လူတော်တော်များများ လိုအပ်နေတဲ့ နှုတ်ဆက်တတ်ခြင်းအနုပညာ….
trend.com.mm
|
2019-01-27

လူတစ်ယောက်အတွက် ပြောတတ်ဆိုတတ် စကာဦးသမ်းတတ်ဖို့က မတတတ်မဖြစ်တတ်သင့်တဲ့ပညာပါ…

အခုခေတ်မှာ လူတော်တော်များများဟာ တစ်ယောက်နဲ့တစ်ယောက်တွေ့လို့နှုတ်ဆက် စကားပြောတော့မယ်ဆိုရင် ရင်ထဲ ဆို့နင့်သွားရတဲ့စကားမျိုးကို ရွေးပြောသလိုဖြစ်နေတတ်ပါတယ် ။ ဒါကိုပြောမိတဲ့သူကတော့သတိထားမိမယ်မထင်ပါဘူး။

တစ်ယောက်နဲ့တစ်ယောက်လမ်းမှာ ဖြစ်ဖြစ်တစ်နေရာရာမှာ ဖြစ်ဖြစ် ဆုံတွေ့တယ်ဆိုပါစို့ ။ မတွေ့တာကြာလို့ပြန်တွေ့တဲ့သူကို စကားတွေအများကြီးပြောပြီးမနှုတ်ဆက်တတ်ရင်တောင် ပြောရမဲ့စကားကရှင်းရှင်းလေး ” မတွေ့တာကြာပြီနော် နေကောင်းရဲ့လား” ဒီလောက်လေးပြောလိုက်တာနဲ့တင် နှုတ်ဆက်မှုအတွက်စကားဦးသမ်းပုံလေးက ပြည့်စုံနေပါပြီ…

ဒါကိုဘာတွေရှုပ်နေမှန်းမသိ တစ်ချို့သူတွေက မပြောတတ်မဆိုတတ်နဲ့သူများရဲ့အားနည်းချက်ကိုထောက်ပြတဲ့နှုတ်ဆက်နည်းမျိုးတွေနဲ့နှုတ်ဆက်တတ်ကြပါတယ်

” ဟယ် ဝလာလိုက်တာ…မတွေ့တာကြာတော့မဲသွားလိုက်တာ ကြည့်စမ်း…ဟဲ့ နင်ကလည်းတစ်ဖြည်းဖြည်းပိန်ပိန်သွားတယ်…ဟယ် မတွေ့တာကြာပြီအရပ်ကဒီလောက်ပဲကျန်း..ဟဲ့ဘာတွေလုပ်နေလဲ ဘယ်မှာလုပ်လဲ လစာဘယ်လောက်ရနေပြီလဲ…စသည်ဖြင့်မေးတဲ့ဒီလိုမေးခွန်းတွေ စကားတွေဟာ လူတစ်ယောက်ရဲ့စိတ်ကိုအကြီးအကျယ်ညိုးနွမ်းစေပါတယ်။

ကိုယ်ပြောလိုက်တဲ့အကြောင်းအရာကသူသဘောကျတဲ့ ဝေဖန်မှုမျိုးဆို ရင်ကောင်းပင်မဲ့သူတစ်ပါးစိတ် နာကျင်ခံစားအားငယ်သွားရမဲ့ဝေဖန်မှုမျိုးနဲ့တော့ နှုတ်ဆက်တာမျိုးမလုပ်သင့်ပါဘူး…

ကိုယ့်ကိုလည်းလူမမုန်းသူတစ်ပါးလည်းမထိခိုက်တဲ့အထာကျပြီးနည်းလမ်းမှန်စွာ နှုတ်ဆက်ပြောဆိုတတ်ပါစေ







Unicode











Some text some message..