
စကားထစ်တာဟာအသက်အရွယ်မရွေး ကြုံရတတ်တဲ့ ပြဿနာဖြစ်ပေမယ့် များသောအားဖြင့်အသက်ငယ်တဲ့
၊ စကားပြောတတ်ကာစ၊
ကလေးတွေမှာ ပိုပြီးအတွေ့များပါတယ်။ စကားထစ်ခြင်းကြောင့် ကျန်းမာရေးအရ ပြဿနာမရှိပေမယ့် ကျောင်းစာ၊
သင်ယူတဲ့ နေရာ၊ လူမှုပတ်ဝန်းကျင်နဲ့ နေ့စဉ်ဘဝမှာအနည်းငယ်တော့အခက်အခဲတွေ ကြုံလာနိုင်ပါတယ်။
စကားထစ်ခြင်းဆိုတာ ဘာလဲ။
ပုံမှန်စကားပြောတဲ့အခါ စကားလုံးတွေ ထစ်ငေါ့တာ၊ သွက်သွက်လက်လက်မရှိတာ၊ စကားလုံး သို့မဟုတ်အသံထွက်တစ်မျိုးကိုအကြိမ်ကြိမ် ပြောနေရတာ၊ စကားပြောနေရင်း တန်းလန်းနဲ့ ရပ်သွားတာ၊ နောက်စကားတစ်ခွန်းဆက်ပြောဖို့အချိန်အကြာကြီးအားယူရတာ၊ စကားတစ်ခွန်းပြောဖို့အတွက် အမ်အယ်အာအစရှိသဖြင့်အာမေဍိတ်သံအရင်ထွက်တာမျိုးတွေဟာ
တဲ့သူတွေမှာ မကြာခဏ တွေ့ရတတ်တဲ့ လက္ခဏာတွေပါပဲ။
ဘယ်အသက်အရွယ်မှာ စကားထစ်တာအများဆုံးတွေ့ရတတ်လဲ
အသက် ၁၈လ ကနေအသက် ၅နှစ်အရွယ်
ကလေးတွေမှာ စကားထစ်တဲ့ လက္ခဏာစတင်တွေ့ရတတ်ပြီး ဒါကတော့ ကလေးတော်တော်များများမှာ တွေ့ရတတ်တဲ့ ပြဿနာဖြစ်ပါတယ်။ မိန်းကလေးတွေထက် ယောက်ျားလေးတွေမှာ စကားထစ်တဲ့ လက္ခဏာ ပိုတွေ့ရတတ်ပါတယ်။ လေ့လာချက်အရ ကလေးအယောက် ၂၀မှာ တစ်ယောက်ဟာ စကားထစ်တဲ့ ပြဿနာ ကြုံတွေ့ရတတ်ပြီး မိဘတွေ စိုးရိမ်ရလောက်တဲ့အထိ ပြင်းထန်တတ်ပါတယ်။ စကားထစ်တာဟာအနည်းဆုံး ၆လလောက် ကြာနိုင်ပါတယ်။ မိဘတွေအနေနဲ့ စကားထစ်တဲ့ ကလေးကို ဘယ်လိုတုံ့ပြန်မလဲ၊ ဘယ်လိုပျောက်ကင်းအောင် ဝိုင်းကူညီပေးမလဲ ဆိုတာပေါ် မူတည်ပြီးအမြစ်ပြတ်ပျောက်ကင်းသွားအောင် ကုသပေးနိုင်ပါတယ်။
စကားထစ်တာဟာ စိုးရိမ်စရာရှိလား။
မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ကလေးစကားထစ်တဲ့အခါ စိုးရိမ်ပူပန်တတ်ကြတာ သဘာဝပါပဲ။အထူးသဖြင့်
