ကိုယ့်လူကို စနိုက်ကြော်ချင်နေတဲ့သူငယ်ချင်းတွေရန်က ဒီလိုကာကွယ်ကြမယ်
trend.com.mm
|
2018-10-06




သူငယ်ချင်းတိုင်းကိုမဆိုလိုပါဘူးနော်။ကိုယ့်အပေါ် တကယ်ခင်တဲ့သူငယ်ချင်းကောင်းဆိုတာ ဒီလိုမျိုးကိုယ့်ချစ်သူကို မထိတထိကျီစယ်တာ၊ဆွဲဆောင်တာမျိုးလုပ်မှာ မဟုတ်ပါဘူး။ကိုယ့်ချစ်သူကို ကိုယ်မရှိတဲ့အချိန်စကားသွားပြောတာမျိုး၊သူတို့ဓာတ်ပုံတွေသွားပြပြီး လှလားမေးတာမျိုး၊ကိုယ့်ကိုအကူအညီမတောင်းပဲ ကိုယ့်ချစ်သူကိုသွားပြီးအကူအညီတောင်းတာမျိုးလုပ်နေကြတဲ့သူငယ်ချင်းရှိနေပြီလား?ဒါဆိုရင် ပထမဆုံးအချက်အနေနဲ့သူတို့ကသင့်အပေါ် သူငယ်ချင်းကောင်းမပီသဘူးဆိုတာ ထင်ရှားနေပါပြီ။ကိုယ့်ချစ်သူကို သူငယ်ချင်းနဲ့မိတ်ဆက်ပေးမိလို့ သူငယ်ချင်းစနိုက်ကြော်တာ
ခံလိုက်ရတဲ့မိန်းကလေးတွေဆိုတာလည်းရှိကြမှာပါ။ဒီလိုအခြေအနေမျိုးကို ကိုယ်ကရိပ်မိနေပြီဆိုရင် ဒီလိုလေးတွေကာကွယ်ထားဖို့လိုနေပါပြီ။








*မိန်းကလေးချင်းကိုယ်ချင်းစာတတ်တဲ့အသိဝင်အောင် မသိမသာလုပ်ပါ
ကိုယ့်ချစ်သူကိုအလုခံလိုက်ရတာ၊သူငယ်ချင်းဆီကနောက်ကျောဓားနဲ့ထိုးခံရတာဟာ ဘယ်လောက်နာကျင်ရကြောင်း၊ဘယ်လောက်ခံစားရခက်ကြောင်းသူတို့ကို စကားပါးပါးလေးထည့်ပြောတာမျိုး၊အဲ့ဒီမိန်းကလေးရဲ့ ဘက်ကိုလည်း နားလည်ခံစားကြည့်ဖို့ နည်းနည်းချင်းစီကြုံတိုင်းပြောသွားပါ။
ကိုယ်ချင်းစာတဲ့စိတ်သာရှိလာမယ်ဆိုရင် စနိုက်ကြော်ဖို့စဉ်းစားနေတဲ့စိတ်ကလျော့သွားပါလိမ့်မယ်။


*ကိုယ်နဲ့ဆို သူက ကမ္ဘာမှာကံအကောင်းဆုံးလူလို့ခံစားရတယ်ဆိုတဲ့အကြောင်းပြောပြပါ
စနိုက်ကြော်ချင်တဲ့သူတောင်သင်တို့စုံတွဲကိုအားကျပြီးမပြတ်စေချင်တဲ့စိတ်မျိုးဖြစ်လာအောင် ကိုယ်နဲ့ဆို သူကဘယ်လိုပျော်ရွှင်တယ်ဆိုတဲ့အကြောင်း၊သူဘာကြိုက်တယ်၊ကိုယ်ဘာကြိုက်တယ်အသေးစိတ်ကအစ သိနေတဲ့အကြောင်း၊နှစ်ယောက်အတူရှိနေရင် ဘယ်လိုစိတ်ချမ်းသာရတယ်၊သူက ဘယ်လိုတွေတောင်ဂရုစိုက်ပေးတယ်ဆိုတဲ့အကြောင်း ကြုံတိုင်းထည့်ကြွားပါ။








