Lotayamm

ငှက်မွှေးလေးတွေ ရွေးချယ်ပြီး ကိုယ့်ရဲ့ အတွင်းစိတ်လေးတွေ ဆန်းစစ်ကြည့်ရအောင်
lotaya.mpt.com.mm
|
2019-01-29




ငှက်မွှေးလေးတွေ ရွေးချယ်ပြီး ကိုယ့်ရဲ့ အတွင်းစိတ်လေးတွေ ဆန်းစစ်ကြည့်ရအောင်


သင်ဟာ မတူညီတဲ့ ပုံသဏ္ဍာန်၊ အရာဝတ္ထုတွေ၊ အရောင်တွေ၊ ဆန့်ကျင်ဘက် သွင်ပြင်တွေထဲကနေ ရွေးချယ်ရပြီဆိုရင် သင့်ရဲ့ အတွင်းစိတ်ကို အလုပ်ပေးရပါတော့တယ်တဲ့။ လူတွေရဲ့ မသိစိတ်ကနေ ရွေးချယ်လိုက်တဲ့အရာတွေက အဲဒီလူရဲ့ အတွင်းစိတ်နေစိတ်ထားကို ကိုယ်စားပြုနေတယ်လို့ စစ်တမ်းတွေမှာ ဆိုထားပါတယ်။ ဒီတော့ အခုဖော်ပြပေးထားတဲ့ ငှက်မွှေးလေး ၆ ခုထဲက နှစ်သက်ရာ တစ်ခုကို ရွေးချယ်လိုက်ပါ၊ ပြီးရင် ဒီငှက်မွှေးလေးကို ရွေးချယ်လိုက်တဲ့သင်က ဘယ်လိုလူစားမျိုးလဲဆိုတာ ပေးထားတဲ့အဖြေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်လိုက်ပါဦး၊ သင့်အတွက် အရမ်းကိုမှန်ကန်တဲ့ အဖြေမျိုးဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ထွက်လာတဲ့ အဖြေက သင့်ရဲ့ တကယ့်အတွင်းစိတ်နဲ့ တူညီနေတယ်ဆိုရင်လည်း ကွန်မန့်မှာ ဝေမျှပေးသွားပါဦးနော်။


ငှက်မွှေးနံပါတ် ၁ ( စိတ်ကူးယဉ်ဆန်သူ )


နံပါတ် ၁ ငှက်မွှေးကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ စိတ်ကူးယဉ်တတ်သူပါတဲ့။ စိတ်ဓါတ်ခိုင်မာပြီး ဖြစ်ချင်တဲ့အရာတစ်ခုဖြစ်လာအောင် ဘဝမှာတိုးတက်မှုရှိအောင် စွမ်းဆောင်နိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီအချက်တွေကပဲ သင့်ရဲ့စိတ်ကူးအိပ်မက်တွေ အကောင်အထည်ပေါ်လာအောင် ကူညီထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် သင့်ရဲ့ အားနည်းချက်တစ်ခုက သင့်ကိုယ်သင် ချမ်းသာသူတစ်ဦးပမာ နေထိုင်ပြုမူလေ့ရှိပြီး စကားပြောမပြေပြစ်တာပါပဲ။ ဒါပေမယ့် အလုပ်ကိုတော့ တကယ်တမ်းအလေးအနက် ကြိုးစားပြီးလုပ်တတ်သူတစ်ဦး ဖြစ်ပါတယ်။ တစ်ခါတစ်ရံ သင်ကိုယ်တိုင်လိုလိုလားလား စတင်ခဲ့တဲ့ ပရော့ဂျက်တွေ လုပ်ငန်းစဉ်တွေကို သင်ကိုယ်တိုင်ပဲ စိတ်ပျက်အားလျော့ပြီး အရှုံးပေးတတ်ပါသေးတယ်။ ဒါပေမယ့် သင်လိုချင်တဲ့အောင်မြင်မှုတွေရရှိဖို့ ဘယ်လိုကြိုးစားရမယ်ဆိုတာကိုလည်း သင်ကောင်းကောင်းသိနေပါတယ်တဲ့။


ငှက်မွှေးနံပါတ် ၂ ( အပြောင်းအလဲကိုနှစ်သက်သူ )