မှာ စကားထစ်တဲ့အခါ စာသင်ကြားရမှာ၊ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရမှာအခက်အခဲဖြစ်စေနိုင်သလိုအတန်းထဲက ကလေးတွေရဲ့ စနောက်ခြင်း ခံရနိုင်တဲ့ ပြဿနာလေးတွေတော့အနည်းငယ်ရှိနိုင်ပါတယ်။ စကားထစ်ခြင်းကြောင့် မျက်နှာကြွက်သားတွေ တင်းမာပြီး နေရထိုင်ရခက်တာ၊ စကားတစ်ခွန်းတည်းကို ထပ်ခါထပ်ခါပြောရင်း နောက်စကားဆက်မပြောနိုင်တာ၊ စကားပြောနေရင်းအသံတွေ ကျယ်လာတာ၊ စကားပြောဖို့အတွက် ပင်ပင်ပန်းပန်းအားစိုက်နေရတာ၊ ထစ်နေတဲ့ စကားလုံး၊အသံထွက်ကို ရှောင်ဖို့အတွက် တခြားစကားလုံး ပြောင်းပြီးပြောရတာ၊ စကားပြောဖို့ လိုအပ်လာတဲ့အခါ မပြောပဲ ရှောင်ဖယ်တာအစရှိတဲ့အခြေအနေမျိုးမှာတော့ စကားထစ်တဲ့ လက္ခဏာအနည်းငယ် ပြင်းထန်လာပြီလို့ ဆိုနိုင်ပါတယ်။
ဘာကြောင့် စကားထစ်တာလဲ။
၁။ စကားထစ်တဲ့ မိဘမျိုးရိုးက ဆင်းသက်လာတဲ့ ကလေးတွေ ၂။
သင်ယူဖို့ ဦးနှောက်ကအဟန့်အတားဖြစ်စေတဲ့အခါ ၃။ မိဘတွေ မျှော်လင့်ချက်ကြီးလွန်းတာ၊ တွန်းအားပေးလွန်းတာ ၄။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအရ ပြင်းထန်တဲ့ စိတ်တုန်လှုပ်ခြောက်ခြားမှုကိစ္စတွေ ဖြစ်ပွားခဲ့တာ၊ ဒီလိုအဖြစ်အပျက်တွေ ဖြစ်ပြီးနောက်မှာ ကျန်နေခဲ့တဲ့
ကြာင့် စကားထစ်တာတွေဟာအဖြစ်အများဆုံးအကြောင်းရင်းတွေပါပဲ။
ဆရာဝန်နဲ့ ပြသဖို့ လိုအပ်လား။
စကားထစ်တာနဲ့ ပတ်သက်ပြီး ကိုယ့်ကလေးရဲ့ နေ့စဉ်ဘဝမှာ ကြီးမားတဲ့အခက်အခဲပြဿနာတွေ ရင်ဆိုင်နေရပြီဆိုရင်၊ စကားပြောဖို့အခက်တွေ့နေရပြီဆိုရင်၊အချိန်ကြာလာနဲ့အမျှ ပိုဆိုးလာတယ်လို့ ခံစားမိရင် မိဘတွေအနေနဲ့ ဆရာဝန်နဲ့ဖြစ်စေ၊ ဘာသာစကားဆိုင်ရာ
နဲ့ ဖြစ်စေ တိုင်ပင်ဆွေးနွေးပြီး ဖြည်းဖြည်းချင်း ကုသကြည့်သင့်ပါတယ်။ ခဏလေးနဲ့ ပျောက်သွားမလား၊အသက်ကြီးလာတဲ့အထိ စကားထစ်တဲ့ ပြဿနာ ကပ်ပါလာမလားဆိုတာ မိဘတွေရဲ့အပြုအမူနဲ့လည်း သက်ဆိုင်မှုအများကြီးရှိပါတယ်။ ဆေးသောက်ရုံနဲ့ ပျောက်တဲ့ ပြဿနာမဟုတ်သလို ပျောက်ကင်းစေတဲ့ ဆေးလည်း မထွက်ရှိသေးပါဘူး။အပြုအမူ၊ စိတ်ပိုင်းဆိုင်ရာနဲ့သာ ဆိုင်တဲ့ ပြဿနာ ဖြစ်ပါတယ်။
မိဘတွေအနေနဲ့ ဘယ်လိုကူညီပေးနိုင်မလဲ။