*နောင်အနာဂတ်အစီအစဉ်တွေဘယ်လိုရှိတယ်ဆိုတဲ့အကြောင်းပြောပြပါ
ဒါတွေက ပုံမှန်ဆို သူငယ်ချင်းတွေကို ပြောပြစရာတော့မလိုပေမဲ့ သူက ကိုယ့်ချစ်သူကိုစနိုက်ကြော်ချင်နေတဲ့ပုံပေါက်နေပြီဆိုရင် ပြောသာပြောပါ။သင်တို့နှစ်ယောက်မှာ ဘယ်လိုအနာဂတ်အစီအစဉ်တွေရှိတယ်။နှစ်ယောက်အတူ လုပ်မယ့်အလုပ်တွေ၊သွားမယ့်ခရီးတွေစသဖြင့်အနာဂတ်အစီအစဉ်တွေအကြောင်းစကားဆက်မိတိုင်းပြောပါ။ဒါဆိုသူ့မှာ သင့်ချစ်သူနဲ့ နီးမယ့်အခွင့်အရေးမျိုး၊သင့်ချစ်သူက သူ့ကိုစိတ်ယိုင်လာမယ့်အခြေအနေမျိုးမရှိဘူးဆိုတာသဘောပေါက်သွားပါလိမ့်မယ်။


*သူလုပ်သမျှ သင်အကုန်သိနေတယ်လို့ မသိမသာပြောပါ
သူဘာလုပ်လုပ်သင်အကုန်သိတယ်။ဖေ့ဘွတ်ခ်ပတ်စ်ဝေါ့ကအစ သူဘယ်အချိန်မှာဘယ်သွားတတ်တယ်၊ဘယ်လိုအကျင့်မျိုးရှိတယ်ဆိုတာကို မသိမသာထည့်ထည့်ပြောပါ။အဲ့ဒါမှ သူ သင့်ချစ်သူကိုစကားတွေသွားသွားပြောတာ၊အကူအညီတွေသွားသွားတောင်းတတ်တာ သင်လည်းသိနေမှာပဲဆိုတဲ့အတွေးမျိုးဝင်သွားမှာပါ။အဲ့ဒါဆို နောက်ဆို သွားစကားပြောမှာမဟုတ်တော့ပါဘူး။မျက်နှာမပြောင်ဘူးဆိုရင်ပေါ့။သင်တို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်လည်းယုံကြည်မှုအပြည့်ရှိတယ်၊တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်ထိအလေးထားကြတယ်ဆိုတာသာ သေချာသိအောင်ပြလိုက်ပါ







***ပထမဆုံးအနေနဲ့ သင်လုပ်ရမှာက သင့်ချစ်သူကရော ဘယ်လိုအခြေအနေမျိုးလဲဆိုတာဆန်းစစ်ဖို့ပါပဲ။ကိုယ်က သွားပြီးတိုက်ရိုက်ရှင်းချလိုက်မယ်ဆိုရင် ကိုယ့်ချစ်သူကို နိုင်အောင်ထိန်းပေါ့ဆိုတဲ့စကားနဲ့သင်ပဲအရှက်ရပါလိမ့်မယ်။ဒါကြောင့်ကိုယ့်ချစ်သူရဲ့အခြေအနေကိုလည်းဆန်းစစ်ပြီးအပေါ်ကအချက်လေးတွေနဲ့ သူတို့ဘာသူတို့ ပြန်ထိန်းတတ်အောင် လုပ်ပါ။ဒါက နှစ်ဦးနှစ်ဖက်မျက်နှာမပျက်ရစေတဲ့နည်းလေးပါပဲ။ပြီးတော့ ကိုယ်က ဒီ Relationship ကိုထိန်းသိမ်းချင်တာဖြစ်တဲ့အတွက် ကိုယ့်ချစ်သူကလည်း ဘယ်လိုစိတ်အခြေအနေလဲဆိုတာသိဖို့လိုပါတယ်။သူ့စိတ်က မပါပဲနဲ့ သင်လိုချင်သလို ဒီ RS ကိုပြန်ပြီးထိန်းသိမ်းလိ့ုမရဘူးဆိုတာ သတိရပါ။