သင့်ရဲ့ အားသာချက်တစ်ခုက သင်ဟာ အသစ်အသစ်တွေကို နှစ်သက်ပြီး ပြောင်းလဲရမှာ ကြောက်လေ့မရှိသူဖြစ်နေတာပါပဲ။ သင်ယူလေ့လာမှု အားကောင်းပြီး အရမ်းခက်ခဲတဲ့ သင်ယူလေ့လာမှုတွေကိုတောင် သင်ခဏနဲ့ နားလည်လွယ်ပါလိမ့်မယ်။ ပညာရှာဖွေမှုကို စိတ်အားထက်သန်လွန်းတာကြောင့် အပေါင်းအသင်းနည်းပြီး အထီးကျန်တတ်ပါတယ်။ ဒါပေမယ့် ဒီလိုတစ်ယောက်တည်းနေမှပဲ သင်လိုအပ်တဲ့ ပညာတွေ ရရှိနိုင်မယ်လို့ သင်ကယူဆထားသူဖြစ်ပါတယ်။ စာမှစာ အသစ်အဆန်းတွေသင်ယူလေ့လာဖို့အချိန်တွေပဲ ပေးလေ့ရှိတာကြောင့် အသိမိတ်ဆွေတွေက ပေါင်းသင်းဆက်ဆံရေး မကောင်းသူထဲမှာ သင့်ကို ထည့်သွင်းထားကြပါလိမ့်မယ်။ ဒါပေမယ့် သင့်ကိုတကယ်တမ်း ထဲထဲဝင်ဝင်ပေါင်းသင်း ကြသူတွေကတော့ သင့်အကြောင်းကို သေချာသိလာပြီး သင့်ကို ချစ်ခင်လာကြမှာ ဖြစ်ပါတယ်။ သင့်ကို ဘယ်လို ထောက်ပံ့ပေးရမယ်၊ သင်နဲ့ အဆင်ပြေအောင် ဘယ်လိုပေါင်းသင်းရမယ်ဆိုတာကို သိလွယ်စေသူလည်း ဖြစ်ပါတယ်။


ငှက်မွှေးနံပါတ် ၃ ( ပေါက်ကွဲလွယ်သူ )


သင်ဟာ မိုင်းဗုံးတစ်ခုလို ပေါက်ကွဲလွယ်တတ်သူပါပဲ၊ သင်လိုချင်တဲ့ ရည်မှန်းချက် ပလန်တွေ၊ သတ်မှတ်ရက်အတွင်းပြီးရမယ့် ပရော့ဂျက်တွေ ဖြစ်မလာလို့ကတော့ သင်အကြီးအကျယ်ပေါက်ကွဲပြီပေါ့။ သင်တစ်ယောက်တည်း လုပ်ရမယ်ဆိုရင် သင့်အနေနဲ့ ရက်အတိအကျပြီးအောင် လုပ်ဆောင်နိုင်သူတစ်ဦး ဖြစ်နေတာကြောင့် သူတပါးက ရက်မတိကျတာ၊ ကတိမတည်တာမျိုးတွေကို သည်းခံနိုင်စွမ်း မရှိသူပါပဲ။ ဘာလို့လည်း ဆိုတော့ သင့်ရဲ့ တားဂတ်တွေ စိတ်ဝင်စားမှုတွေက သူများတွေထက် အဆပေါင်းများစွာ မြင့်နေလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်ကပဲ သင့်ကို လူအများနဲ့ စုပေါင်းလုပ်ကိုင်တဲ့ နေရာမှာ အခက်အခဲ ဖြစ်စေပြီး အများအားဖြင့် ဘယ်အလုပ်ကိုမဆို သင်တစ်ယောက်ထဲပဲ လုပ်ကိုင်သွားရတဲ့ အနေအထားဖြစ်စေပါတယ်။ ဒါပေမယ့် ဒီလိုပင်ပန်းမှုမျိုးကို သင်ကမကြောက်ပါဘူး၊ သင့်အနေနဲ့ အလုပ်ကိုကြိုးစားလုပ်မယ်၊ ကိုယ့်အတွက်အနားယူရမယ့် အချိန်မျိုး ရှိလာရင်လည်း ခရီးထွက်ပစ်လိုက်ဖို့ ဝန်မလေးသူပဲဖြစ်ပါတယ်။


ငှက်မွှေးနံပါတ် ၄ ( လိုက်လျောညီထွေနေတတ်သူ )


