ဟာ များစွာ ပိုမိုကျယ်ပြန့်တဲ့ နယ်ပယ်တစ်ခုဆီအထိ ရောက်နိုင်ပါတယ်။

ဒီလေ့လာချက်ရဲ့ ရလဒ်တွေကတော့ လူတွေရဲ့ဦးနှောက်တွေဟာအနီးပတ်ဝန်းကျင်မှာရှိတဲ့ ပုံစံတွေကို ဖန်တီးနိုင်စွမ်း ရှိကြပြီးအမှန်တကယ် နောက်ကို လှည့်မကြည့်ဘဲနဲ့ နောက်ကို ခန့်မှန်းသိရှိဖို့ လူတွေက ဒီပုံစံတွေကိုအသုံးပြုကြပါတယ်။ လူတွေရဲ့ဦးနှောက်ဟာ ၃၆ဝဒီဂရီ ကမ္ဘာလောကတစ်ခုကို ဖွဲ့စည်းတည်ဆောက်ထားပါတယ်။

ဦးနှောက်လုပ်ငန်းဆောင်ရွက်ချက်ဟာ သိမြင်နားလည်မှုနဲ့ လှုပ်ရှားမှုတွေကို ချိတ်ဆက်နေကြောင်းကို ဒီလေ့လာချက်က ဖော်ပြနေကြောင်း ဂျပန်သုတေသနပညာရှင်တွေက ပြောကြားလိုက်ပါကြောင်း...

Ref : Top Buzz “We Have ‘Eyes In The Back Of The Head,’ Study Shows”

Htet Htet Tin Zar (ရိုးရာလေး)







လက်ရှိတက်နေတဲ့ကောလိပ်ရဲ့ ပညာသင်စရိတ်ကို သက်သာချင်လို့ဖြစ်ဖြစ်၊ နောက်နှစ်အနည်းငယ်အတွင်းတက်မယ့် ကောလိပ်ကျောင်းအတွက်ပဲဖြစ်ဖြစ် ပညာသင်ဆုလျှောက်တဲ့အခါမှာ သင်အနေနဲ့မဖြစ်မနေသိထားသင့်တဲ့အချက်အနည်းငယ်ရှိပါတယ်။























ကမ္ဘာကြီးကအမျိုးသမီးတွေအတွက် လုံခြုံစိတ်ချရတဲ့ နေရာတစ်ခု မဟုတ်ပါဘူးဆိုတာကစလို့ မိန်းကလေးတော်တော်များများဟာ သူတို့တွေရဲ့နေ့စဉ်ဘဝကို လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်တွေကြားထဲမှာသာ စိန်ခေါ်လှုပ်ရှားနေကြရပါတယ်။




မကြာခဏ ကျွန်တော်တို့နားမှာရစ်ဝဲနေတတ်တဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာအများအပြားကြောင့် တစ်ခါတစ်လေမှာ စာလေ့လာဖို့ ဒါမှမဟုတ် လုပ်လက်စအလုပ်တွေပြီးမြောက်ဖို့ တော်တော်ခက်ခဲလှပါတယ်။




ကျောင်းအားလပ်ရက်တစ်ရက်မှာ သားအဖနှစ်ယောက် တောထဲကို ပျော်ပျော်ရွှင်ရွှင် ခရီးထွက်လာခဲ့ပါတယ်။ တောင်ကုန်းလေးတစ်ခုပေါ်ကိုအရောက်မှာ သားဖြစ်သူက ရုတ်တရက် ခလုတ်တိုက်မိပြီး ချော်လဲသွားပါတယ်။

အထူးသဖြင့် ကားနဲ့ခရီးသွားတဲ့အခါမျိုးမှာ ခရီးရှည်ဖြစ်ဖြစ်၊ ခရီးတိုဖြစ်ဖြစ် စတိုင်ကျကျနေဖို့အနည်းငယ်ခက်ခဲလှပါတယ်။ (၃) နာရီထက်ပိုတဲ့ ကားလမ်းခရီးသွားတဲ့အခါမျိုးမှာ သက်တောင့်သက်တာဖြစ်နေစေဖို့နဲ့ ကားပြင်ထွက်အကြောဆန့်တဲ့အခါမျိုးမှာ ကိုယ့်အပြင်အဆင်ကြောင့် ရှက်ကိုးရှက်ကန့်ဖြစ်မနေစေဖို့ လိုက်နာရမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။








Some text some message..