ကလေးရဲ့ စကားထစ်တဲ့ ပြဿနာကို မိဘ၊ ဆွေမျိုး၊ ပတ်ဝန်းကျင်တွေအနေနဲ့လည်း ဝိုင်းဝန်းကူညီပြီး ဖြေရှင်းပေးနိုင်ပါတယ်။ ၁။ ကိုယ့်ကလေးကို စိတ်အပန်းဖြေစေနိုင်မယ့်၊ ပျော်ရွှင်ပြီး စိတ်လွတ်လက်လွတ် ဖြစ်စေနိုင်မယ့်၊ စကားအေးအေးဆေးဆေး ပြောနိုင်ဖို့ မိဘတွေအနေနဲ့ ပျော်စရာပတ်ဝန်းကျင်လေး တစ်ခု ဖန်တီးပေးပါ။ ၂။ ဘေးပတ်ဝန်းကျင်ကအနှောင့်အယှက်တွေ မရှိပဲ ကိုယ့်ကလေးနဲ့ သီးသန့်စကားပြောဆိုဖို့အချိန်ပေးပါ။ ၃။ ကိုယ့်ကလေး စကားပြောတဲ့အခါ ဝေဖန်တာ၊ ကဲ့ရဲ့တာ၊အမှားကို ပြင်ပေးတာမျိုး ရှောင်ပါ။ ၄။ ကလေးကို တခြားသူတွေနဲ့ စကားပြောဆိုဖို့ ဖိအားမပေးပါနဲ့။ ၅။ စကားပြောစရာ မလိုအပ်တဲ့
မျိုး လုပ်ဖို့အားပေးပါ။ ၆။ ကိုယ့်ကလေးပြောနေတဲ့ စကားကို သေချာအာရုံစိုက်ပြီး နားထောင်ပါ။ စိတ်မရှည်သလို၊ စိတ်ညစ်သလို မျက်နှာအမူအရာမျိုး မပြပဲ ကိုယ့်ကလေးနဲ့ မျက်လုံးချင်းဆုံပြီး စကားပြောပါ။ ၇။ စကားထစ်တဲ့အခါ သဘောမကျ၊ မကြိုက်တဲ့ ပုံစံမျိုး မပြပါနဲ့။ ကလေးကို စိတ်ပေါ့ပါးစွာ စကားပြောဆိုဖို့အခွင့်အရေးပေးပါ။ ၈။ “အသက်ပြင်းပြင်းရှူပြီးမှ စကားပြောပါ” ၊ “စကားကိုဖြည်းဖြည်းချင်းပြောပါ” ဆိုတဲ့ စကားတွေကို တတ်နိုင်သလောက်ရှောင်ပါ။ မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ကူညီနေတယ်လို့ ထင်ပေမယ့် စကားထစ်နေတဲ့ ကလေးအတွက်တော့ ပိုပြီး ရှိုးတိုးရှန့်တန့် ဖြစ်စေပြီး စိတ်ထဲမှာ ရှက်ရွံ့သလို ဖြစ်နိုင်ပါတယ်။ ၉။ ကိုယ်တိုင်ကလည်း စကားကို ဖြည်းဖြည်းနဲ့ မှန်မှန် ပြောဆိုပါ။ ၁၀။ စကားထစ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး ကလေးနဲ့ တိုင်ပင်ဖို့ ဝန်မလေးပါနဲ့။ သိချင်တာတွေ မေးလာရင်လည်း စိတ်ရှည်ရှည်နဲ့ ပြန်ဖြေပေးပါ။ စကားထစ်တာဟာ လူတော်တော်များများမှာ ပုံမှန်တွေ့နေရတဲ့ ပြဿနာဖြစ်ပြီးအချိန်အတိုင်းအတာ တစ်ခုအပြီးမှာ ဒီအခက်အခဲတွေ ကျော်လွှားသွားနိုင်မယ်ဆိုတာ ကလေးကို ပြောပြပေးပါ။
သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။