အဆင်ပြေကြဖို့မျှော်လင့်ပါတယ်နော်

Unicode


သူငယ်ချင်းတိုင်းကိုမဆိုလိုပါဘူးနော်။ကိုယ့်အပေါ် တကယ်ခင်တဲ့သူငယ်ချင်းကောင်းဆိုတာ ဒီလိုမျိုးကိုယ့်ချစ်သူကို မထိတထိကျီစယ်တာ၊ဆွဲဆောင်တာမျိုးလုပ်မှာ မဟုတ်ပါဘူး။ကိုယ့်ချစ်သူကို ကိုယ်မရှိတဲ့အချိန်စကားသွားပြောတာမျိုး၊သူတို့ဓာတ်ပုံတွေသွားပြပြီး လှလားမေးတာမျိုး၊ကိုယ့်ကိုအကူအညီမတောင်းပဲ ကိုယ့်ချစ်သူကိုသွားပြီးအကူအညီတောင်းတာမျိုးလုပ်နေကြတဲ့သူငယ်ချင်းရှိနေပြီလား?ဒါဆိုရင် ပထမဆုံးအချက်အနေနဲ့သူတို့ကသင့်အပေါ် သူငယ်ချင်းကောင်းမပီသဘူးဆိုတာ ထင်ရှားနေပါပြီ။ကိုယ့်ချစ်သူကို သူငယ်ချင်းနဲ့မိတ်ဆက်ပေးမိလို့ သူငယ်ချင်းစနိုက်ကြော်တာ
ခံလိုက်ရတဲ့မိန်းကလေးတွေဆိုတာလည်းရှိကြမှာပါ။ဒီလိုအခြေအနေမျိုးကို ကိုယ်ကရိပ်မိနေပြီဆိုရင် ဒီလိုလေးတွေကာကွယ်ထားဖို့လိုနေပါပြီ။


*မိန်းကလေးချင်းကိုယ်ချင်းစာတတ်တဲ့အသိဝင်အောင် မသိမသာလုပ်ပါ
ကိုယ့်ချစ်သူကို အလုခံလိုက်ရတာ၊သူငယ်ချင်းဆီကနောက်ကျောဓားနဲ့ထိုးခံရတာဟာ ဘယ်လောက်နာကျင်ရကြောင်း၊ဘယ်လောက်ခံစားရခက်ကြောင်းသူတို့ကို စကားပါးပါးလေးထည့်ပြောတာမျိုး၊အဲ့ဒီမိန်းကလေးရဲ့ ဘက်ကိုလည်း နားလည်ခံစားကြည့်ဖို့ နည်းနည်းချင်းစီကြုံတိုင်းပြောသွားပါ။
ကိုယ်ချင်းစာတဲ့စိတ်သာရှိလာမယ်ဆိုရင် စနိုက်ကြော်ဖို့စဉ်းစားနေတဲ့စိတ်ကလျော့သွားပါလိမ့်မယ်။


*ကိုယ်နဲ့ဆို သူက ကမ္ဘာမှာကံအကောင်းဆုံးလူလို့ခံစားရတယ်ဆိုတဲ့အကြောင်းပြောပြပါ
စနိုက်ကြော်ချင်တဲ့သူတောင်သင်တို့စုံတွဲကို အားကျပြီးမပြတ်စေချင်တဲ့စိတ်မျိုးဖြစ်လာအောင် ကိုယ်နဲ့ဆို သူကဘယ်လိုပျော်ရွှင်တယ်ဆိုတဲ့အကြောင်း၊သူဘာကြိုက်တယ်၊ကိုယ်ဘာကြိုက်တယ်အသေးစိတ်ကအစ သိနေတဲ့အကြောင်း၊နှစ်ယောက်အတူရှိနေရင် ဘယ်လိုစိတ်ချမ်းသာရတယ်၊သူက ဘယ်လိုတွေတောင်ဂရုစိုက်ပေးတယ်ဆိုတဲ့အကြောင်း ကြုံတိုင်းထည့်ကြွားပါ။


