နာကျင်မှုနဲ့ လိင်ဆက်ဆံနေရတာကတော့ လိုချင်တဲ့ ခံစားချက်ကိုအထွတ်အထိပ်ထိ ရရှိခံစား နိုင်တော့မှာ မဟုတ်ပါဘူး။ ဒီလိုအချိန်မျိုးမှာ စိတ်ရော၊ ကိုယ်ရောအကောင်းဆုံး Relax ဖြစ်နေမှအပြည့်အဝခံစားရရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တခါတရံမှာ လိင်ဆက်ဆံနေစဉ် ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကပဲဖြစ်ဖြစ် နာကျင်မှုကို ခံစားနေရမယ် ဆိုရင် နှစ်ဦးစလုံးအတွက် မကောင်းတဲ့အခြေအနေဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ကျန်းမာရေးအသိ ရှိထားဖို့လည်း လိုပါသေးတယ်။ လိင်ဆက်ဆံနေစဉ် နာကျင်ရတဲ့အကြောင်းအရင်းတွေကို သတိထားဆင်ခြင်နိုင်ဖို့အတွက် ဗဟုသုတအဖြစ် ဝေမျှပေးလိုက်ပါတယ်။
(၁)အမျိုးသမီးအင်္ဂါစိုစွတ်မှုနည်းပါးခြင်း
လိင်ဆက်ဆံဖို့အတွက် နှစ်ဦးစလုံးစိတ်ပါနေမှ ခံစားချက်အစစ်အမှန်ကို ရရှိနိုင်မှာပါ။ ဒါ့ကြောင့်လည်း လိင်ဆက်ဆံတော့မယ်ဆိုရင် ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကရော စိတ်ပါရဲ့လားဆိုတာကို သေချာစမ်းစစ်သင့်ပါတယ်။ စိတ်ပါနေသော်ငြားလည်း နှစ်ဦးသား လိင်ပိုင်းဆိုင်ရာလှုံ့ဆော်မှုအပြည့်အဝ မရှိတဲ့အခါအမျိုးသမီးအင်္ဂါကလည်း စိုစွတ်မှု မရှိတော့ပါဘူး။ ချစ်တင်းနှောဖို့အတွက် စိတ်လောတဲ့စုံတွဲတွေမှာအမျိုးသမီးအများစု ဒီလိုနာကျင်မှုမျိုးကို ခံစားရရှိနိုင်တာကို သတိပြုဖို့ လိုပါတယ်။
(၂) Position မှားယွင်းခြင်း
လိင်ဆက်ဆံတဲ့အခါမှာ နှစ်ဦးစလုံးသက်တောင့်သက်သာနဲ့အဆင်ပြေစေမယ့် ကိုယ်နေဟန်ထား position ကိုလည်း သေချာရွေးချယ်တတ်ဖို့အရေးကြီးပါတယ်။ Position မှားယွင်းခြင်းကြောင့်လည်း လိင်ဆက်ဆံစဉ်မှာ နာကျင်မှုဒဏ်ကို ခံစားရနိုင်ပါတယ်။ Position တစ်ခုတည်းကိုပဲအားပြုပြီး ပြုလုပ်ဖန်များတဲ့အခါမှာလည်း နာကျင်မှုကို ခံစားရနိုင်တဲ့အတွက်အချိန်နဲ့အမျှ Position ပြောင်းလဲပေးဖို့လည်း လိုအပ်ပါတယ်။
(၃)အမျိုးသားအင်္ဂါကြီးလွန်းခြင်း
အမျိုးသားအင်္ဂါကြီးမားလွန်းခြင်းကြောင့်လည်း လိင်ဆက်ဆံစဉ်မှာ နာကျင်မှုဝေဒနာကို ခံစားရတာပါ။ ဒါ့ကြောင့် တစ်ဆင့်ချင်းသွားတာက ပိုကောင်းပါလိမ့်မယ်။အမျိုးသမီးအင်္ဂါ ကျုံ့ခြင်း၊ ချဲ့ခြင်းကိုအလွယ်တကူ ပြုလုပ်နိုင်လောက်တဲ့အနေအထားထိ လိင်လှုံ့ဆော်မှုတွေ ပြုလုပ်ပြီး လုပ်ငန်းစသင့် တယ်လို့အကြံပြုပါရစေ။
(၄) လုံလောက်တဲ့လိင်ဆက်ဆံမှုမရှိခြင်း
အိမ်ထောင်သုခ ပြည့်စုံဖို့အတွက်ဆိုရင် တစ်ဦးနဲ့ တစ်ဦး ချစ်တင်းနှောတာကလည်းအရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒီတော့ လုံလောက်တဲ့ လိင်ဆက်ဆံမှု မရှိတော့တဲ့အခါ၊အချိန်ကြာမြင့်စွာ လိင်ဆက်ဆံမှု ပြတ်တောက်သွားပြီး ပြန်လုပ်ငန်းစတဲ့အခါမှာ နာကျင်မှုကို ခံစားရရှိနိုင်ပါတယ်။ လုံလောက်တဲ့လိင်ဆက်ဆံမှု မရှိတာကလည်း နာကျင်စေသလို၊အကြိမ်ရေများ သွားရင်လည်း ဆိုးကျိုးဖြစ်နိုင်တာ သတိပြုပါ။
(၅) မှားယွင်းတဲ့ Waxing ပြုလုပ်မှုကြောင့်
ကိုယ့်ရဲ့ private part ကို မကြာခဏ waxing ပြုလုပ်တတ်သူ၊အမွှေးရိတ်ရှင်းလင်းတတ် သူတွေ သတိပြုသင့်တဲ့အချက်ပါပဲ။ မှားယွင်းတဲ့ Waxing နည်းလမ်းကြောင့် ကိုယ့်ရဲ့ private part ဝန်းကျင် တစ်ဝိုက်မှာ ယားယံခြင်း၊ ဝက်ခြံ၊အဆီဖုများ ထွက်ပေါ်လာတတ်ပါတယ်။ ဒါ့ကြောင့်လည်း ဒီလိုဒဏ်ရာသေးသေးလေးတွေကြောင့် လိင်ဆက်ဆံစဉ်အတွင်း နာကျင်နေရတာပါ။
(၆) ကလေးမွေးဖွားပြီးခါစဖြစ်နေခြင်းကြောင့်
မီးဖွားပြီးခါစ မိခင်တွေက လိင်ဆက်ဆံခြင်းကိုအချိန်ခဏတာ ရှောင်ရှားဖို့ လိုတယ်ဆိုတာကိုတော့ သိရှိပြီးသားဖြစ်မှာပါ။ ကလေးမွေးဖွားပြီး ၄ပတ် ဒါမှမဟုတ် ၆ပတ် လောက်အကြာမှသာ လိင်ဆက်ဆံ ဖို့ safe ဖြစ်တယ်လို့ ဆရာဝန်များကအကြံပြုထားပေမယ့် လူတစ်ဦးနဲ့ တစ်ဦးကတော့ ကွဲပြားခြားနားမှု ရှိကြပါတယ်။အကောင်းဆုံးကတော့ ကလေးမွေးဖွားပြီး တစ်လလောက်အတွင်း လိင်ဆက်ဆံမှု မပြုသင့်ပါဘူး။
ရွှေရောင် (ရွှေအင်းလေး)