ရုပ်ပေါက်တဲ့ မာကင်ရာတွေကိုအချိန်တိုအတွင်း ဘယ်လိုဖျောက်မလဲ
shweinnlay.com
|
2019-01-26



ကဲ..ကဲ.. မြင်မကောင်းလို့ ပြောရဦးမယ်။ ကိုယ့်ချစ်သူနဲ့ကိုယ် ပလူးပလူးရင်းနဲ့ ဒီလိုမာကင်ရာတွေ ပေးမိတာကိုအပြစ်မပြောလိုသော်လည်း ဒါမျိုးက လူအများမြင်လို့ ကောင်းတဲ့အရာမဟုတ်ပါဘူး။ ခါချဉ်ကိုက်လို့၊ ပုရွက်ဆိတ်ကိုက်လို့၊ စုန်းစုပ်လို့ဆိုတဲ့အကြောင်းပြချက်တွေပေးလို့လည်း မရပါဘူး။

ဒီလို နှုတ်ခမ်းဖြင့်စုပ်ရင်းအညိုအမဲရာထင်အောင် ပြုလုပ်တာကို မာကင် (marking) ပေးတယ်လို့ တော်တော်များများက ပြောကြပါတယ်။အင်္ဂလိပ်အခေါ်အဝေါ်မှာတော့ Hickies လို့ ပြောပါတယ်။ ကိုယ့်ချစ်သူနဲ့ကိုယ် နယ်လွန်ပြီး ဒီလိုအနမ်းမျိုးတွေ လုပ်ခဲ့မိပြီဆို ခြေရာလက်ရာ ပြန်ဖျောက်ဖို့အမြန်ဆုံးနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်အနှစ်ကို လိမ်းပေးခြင်းကအချိန်အနည်းငယ်အတွင်းမှာပင် ထိုအရာတွေကို ပျောက်ကင်းစေပါတယ်။ Aloe Vera Soothing Gel ကိုလည်း လိမ်းပေးလို့ရပါတယ်။

၂။ ရေခဲကပ်ပါ။

ရေခဲကပ်ခြင်းကလည်းအရေပြားနီမြန်းရောင်ရမ်းတာကို သက်သာစေပါတယ်။ ရေခဲတုံးမှ မဟုတ်ပါဘူး။အေးမြတဲ့မည်သည့်အရာနဲ့မဆို ကပ်လို့ရပါတယ်။ ဥပမာအအေးဘူးလိုဟာမျိုးပေါ့။

၃။ ငှက်ပျောခွံ

ငှက်ပျောခွံမှာလည်းအေးတဲ့ပါဝင်လို့ ဒီလိုညိုမဲနေတဲ့အရာပေါ်မှာအုပ်ပြီး ကပ်ထားလိုက်မယ်ဆိုရင်အချိန်တိုအတွှင်းမှာပင် ကင်းပျောက်သွားပါလိ့မ်မယ်။

၄။ ရေနွေးကပ်ပါ။

အေးတဲ့အရာအလွယ်တကူ မရနိုင်လျှင် ပူနွေးတဲ့အရာဖြင့် ကပ်ပေးတာကလည်း သက်သာပျောက်ကင်းစေမှာပါ။

၅။ လည်ထောင်အင်္က ျီဝတ်ဆင်ပါ။

အထက်ပါနည်းလမ်းတွေကို မလုပ်နိုင်သေးဘူးဆိုလျှင်တော့အတတ်နိုင်ဆုံး သူများမမြင်အောင် ဖုံးအုပ်ထားပါ။အများအားဖြင့် လည်ပင်းနေရာကို ဒီလိုလုပ်တတ်ကြလို့ပါ။

ကဲ..ဒီနည်းလမ်းတွေကတော့ သင့်ရဲ့ နယ်လွန်အချစ်အမှတ်အသားတွေကိုအမြန်ဆုံး ပျောက်ကင်းစေမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

CHAN (ရွှေအင်းလေး)




Some text some message..