*နောင်အနာဂတ်အစီအစဉ်တွေဘယ်လိုရှိတယ်ဆိုတဲ့အကြောင်းပြောပြပါ
ဒါတွေက ပုံမှန်ဆို သူငယ်ချင်းတွေကို ပြောပြစရာတော့မလိုပေမဲ့ သူက ကိုယ့်ချစ်သူကိုစနိုက်ကြော်ချင်နေတဲ့ပုံပေါက်နေပြီဆိုရင် ပြောသာပြောပါ။သင်တို့နှစ်ယောက်မှာ ဘယ်လိုအနာဂတ်အစီအစဉ်တွေရှိတယ်။နှစ်ယောက်အတူ လုပ်မယ့်အလုပ်တွေ၊သွားမယ့်ခရီးတွေစသဖြင့် အနာဂတ်အစီအစဉ်တွေအကြောင်းစကားဆက်မိတိုင်းပြောပါ။ဒါဆိုသူ့မှာ သင့်ချစ်သူနဲ့ နီးမယ့်အခွင့်အရေးမျိုး၊သင့်ချစ်သူက သူ့ကိုစိတ်ယိုင်လာမယ့်အခြေအနေမျိုးမရှိဘူးဆိုတာသဘောပေါက်သွားပါလိမ့်မယ်။


*သူလုပ်သမျှ သင်အကုန်သိနေတယ်လို့ မသိမသာပြောပါ
သူဘာလုပ်လုပ်သင်အကုန်သိတယ်။ဖေ့ဘွတ်ခ်ပတ်စ်ဝေါ့ကအစ သူဘယ်အချိန်မှာဘယ်သွားတတ်တယ်၊ဘယ်လိုအကျင့်မျိုးရှိတယ်ဆိုတာကို မသိမသာထည့်ထည့်ပြောပါ။အဲ့ဒါမှ သူ သင့်ချစ်သူကိုစကားတွေသွားသွားပြောတာ၊အကူအညီတွေသွားသွားတောင်းတတ်တာ သင်လည်းသိနေမှာပဲဆိုတဲ့အတွေးမျိုးဝင်သွားမှာပါ။အဲ့ဒါဆို နောက်ဆို သွားစကားပြောမှာမဟုတ်တော့ပါဘူး။မျက်နှာမပြောင်ဘူးဆိုရင်ပေါ့။သင်တို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်လည်းယုံကြည်မှုအပြည့်ရှိတယ်၊တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်ထိအလေးထားကြတယ်ဆိုတာသာ သေချာသိအောင်ပြလိုက်ပါ

***သတိထားရမှာက သွားပြီးဝုန်းဒိုင်းကြဲတာမျိုးမလုပ်မိဖို့ပါပဲ။ပထမဆုံး အနေနဲ့ သင်လုပ်ရမှာက သင့်ချစ်သူကရော ဘယ်လိုအခြေအနေမျိုးလဲဆိုတာဆန်းစစ်ဖို့ပါပဲ။ကိုယ်က သွားပြီးတိုက်ရိုက်ရှင်းချလိုက်မယ်ဆိုရင် ကိုယ့်ချစ်သူကို နိုင်အောင်ထိန်းပေါ့ဆိုတဲ့စကားနဲ့သင်ပဲ အရှက်ရပါလိမ့်မယ်။ဒါကြောင့်ကိုယ့်ချစ်သူရဲ ့အခြေအနေကိုလည်းဆန်းစစ်ပြီးအပေါ်က အချက်လေးတွေနဲ့ သူတို့ဘာသူတို့ ပြန်ထိန်းတတ်အောင် လုပ်ပါ။ဒါက နှစ်ဦးနှစ်ဖက်မျက်နှာမပျက်ရစေတဲ့နည်းလေးပါပဲ။ပြီးတော့ ကိုယ်က ဒီ Relationship ကိုထိန်းသိမ်းချင်တာဖြစ်တဲ့အတွက် ကိုယ့်ချစ်သူကလည်း ဘယ်လိုစိတ်အခြေအနေလဲဆိုတာသိဖို့လိုပါတယ်။သူ့စိတ်က မပါပဲနဲ့ သင်လိုချင်သလို ဒီ RS ကိုပြန်ပြီးထိန်းသိမ်းလို့မရဘူးဆိုတာ သတိရပါ။

အဆင်ပြေကြဖို့မျှော်လင့်ပါတယ်နော်




Some text some message..