သားနဲ့သမီးကအနုပညာပိုးပါကြတယ်လို့ဆိုတဲ့အဆိုတော်Nကိုင်ရာ
myanmaplatform.com
|
2018-11-08



အဆိုတော်Nကိုင်ရာတစ်ယောက်ဂီတလမ်းကြောင်းပေါ်မလျှောက်လှမ်းနိုင်သေးပဲသားနဲ့သမီးနှစ်ယောက်အပေါ်မှာအချိန်ပေးပြီးနေဖြစ်ပါတယ်။သူ့အနေနဲ့ကလေးနှစ်ယောက်လုံးကအနုပညာပိုးပါကြတယ်လို့ပြောပါတယ်။




“သီချင်းသံကြားရင်ကလေးနှစ်ယောက်လုံးက ကနေကြတာ။အငယ်ကလည်းအကြီးကိုကြည့်ပြီးလိုက်လုပ် တာပေါ့။ ဒါပေမယ့်ယောင်္ကျားလေးနဲ့မိန်းကလေးဆိုတော့အမူအကျင့်ကတော့နည်းနည်း ဘယ်လိုပြောမလဲ သားကယောင်္ကျားလေးပီပီဆော့ကစားတယ်။အငယ်မလေးကလည်းသူ့အစ်ကိုကိုလိုက်ကြည့်ပြီးဆော့တော့ ယောင်္ကျားလေးလိုပဲဖြစ်နေတာပေါ့။ ထီရောင်းတဲ့လှည်းတွေသီချင်းဖွင့်ပြီးလာရင်၂စက္ကန့်လောက်ပဲကြာမယ်။အဲ့ဒီနည်းနည်းလေးကြားလိုက်ရတဲ့သံစဉ်ကိုလည်းသူတို့ကလိုက်ကနေလိုက်တယ်။သံစဉ်ကြားလိုက်ပြီ ဆိုတာနဲ့သားရော၊သမီးရောကအနုပညာပိုးရှိကြတယ်”လို့ဆိုပါတယ်။




မိဘဆိုတိုင်းအတ္တကြီးလို့မရတော့ပဲသူတို့ဖြစ်ချင်တာကိုပဲလုပ်ခွင့်ပေးဖို့စိတ်လျှော့ထားပါတယ်လို့ပြောပါတယ်။

“ကလေးဆိုတာဒီအချိန်မှာအရေးကြီးဆုံးဖြစ်လို့သူတို့လေးတွေကိုပဲအချိန်ပေးဖြစ်နေပါတယ်။ ကြီးလာရင် ကိုင့်အနားမှာနေဖို့ဆိုတာအရမ်းခက်သွားပြီ။အကြီးကသုံးနှစ်ခွဲရှိပြီ။အမေကိုသိပ်ပြီးမကပ်တော့ဘူး။အိပ်တဲ့အချိန်လောက်ပဲချွဲတော့တာ။ကျန်တဲ့အချိန်ကဆော့နေတာပဲ။ဖက်ချင်နမ်းချင်ရင်တောင်သိပ်အနမ်းမခံတော့ ဘူး။အဲ့ဒါကြောင့်ဒီအချိန်လေးကိုအရမ်းတန်ဖိုးထားတယ်။ မိဘတိုင်းကတော့အကောင်းဆုံးဖြစ်စေချင်ကြ တာပေါ့။ ကိုင့်ရဲ့ကလေးတွေကိုအရမ်းမျှော်လင့်ထားတယ်။ ကိုယ်စိတ်လျှော့ထားပါတယ်။အရင်ကလိုအတ္တကြီး လို့မရတော့ဘူးလေ”လို့ဆိုပါတယ်။





Some text some message..