သင်ဟာ ဘယ်သူနဲ့မဆို လိုက်လျောညီထွေနေတတ်သူဖြစ်ပြီး သင်လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ရရှိဖို့ ကိုယ်တိုင်လည်း လုပ်ဆောင်နိုင်သူ သူတပါးရဲ့ ပံ့ပိုးအားနဲ့လည်း လုပ်ဆောင်နိုင်သူတစ်ဦးပါပဲ။ စိတ်ဝင်စားမှုတွေ အများကြီးရှိနေပြီး ဘယ်ဟာကိုအောင်မြင်အောင်လုပ်ရမလဲဆိုတာကိုတော့ သတ်သတ်မှတ်မှတ် ထားသင့်ပါတယ်။ အိမ်နီးချင်းတွေကို ကူညီတတ်သူတစ်ဦးဖြစ်ပြီး သူတစ်ပါးရဲ့ အောင်မြင်မှုကို ကိုယ့်အောင်မြင်မှုကို သဘောထားတတ်သူပါပဲ။ သင်သွားလိုတဲ့ ရည်မှန်းချက်ပန်းတိုင်က ဘယ်လောက်ပဲ အခက်အခဲတွေ ရှိနေပါစေ အောင်မြင်အောင် အဆုံးထိသွားတတ်သူပါပဲ။ သင့်ရဲ့ ပြဿနာတစ်ခုကတော့ သင့်ရဲ့ စိတ်ရင်းအမှန်ကို ဖုံးကွယ်ထားပြီး မကျေနပ်တာကို ထုတ်ဖော်မပြောတတ်တာကြောင့် တစ်ချို့အရာတွေကို ဆုံးရှုံးရတတ်ပါတယ်။


ငှက်မွှေးနံပါတ် ၅ ( တီထွင်ဆန်းသစ်နိုင်သူ )


ဒီငှက်မွှေးကို ရွေးချယ်တဲ့ သင်က တီထွင်ဆန်းသစ်မှုကို နှစ်သက်သူတစ်ဦးပါပဲ။ တီထွင်ဖန်တီးမှုစွမ်းရည်ပြည့်ဝပြီး အရာဝတ္ထုပစ္စည်းတွေ စွန့်ဦးတီထွင် ထုတ်လုပ်နိုင်စွမ်း မြင့်မားသူတစ်ဦးပါ။ သင့်ရဲ့ လုပ်ဆောင်မှုတွေအားလုံးက အနုပညာဆန်နေပြီး သင်ဟာ ပန်းချီဆရာ သို့မဟုတ် ကဗျာဆရာဖြစ်နေတတ်ပါတယ်။ အားလပ်ချိန်တွေကို အနုပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေမှာပဲ မွေ့လျော်လေ့ရှိပါတယ်။ တစ်ခါတစ်ရံ စွန့်စားရတဲ့ အလုပ်တွေကို နှစ်သက်သူဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိမယ်ဆိုရင် ဘယ်လိုအခက်အခဲရှိရှိ အောင်မြင်အောင်လုပ်ဆောင်နိုင်သူလည်း ဖြစ်ပါတယ်။ တကယ်လို့ သင့်ကိုယ်သင် ယုံကြည်မှုအားနည်းနေမယ်ဆိုရင် ဆုံးရှုံးမှုတွေ ကြုံတွေ့ရတတ်လို့ သတိပြုသင့်ပါတယ်။


ငှက်မွှေး နံပါတ် ၆ ( လွတ်လပ်မှုကို နှစ်သက်သူ )


ဒီငှက်မွှေးကို ရွေးချယ်တဲ့သင်က လွတ်လပ်မှုကို နှစ်သက်သူတစ်ဦးပါပဲ။ သင်ဟာ ဘယ်သူ့အကူအညီမှုမယူဘဲ သင့်စွမ်းဆောင်ချက်နဲ့သင် အောင်မြင်မှုတွေ ရယူနိုင်သူတစ်ဦးပါ။ ဘယ်အလုပ်ကို ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတာ သင်ကောင်းကောင်း သိရှိထားပြီး ကိုယ့်အားကိုယ်ကိုးအောင်မြင်တတ်သူပါ။ ဒါပေမယ့် ဒီအချက်က သင့်ကို ပေါင်းသင်းဆက်ဆံရေး အားနည်းသူအဖြစ်လည်း မဖြစ်စေနိုင်ပါဘူး၊ ဘာလို့လည်းဆိုတော့ သင့်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို လေးစားအားကျသူတွေက သင့်အပေါ် အကောင်းမြင်ကြလို့ပါပဲ။ သင့်ရဲ့ မကောင်းတဲ့အချက်က သင့်အတွက်လိုအပ်နေချိန်မှာ လူတွေကို အသုံးချပေါင်းသင်းတတ်ပြီး မလိုအပ်တော့ဘူးဆိုရင် အဲဒီလူတွေကို လှည့်မကြည့်တော့တဲ့ အချက်ပါပဲ။

Ref : zen-magazine.com





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..